ကျန်းမာရေးနဲ့ညီညွှတ်စွာစားသောက်နိုင်စေမယ့် နည်းလမ်းကောင်းလေးများ

blank
၁။ မနက်စာမစားဖြစ်ဘူးလား။

နှံစားပြောင်းနဲ့ပြုလုပ်ထားတဲ့ပေါင်မုန့်၊ မြေပဲထောပတ်၊ ငှက်ပျောသီးနဲ့ နို့တစ်ဖန်ခွက်ကို တစ် ပတ်လုံး သောက်လိုက်ပါ။


၂။ အမျှင်ဓာတ်(fibre) ပိုစားဖြစ်ဖို့ ကြိုးစားနေလား။

ထမင်းဖြူအစား ဆန်လုံးညို၊ ဒါမှမဟုတ် အီတလီခေါက်ဆွဲလို့ခေါ်တဲ့ ပါစတာ(pasta) ကို အနည်းဆုံး တစ်ပတ်မှာ တစ်ကြိမ်စားပေးလိုက်ပါ။


၃။ အသီးအရွက်တွေပိုစားဖို့ ကြိုးစားနေလား။

ဟင်းနုနယ်၊ ပန်းဂေါ်ဖီစိမ်း၊ ဆလတ်ရွက်၊ ပဲစေ့စတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကို တစ်ပတ်တာလုံး စားပေးလိုက်ပါ။


၎။ အိမ်မှာပဲ ပိုပြီးချက်ပြုတ်စားချင်နေလား။

ဒီတစ်ပတ်ရဲ့ညစာတွေအတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ဟင်းလျာစာရင်းအသစ်တစ်ခုကို ပြု လုပ်ထားလိုက်ပါ။


၅။ အသားလျှော့ပြီး ပဲစေ့တွေပိုစားချင်နေလား။

ပဲပိစပ်၊ ပဲတောင့်ရှည်၊ ပဲသီးစဖြင့် ပဲစေ့မျိုးစုံအသုံးပြုဖို့ ကြိုးစားကြည့်လိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။


၆။ မကြာခဏအပြင်ထွက်စားနေတာကို လျှော့ချဖို့ ကြိုးစားနေလား။

အလုပ်သွားတဲ့အခါ အိမ်ကနေ နေ့လယ်စာထမင်းဘူး တစ်ပါတည်းယူသွားလိုက်ပါ။


၇။ ပိုပြီးတက်ကြွချင်လား။

အဖော်တစ်ယောက်နဲ့အတူ ၁၅ မိနစ်ကြာအောင် လမ်းလျှောက်ပါ။ တစ်ပတ်ကို နှစ်ကြိမ် လျှောက်ပါ။


၈။ ကိုယ်အလေးချိန်ကို ထိန်းဖို့ ကြိုးစားနေလား။

ထမင်းအပြင် သရေစာစားတာကို ရှောင်ကြဉ်ပါ။


၉။ အိမ်မှာပဲ ကျန်းမာရေးနဲ့ညီညွှတ်အောင် ပိုစားချင်လား။

ချက်ပြုတ်တဲ့အခါ ဆီလျှော့လိုက်ပါ။


၁ဝ။ ကော်ဖီသောက်တဲ့အခါ ကျန်းမာရေးနဲ့ပိုညီညွှတ်ချင်လား။

ကော်ဖီသောက်တဲ့အခါ နို့ဆီအစား နို့မှုန့်ကို အသုံးပြုလိုက်ပါ။

ကျန်းမာရေးဆိုင်ရာဗဟုသုတလေးတွေ မျှဝေဖို့ ဒီစာစောင်ကို SHARE လိုက်ပါဦးနော်။