၂ဝ၁၈၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (အောက်တိုဘာ၂၂ ရက်နေ့မှ ၂၈-ရက်နေ့အထိ)

၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

လူမှုရေးကိစ္စတွေနဲ့ ရှုပ်ထွေးပြီး မိသားစုနဲ့ စီးပွားရေးကိစ္စတွေကို အာရုံစူးစိုက်မှုအားနည်းနေတဲ့ ကာလဖြစ်ပါတယ်။ အပြင်ထွက်ရတာများသလို ငွေကုန်ကြေးကျလည်း များနေတာကြောင့် အတန် ငယ် စိတ်မောနေရမယ်။ အချစ်ရေး သာယာပါတယ်။

ယတြာ။         ။ မွေးနံထောင့်မှာ စံပယ်ပန်းကပ်လှူပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

မိတ်ဆွေသူငယ်ချင်းအသစ်တွေရရှိမယ့်ကာလ ဖြစ်ပါတယ်။ ရောက်လေရာမှာ ကူညီချင်တဲ့ ခင်မင်သူတွေတိုးမယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပိုမိုကောင်းမွန်တဲ့အောင်မြင်မှုတွေကို ဖန်တီးနိုင်မယ်။

အင်္ဂါနံနဲ့စတဲ့လုပ်ငန်းတွေ အကျိုးပေးမယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ ငွေ ၃ ထောင် ပံ့သကူပစ်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

ပန်းချီ၊ ဂီတ၊ စာပေစတဲ့ အနုပညာနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ အထူးအကျိုးပေးမယ့်ကာလ ဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အနှစ်နှစ်အလလ စောင့်မျှော်နေခဲ့တဲ့ အခွင့်အရေးကောင်းတွေ လက်ခံ ရရှိမယ်။ ကြီးကြီးမားမား ငွေဝင်ကိန်းရှိတယ်။ ထီထိုးပါ။ အချစ်ရေးမှာ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ဖြစ် နေမယ်။

ယတြာ။         ။ မွေးရက်မှာ တစ်ယောက်ယောက်ကို ပျော်ရွှင်အောင် ပြုလုပ်ပေးလိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အဖိုးတန်ပစ္စည်းအပျောက်အရှ ရှိတတ်တယ်။ သတိပြုသိမ်းဆည်းပါ။ ငွေကြေးဆုံးရှုံးရကိန်းရှိ တဲ့အတွက် လူတိုင်းကို အယုံမလွယ်ပါနဲ့။ ပညာရေးဘက်လေ့လာလိုက်စားသူများ ကံကောင်းပါတယ်။ နိုင်ငံရပ်ခြားအထိ ပညာတော်သင်သွားရကိန်းရှိတယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ရေသပ္ပာယ်ပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ကြိုးစားသလောက် အကျိုးအမြတ်မရရှိတာကြောင့် စိတ်လေနေမိမယ့် ကာလဖြစ်ပါတယ်။ စိတ်ဓာတ်မကျပါနဲ့။ ကူညီမယ့်သူတွေပေါ်လာပြီး အခက်အခဲတွေ ပြေလည်သွားမှာပါ။ မိသားစုအလှူ အတန်းနဲ့ဆိုင်တဲ့ကိစ္စအတွက် ခရီးတစ်ခုထွက်ရမယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးနံထောင့်မှာ ရွှေပန်း၊ ငွေပန်း ကပ်လှူပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ ကန်ရာသီဖွား (Virgo )     
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

မိသားစုဝင်တစ်ဦးရဲ့ အမှုကိစ္စတစ်ခုအတွက် ပူပန်သောကရောက်ရတတ်တယ်။ ဝန်ထမ်းဖြစ် ပါက ရာထူးတိုးနဲ့ နေရာပြောင်းရွှေ့ရမယ်။ အထက်အရာရှိအကြီးအကဲ စောင့်ရှောက်မယ်။ ငွေစု၊ ငွေ ချေးကိစ္စတွေမှာ ဝင်မပါပါနဲ့။ ငွေကြေးဆုံးရှုံးရတတ်ပါတယ်။ အချစ်ရေးမှာ နားလည်မှုရှိသူနဲ့ တွေ့မယ်။
ယတြာ။         ။ မွေးရက်မှာ လမ်းဘေးခွေးလေးတွေကို ထမင်းနဲ့ဟင်းကျွေးပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

