သင့်ရာသီခွင်က ပြောပြနေတဲ့ သူငယ်ချင်းတွေအပေါ်ထားတဲ့ သင့်ရဲ့စိတ်ထား

blank
၁။ မိဿရာသီဖွား (Aries )

သူငယ်ချင်းတွေရဲ့ လျှို့ဝှက်ချက်တွေကို နှုတ်လုံလုံနဲ့ ထိန်းပေးထားတတ်တယ်။ သူငယ်ချင်းတွေကြားမှာ တွေ့ဆုံပွဲလုပ်ဖို့၊ အတူတူလျှောက်လည်ဖို့ ဦးဆောင်ပြီး အစီအစဉ်ဆွဲတတ်တယ်။ အစီအစဉ်အတိုင်းဖြစ်မလာရင်လည်း စိတ်မရှည်ဘဲ သူငယ်ချင်းတွေကို စိတ်ကောက်တတ်သေးတယ်။

၂။ ပြိဿရာသီဖွား (Taurus )

လူတိုင်းကို မခင်တတ်ဘူး။ ဒါပေမဲ့ တကယ်ခင်သွားပြီဆိုရင်လည်း သံယောဇဉ်ကြီးကြီးထားပြီး စိတ်ရောကိုယ်ပါ ပေါင်းတတ်တယ်။ သူငယ်ချင်းတွေအပေါ်သစ္စာရှိသလို သူငယ်ချင်းတွေကလည်း ကိုယ့်အပေါ်သစ္စာရှိမယ်လို့ မျှော်လင့်ထားတတ်တယ်။ ချစ်ရတဲ့သူငယ်ချင်းအပေါ်မှာလည်း သဝန်တိုစိတ်လေးတွေ ရှိတတ်တယ်။

၃။ မေထုန်ရာသီဖွား (Gemini)

တစ်နေရာရာသွားတော့မယ်၊ တစ်ခုခုလုပ်တော့မယ်ဆိုရင် သူငယ်ချင်းတွေကို ဦးစားပေးတတ်တယ်။ စိတ်တူကိုယ်တူ အကြိုက်တူတဲ့သူငယ်ချင်းတွေ ပိုင်ဆိုင်ထားတတ်တယ်။ တစ်ယောက်တည်းနေရင် အေးဆေးသလိုထင်ရပေမဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းမိတဲ့အခါ တကယ့်ကို ခပ်ကဲကဲကောင်မလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားတတ်တယ်။

၎။ ကရကဋ်ရာသီဖွား (Cancer)

သူငယ်ချင်းတွေ ရင်ဖွင့်ပြောပြသမျှတွေကို စိတ်ရှည်လက်ရှည်နဲ့ နားထောင်ပေးပြီး အကြံဉာဏ်ကောင်းတွေ ပေးတတ်သူပါ။ သူငယ်ချင်းနဲ့ သူ့ချစ်သူ ရန်ဖြစ်တိုင်း အကြံဉာဏ်တွေပေးရပေမဲ့ ပြန်ပြေလည်သွားတဲ့အခါ ကိုယ်ကဗီလိန်ကြီးလို အပြောခံရတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူငယ်ချင်းတွေအပေါ် အခင်မပျက်ရှိနေတတ်ပါတယ်။

၅။ သိဟ်ရာသီဖွား (Leo)

        ကိုယ်ပိုင်အတွေ့အကြုံ အဖြစ်အပျက်မှန်သမျှကို သူငယ်ချင်းတွေကို ဖွင့်ပြောပြလိုက်ရမှ နေသာထိုင်သာရှိတယ်လို့ ထင်တတ်ကြတယ်။ ဘာကိစ္စပဲရှိရှိ သူငယ်ချင်းတွေဆီကနေ အကြံဉာဏ်တောင်းခံတယ်။ ဒါပေမဲ့ နောက်ဆုံး ကိုယ့်အကြံနဲ့ကိုယ် လုပ်ဆောင်လိုက်တတ်ကြတယ်။ သူငယ်ချင်းတွေကြားမှာ ထင်ပေါ်တဲ့သူလည်းဖြစ်ပါတယ်။

၆။ ကံရာသီဖွား (Virgo )

သူငယ်ချင်းတွေကြားမှာ စိတ်ဓာတ်ခိုင်မာပြတ်သားသူလို့ နာမည်ကြီးသူပါ။ သူငယ်ချင်းတွေက ပြဿနာတစ်ခုခုကို တိုင်ပင်လာရင် ပြဿနာဖြစ်ရတဲ့အကြောင်းရင်းထက် ဖြေရှင်းနိုင်မယ့်နည်းလမ်းကို ချပြနိုင်သူပါ။ သူငယ်ချင်းတွေအပေါ် စိုးရိမ်စိတ်နဲ့ အမုန်းခံပြီး ဆုံးမတတ်တယ်။

၇။ တူရာသီဖွား (Libra)

