လှပတဲ့အရာတွေကို ခံစားလိုပါသလား။ မကောင်းမြင်မှုတွေနားကနေ လှည့်ပြန်ခဲ့လိုက်ပါ။

blank

စာဖတ်ပရိသတ်ကြီးရေ…

မျက်မှန်မည်းကို တပ်ထားပြီး နေရောင်ခြည်ရဲ့ လင်းလက်မှုတွေကို ခံစားလို့မရသလို ဘဝရဲ့ လှပတဲ့အရာတွေကိုခံစားချင်တယ်ဆိုရင် အဆိုးမြင်စိတ်တွေကို ဖယ်ရှားပစ်ဖို့လိုပါတယ်။

မကောင်းမြင်စိတ်ရှိတဲ့သူတွေနဲ့ ဝန်းရံထားသရွေ့ ကိုယ်ကိုယ်တိုင်က မကောင်းမြင်စိတ်တွေရှိနေသေးသရွေ့ လှပတဲ့ဘဝတစ်ခုကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ မကောင်းမြင်စိတ်ရှိတဲ့သူတွေကို ဘဝထဲက ဖယ်ရှားတာက သူတို့ကိုမလေးစားတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ့်ကိုလေးစားမှုရှိတာပါ။

ကိုယ့်ဝန်းကျင်မှာရှိတဲ့သူတစ်ယောက်က မကောင်းမြင်မှုတွေနဲ့ ပြည့်နေတယ်ဆိုရင် ကိုယ့်ဘဝကိုလည်း မကောင်းမြင်မှုတွေနဲ့ ရိုက်ခတ်မယ်။ ဒါ့ကြောင့် မကောင်းတဲ့ အငွေ့အသက်တွေကို ဖယ်ရှားချင်တယ်ဆိုရင် ကိုယ့်ဘဝကို မကောင်းမြင်စိတ်တွေ ကူးစက်စေတဲ့ ကိုယ့်စိတ်ထဲကို အမှိုက်တွေလာလာသွန်နေကြတဲ့သူတွေကို အရင်ဆုံးကျောခိုင်းနှုတ်ဆက်ဖို့ လိုပါလိမ့်မယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကောင်းမွန်တဲ့ဘဝဆိုတာ အကောင်းမြင်စိတ်တွေပါပဲ။

ကောင်းမွန်တဲ့ဘဝဆိုတာ အကောင်းမြင်တတ်တဲ့သူတွေနဲ့ ဝန်းရံထားခြင်းပါပဲ။

ကိုယ်ကပျော်ရွှင်ချင်တယ်။ ပိုပြီးတိုးတက်ချင်တယ်ဆိုရင်တော့ မကောင်းမြင်မှုတွေကို နေရာဖယ်ခိုင်းပြီး ကောင်းမွန်တဲ့အရာတွေကို ဝင်ခွင့်ပေးလိုက်ပါ။