သူများပြောတာတွေပဲ ငေးမနေရအောင် ဒါလေးတွေဖတ်ထားပါ။

blank

၁။ ပုံမှန်အားဖြင့် သာမန်လူတစ်ယောက်မှာ အခင်ဆုံးသူငယ်ချင်း ၃ ယောက်ကနေ ၅ ယောက်အထိ ရှိပြီး သူ့ဝန်းကျင်မှာ သူမုန်းတဲ့လူတစ်ယောက်လည်း ရှိနေတတ်တယ်။

၂။ စိတ်ပညာအရ ဗွီဒီယိုဂိမ်းတွေကစားပေးတာဟာ တီထွင်ဖန်တီးမှုစွမ်းရည်ကို ပိုအားကောင်းစေပါ တယ်။

၃။ အထေ့အငေါ့စကားတွေကို နားလည်လွယ်တဲ့သူတွေဟာ လူတွေရဲ့စိတ်ကိုလည်း ကောင်းကောင်း ဖတ်နိုင်ကြတယ်။

၎။ IQ မြင့်တဲ့အမျိုးသမီးအများစုအိမ်ထောင်ဖက်ရှာတွေ့ဖို့ ခဲယဉ်းကြတာဟာ စိတ်တိုင်းမကျတဲ့ ယော က်ျားတစ်ယောက်နဲ့အတူရှိနေမယ့်အစား တစ်ယောက်တည်းနေရတာကို ပိုကြိုက်ကြလို့ဖြစ်တယ်။

၅။ နှစ်သက်ရာဂီတတူတဲ့ မိန်းမတစ်ယောက်နဲ့ယောက်ျားတစ်ယောက်ဟာ ဆက်ဆံရေးပိုကောင်းပြီး အချစ်ရေးလည်း ပိုခိုင်မြဲလေ့ရှိတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ စိတ်ပညာရှင်တွေရဲ့အဆိုအရ လိမ်ညာနေသူတစ်ယောက်ရဲ့မျက်လုံးဟာ ညာဘက်ထောင့်ကို ကပ် နေပါတယ်။

၇။ လူတွေသေဆုံးပြီး ၇ မိနစ်အထိ ဦးနှောက်ကလှုပ်ရှားနေသေးတာဟာ ကုန်လွန်ခဲ့တဲ့အတိတ်ရဲ့ အဖြစ်အပျက်တွေက အိပ်မက်လို လှုပ်ရှားကျန်နေခဲ့လို့ ဖြစ်တယ်။

၈။ အနမ်းဟာ ချစ်သူနှစ်ဦးကြားက ခံစားချက်တွေကို ပိုခိုင်မြဲစေတဲ့ဦးနှောက်ဟော်မုန်းဖြစ်တဲ့ အောက် ဆီတိုဇင်(Oxytocin) ကို ထုတ်လွှတ်ပေးပါတယ်။

၉။ ၇ဝ%သောလူတွေက သီချင်းဟောင်းတွေနားထောင်ရတာကို နှစ်သက်ကြတာဟာ သူတို့ရဲ့ အတိတ်အမှတ်တရတွေနဲ့ ဆက်စပ်နေလို့ဖြစ်တယ်။

၁ဝ။ သိပ္ပံပညာရှင်တွေရဲ့အဆိုအရ ပျင်းရိခြင်းဆိုတာ ဆယ်ကျော်သက်တစ်ယောက်အတွက် အပြု အမူဆိုးမဟုတ်ဘဲ ရှိတတ်တဲ့ပုံမှန်အမူအကျင့်တစ်ခုသာဖြစ်တယ်။

သိမှတ်စရာလေးတွေကို မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။