        သူငယ်ချင်းတွေရဲ့ ဖက်ရှင်ဒီဇိုင်နာကြီးပေါ့။ ခေတ်မီဖက်ရှင်တွေ၊ ပြင်ဆင်ခြယ်သပုံတွေကို လေ့လာပြီး သူငယ်ချင်းတွေကို အလှဆုံးဖြစ်အောင် ပြင်ဆင်ပေးတတ်တယ်။ သူငယ်ချင်းတွေ ဆုံတာနဲ့ shopping ထွက်ဖို့လောက်ပဲ တွေးနေတတ်သူပါ။ “သူငယ်ချင်းထိ ဓားကြည့်” ဆိုတဲ့စိတ်ဓာတ်ရှိသူလည်း ဖြစ်ပါတယ်။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

သူငယ်ချင်းဆိုတဲ့ ဝေါဟာရကို လေးလေးနက်နက် သဘောထားတတ်သူပါ။ တစ်ကြိမ်ခင်လိုက်တာနဲ့ တစ်သက်လုံးသူငယ်ချင်းဖြစ်သွားပြီလို့ မှတ်ယူထားသူလည်းဖြစ်ပါတယ်။ သူငယ်ချင်းတွေကို အလွယ်တကူ မယုံကြည်တတ်ဘူး။ ဒါပေမဲ့ ယုံကြည်သွားပြီဆိုရင်လည်း ဘာကြောင်းကြောင့်မှ သံသယမဖြစ်တော့ပါဘူး။

၉။ ဓနုရာသီဖွား (Sagittarius )

သူငယ်ချင်းတွေဆုံပြီး အတူတူလျှောက်လည်ဖို့ လူစုတဲ့နေရာမှာ ဆရာတစ်ဆူပါ။ လျှောက်လည်ဖို့ စိတ်မပါတဲ့သူငယ်ချင်းကိုတောင် စိတ်ပါအောင်ဆွဲဆောင်နိုင်တယ်။ သူငယ်ချင်းတွေအကြားမှာ ထင်ပေါ်ပြီး သူငယ်ချင်းတွေရဲ့ကိစ္စတွေကို လိုက်လုပ်ပေးရင်း အလုပ်တွေရှုပ်နေတာကို ကျေနပ်နေတတ်တယ်။ ပေါင်းသင်းဆက်ဆံရေားကောင်းမွန်မှုကြောင့် လူချစ်လူခင်ပေါတယ်။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

သူငယ်ချင်းတစ်ယောက်ယောက် အခက်အခဲတွေ့နေရင်ကို ကိုယ့်တာဝန်မကင်းဘူးလို့ ယူဆပြီး ကာယကံရှင်ထက် ပိုစိတ်ပူတတ်သူပါ။ ဘာလုပ်လုပ် တိကျသေချာပြီး အမျှော်အမြင်ရှိတာကြောင့် သူငယ်ချင်းတွေရဲ့ ယုံကြည်ကိုးစားမှုကို ရရှိထားသူပါ။ သူငယ်ချင်းတွေကို အကောင်းဆုံး စိတ်ဓာတ်ခွန်အားပေးနိုင်သူလည်းဖြစ်ပါတယ်။

၁၁။ ကုံရာသီဖွား (Aquarius )

သူငယ်ချင်းတွေအပေါ် ဘာမျှော်လင့်ချက်မှ မထားဘဲ အမြဲပေးဆပ်နေတတ်သူဖြစ်ပါတယ်။ အကူအညီနည်းနည်းလောက်တောင်းမိရင်တောင် များများကူညီတတ်တဲ့ စေတနာရှင်ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်လိုအပ်တဲ့အချိန်မှာတော့ ကိုယ့်နားမှာ ဘယ်သူမှရှိမနေတတ်ပါဘူး။

၁၂။ မိန်ရာသီဖွား (Pisces)

ကိုယ့်စိတ်အခြေအနေဘယ်လိုပဲရှိရှိ သူငယ်ချင်းမှာ စိတ်ဆင်းရဲစရာရှိရင် အတူတူလိုက်ငိုပေးတယ်၊ ပျော်စရာရှိရင် အတူတူရယ်မောပေးတယ်။ သူငယ်ချင်းတွေရဲ့ စိတ်ခံစားချက်ကို ရှေ့တန်းတင်တတ်တဲ့သူပါ။ သူငယ်ချင်းတွေဆုံတာနဲ့ အသစ်အတန်းတစ်ခုခုလုပ်ဖို့ အမြဲတမ်းတိုက်တွန်းတတ်သူလည်းဖြစ်ပါတယ်။

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ။ သင်ကရော ဘယ်လိုသူငယ်ချင်းမျိုးလဲ။ မှန်တယ်ဆိုရင် SHARE လိုက်ပါနော်။ အချစ်ဆုံးသူငယ်ချင်းတွေကို mention ခေါ်ဖို့လည်း မမေ့နဲ့နော်။