သိပ္ပံနည်းအရ ချစ်သူကို ဆွဲဆောင်ထားနိုင်မယ့် အရည်အချင်းလေးများ

blank
၁။ ဟာသဉာဏ်ရွှင်ခြင်း

လေ့လာချက်တွေအရ အမျိုးသမီးပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ် ဟာသဉာဏ်ရွှင်တယ်ဆိုရင် သူများတွေထက်ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ သိရပါတယ်။ အကြောင်းရင်းကတော့ ဟာသဉာဏ်ရွှင်တယ်ဆိုတာ သူများတွေထက်ပိုဉာဏ်ကောင်းတယ်လို့ သတ်မှတ်ထားကြလို့ပါ။

၂။ အသိအမှတ်ပြုပေးတတ်ခြင်း

တစ်ယောက်ယောက်က သင့်ကို ကြိုက်နေပြီဆိုတာသင်သိရင် သင့်မျက်လုံးထဲမှာ အဲဒီတစ်ယောက်က အရင်တုန်းကထက်ပိုပြီး ဆွဲဆောင်မှုရှိလာတယ်လို့ မထင်မိဘူးလား။ ဒါဟာ သင့်စိတ်ထဲမှာ သူ့ကို အသိအမှတ်ပြုပေးလိုက်လို့ပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ စိတ်လှုပ်ရှားစရာတွေကို အတူတကွလုပ်ဆောင်ခြင်း

ဈေးကြီးတဲ့ ညစာကို အတူတူစားမယ့်အစား စိတ်လှုပ်ရှားစရာကိစ္စတစ်ခုခုကို အတူတူ လုပ်လိုက်ပါ။ စိတ်လှုပ်ရှားပြီး နှလုံးခုန်တဲ့အခါ adrenaline ပမာဏ မြင့်တက်သွားပြီး စိတ်ချင်း ပိုမိုနီးစပ်စေပါတယ်။

၎။ အတွင်းကျကျအကြောင်းအရာတွေ ဝေမျှပြောပြခြင်း

ကလေးဘဝအမှတ်ရစရာတွေ ပြောပြတာမျိုး၊ ကိုယ်ကြိုက်တဲ့အရာတွေ မကြိုက်တဲ့အရာတွေကို ပြောပြတာမျိုး၊ ပြီးတော့ အတူတူခရီးသွားတာမျိုးတွေက တစ်ယောက်အကြောင်းတစ်ယောက် အတွင်းကျကျ သိစေပြီး သံယောဇဉ်တွေတိုးစေပါတယ်။

ဒါဟာ တစ်ယောက်နဲ့တစ်ယောက်ကြား ကြွားဝါခိုင်းတာမဟုတ်ပါဘူး။ ရှက်စရာကောင်းတဲ့ ရယ်စရာအဖြစ်အပျက်လေးတွေကို ပြောပြတာကလည်း တစ်ယောက်နဲ့တစ်ယောက်ကြား ရင်းနှီးမှုတိုးစေပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုအကြောင်းအရာလေးတွေ ပြောပြခြင်းက ကိုယ်ဟာ အရာရာပြီးပြည့်စုံတဲ့သူတစ်ယောက်မဟုတ်ဘူးဆိုတာကို အသိပေးလိုက်တာကြောင့်မို့ပါပဲ။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။