“အချစ်စစ်” ကို ဘယ်လိုရှာဖွေကြမလဲ

blank
၁။ သင့်ကိုယ်သင်ချစ်ပါ။

သင်က ဘယ်လိုလူပဲဖြစ်နေပါစေ၊ နှလုံးသားတစ်ခုလုံးနဲ့အပြည့် သင့်ကိုယ်သင် ချစ်လိုက်ပါ။ သင့်ကိုယ်သင် ကောင်းမွန်စွာဆက်ဆံပါ။ ဒါဆိုရင် သင့်ဘေးမှာရှိတဲ့လူတွေကလည်း သင့်အပေါ် ကောင်းမွန်စွာဆက်ဆံကြလိမ့်မယ်။ သင့်ကိုယ်သင်အရင်မချစ်ဘဲနဲ့ တခြားသူဆီကအချစ်ကို မျှော်လင့် လို့ မရပါဘူး။ ရခဲ့ရင်တောင် အပြည့်အဝမဟုတ်ပါဘူး။ အချစ်ဆိုတာ အချစ်ရှိရာကိုပဲလာတာမို့ သင့် ကိုယ်သင်အတွက် အချစ်တွေကို အရင်တည်ဆောက်လိုက်ပါ။

၂။ ပြီးပြည့်စုံတဲ့အချစ်စစ်ကို သင့်ကိုယ်ထဲမှာရှာဖွေပါ။

တကယ်တော့ သင်က ပြည့်စုံပြီးသားဖြစ်ပါတယ်။ သင့်ဖြစ်တည်မှုကို အရှိအတိုင်းလက်ခံ တတ်ဖို့၊ သင့်ကိုယ်သင် ချစ်တတ်ဖို့သာ ပိုမိုသင်ယူရမှာပါ။ ဒါကြောင့် ပြီးပြည့်စုံတဲ့အချစ်ရရှိဖို့ တခြား တစ်ယောက်ထံမှာ ရှာဖွေစရာမလိုပါဘူး။ သင့်ဆီက ပြီးပြည့်စုံတဲ့အချစ်ကို မျှဝေဖို့အတွက်သာ တစ်စုံ တစ်ယောက်ကို သင်လိုအပ်တာပါ။

၃။ သင့်ဘဝရဲ့အချစ်ဆိုတာ သင်ကိုယ်တိုင်ပါ။

အချစ်စစ်ရဲ့စတင်မြစ်ဖျားခံရာက သင်ကိုယ်တိုင်ပါ။ သင့်ဘဝရဲ့ အချစ်စစ်ဆိုတာ သင်ကလွဲပြီး တခြားသူမဟုတ်ပါဘူး။ ဘဝဆိုတာ မှန်တစ်ချပ်လိုပါပဲ။ မှန်ကြည့်တိုင်းပြန်မြင်ရမှာက သင့်ကိုယ်သင် ပါ။ ဒါကြောင့် သင့်ကိုယ်သင် စစ်မှန်တဲ့အချစ်နဲ့ချစ်ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ အချစ်စစ်ရဖို့ တိုက်ခိုက်စရာမလိုပါ။

တစ်စုံတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် အဲ့ဒီအချစ်ကိုရဖို့ တိုက်ခိုက်ရဲရမယ်ဆိုတဲ့စကား ကြားဖူးကြပါတယ်။ တကယ်တော့ တိုက်ခိုက်မှပိုင်ဆိုင်ရမယ်ဆိုရင် အဲ့ဒါ အချစ်စစ်မဟုတ်တော့ပါဘူး။ အချစ်ရဲ့သဘောက ကြင်နာမှု၊ စိတ်ရှည်သည်းခံမှုဖြစ်ပါတယ်။

၅။ အချစ်စစ်ဆိုတာ အလိုအလျောက်ဖြစ်ပေါ်လာတဲ့အရာပါ။

အချစ်စစ်မှန်ရင် ကြိုးပမ်းအားထုတ်ယူစရာ မလိုပါဘူး။ အရာရာဟာ နှလုံးသားထဲကနေ သဘာဝအတိုင်း စီးဆင်းလာတာဖြစ်ပါတယ်။ ဖန်တီးယူလို့မရသလို ဖျက်ဆီးပစ်လို့လည်း မရပါဘူး။ အချစ်စစ်ဆိုတာ အဆိပ်အတောက်ဆန်တဲ့အပြုအမူတွေမပါဝင်တဲ့ အချစ်သက်သက်ပဲဖြစ်ပါတယ်။

၆။ အချစ်စစ်ဆိုတာ ချုပ်နှောင်ခြင်းကင်းတဲ့အရာပါ။

အချစ်စစ်မှန်ရန် ချုပ်နှောင်ခြင်း၊ အတင်းအကြပ်တောင်းဆိုခြင်းတွေ မရှိပါဘူး။ တစ်စုံတစ် ယောက်ကို ချုပ်ကိုင်ထားဖို့ အချစ်က စိတ်မဝင်စားပါဘူး။ ချုပ်ကိုင်ထားတယ်ဆိုရင်လည်း အဲ့ဒါကို အချစ်လို့ အဓိပ္ပာယ်ဖွင့်ဆိုလို့မရတော့ပါဘူး။ အဲ့ဒါက အတ္တသာဖြစ်ပါတယ်။

ကဲ… သင်နားလည်ခံစားမိတဲ့ “ အချစ်စစ်” ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်လေးကကော ဘာများ ဖြစ်မလဲ။ comment box မှာ မျှဝေခဲ့ပါဦးနော်။