အစစအရာရာ အဆင်ပြေနေလို့ ပျော်ရွှင်နေရတဲ့ ကာလဖြစ်ပါတယ်။ နေအိမ်သစ်ပြုပြင်ရမယ်။ စက်ပစ္စည်းအသစ်ဝင်မယ်။ အမွေရကိန်း၊ ငွေဝင်ကိန်းရှိတယ်။ ထီထိုးပါ။ နေအိမ်ကို ညအိပ်ညနေ ဧည့်သည်လာရင် သတိပြုပါ။ သူများအမှုထဲ ဝင်ပါရတတ်တယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ ကောက်ညှင်းပေါင်းနဲ့ အကြော်ဆွမ်းလောင်းပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)   
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

အလှူအတန်းတွေ များများပြုရမယ့် ကာလဖြစ်ပါတယ်။ ငွေဝင်ကြမ်းသလို ငွေထွက်လည်း များနေမယ်။ ဆွေမျိုးသားချင်းထဲ မင်္ဂလာကိစ္စပေါ်မယ်။ ပေါ်ရင် ထီထိုးပါ။ ကျန်းမာရေးအနေနဲ့ ဒူးနာ၊ ခါးနာ ဒုက္ခပေးတတ်တယ်။ သတိပြုပါ။ အချစ်ရေး အနေဝေးဖို့ သွေးအေးနေမယ်။

ယတြာ။         ။ မွေးရက်မှာ သူငယ်ချင်းတွေကို ကြေးအိုးတိုက်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေ ကွာဟနေတာကြောင့် အတန်ငယ်စိတ်လေနေမိမယ့် ကာလ ဖြစ်ပါတယ်။ စိတ်ရှည်ရှည်ထားပါ။ အချိန်ကာလတစ်ခုရောက်တဲ့အခါ သင်ရင်းနှီးမြှုပ်နှံထားတာတွေရဲ့ အကျိုးကျေးဇူးတွေကို လက်ခံရရှိမှာပါ။ အချစ်ရေးမှာ မိသားစုနဲ့အဆင်ပြေသူနဲ့ တွေ့မယ်။

ယတြာ။         ။ မွေးရက်မှာ နာမကျန်းသူကို ဆေးဝါးလှူပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

သင့်အရည်အသွေးကောင်းတွေကို ထုတ်ဖော်ပြသဖို့ အခွင့်အရေးကောင်းတွေပေါ်မယ့် ကာ လဖြစ်ပါတယ်။ ရောက်တဲ့နေရာမှာ ဦးဆောင်ဦးရွက်လုပ်ကိုင်ရမယ်။ လက်တွဲခေါ်မယ့် ဆရာသမား ကောင်းတွေတွေ့မယ်။ အချစ်ရေးမှာ ငယ်တဲ့သူနဲ့ဆုံစည်းမယ်။

ယတြာ။         ။ မွေးရက်မှာ လိုအပ်နေသူတစ်ဦးကို ကူညီပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

         အပြောတစ်မျိုး၊ အလုပ်တစ်မျိုးလူတွေကြောင့် အလုပ်လုပ်ရတာ စိတ်ကသိကအောက်ဖြစ်နေမယ်။ အပေါ်ယံလူတွေအတွက် စိတ်အနှောင့်အယှက်မဖြစ်မခံဘဲ သင်လုပ်စရာရှိတာကို ကြိုးစားလုပ်ကိုင်လိုက်ပါ။ ငွေဝင်ကိန်းရှိတယ်။ ထီထိုးပါ။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။        ။ မွေးရက်မှာ အဖြူရောင်အဝတ်အစားဝတ်ပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

လုပ်ငန်းခွင်ထဲမှာစိတ်ဖိစီးမှုတွေကြောင့် အလုပ်လုပ်ရတာ ပင်ပန်းနေမယ်။ နောက်ကျောကို ဓားနဲ့ထိုးတတ်တဲ့ မိတ်တွေတွေကို သတိပြုပါ။ လုပ်ငန်းသစ်လုပ်ကိုင်မယ့်သူများ အစားအသောက်နဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ အကျိုးပေးပါတယ်။ အချစ်ရေးမှာ ညှိနှိုင်းနေရမယ့် အပိုင်းတွေ ရှိမယ်။

ယတြာ။         ။ မွေးရက်မှာ ပရဟိတတစ်ခုခုလုပ်ပါ။

တိုက်ဆိုင်တာလေးတွေပါနေတယ်ဆိုရင် SHARE လိုက်ပါဦးနော်။