ဂန္ထဝင်စာချစ်သူတို့ရေ …
ရင်သားကင်ဆာရောဂါဆိုတာ အမျိုးသမီးထုကို ခြိမ်းခြောက်နေတဲ့ ရောဂါဆိုးကြီး တစ်ခုဖြစ်ပါတယ်။ အဲ့ဒီရင်သားကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းက စောစီးစွာ ရောဂါရှာဖွေခြင်းပါပဲ။ ဒါကြောင့် ဒီစာစောင်လေးကနေ ရင်သားကင်ဆာရောဂါအကြောင်း အသိပညာ ဗဟုသုတလေးတွေကို မျှဝေပေးလိုက်ပါတယ်။
ရင်သားကင်ဆာရောဂါဆိုတာ သင်ဘယ်လို နားလည်ထားပါသလဲ။
ရင်သားကင်ဆာရောဂါက ရင်သားထဲက ဆဲလ်တွေမှာ အကျိတ်လေးတွေ အဖြစ် စတင်ဖြစ်ပေါ်ပါတယ်။ အဲ့ဒီအကျိတ်က တဖြည်းဖြည်းကြီးလာပြီး အနီးအနားက အသားစတစ်ရှူးတွေကို ဖျက်ဆီးပစ်ပါတယ်။ အဲ့ဒီကနေတစ်ဆင့် ခန္ဓာကိုယ်ရဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေကို ပျံ့နှံ့ကူးစက်လာပါတယ်။
ရင်သားကင်ဆာရောဂါကြောင့် ဘယ်လောက်ထိ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်နိုင်ပါသလဲ။
- ရင်သားကင်ဆာက ကနေဒါ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။
- နှစ်စဉ် အမျိုးသမီး ၄၉ဝဝ ယောက်ဟာ ရင်သားကင်ဆာကြောင့် သေဆုံးနေရပါတယ်။
- ရင်သားကင်ဆာက အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။
- နှစ်စဉ် အမျိုးသား ၂၃ဝ ယောက်မှာ ရင်သားကင်ဆာရောဂါကို ရှာဖွေတွေ့ရှိပြီး ၅၅ ယောက် ဟာ သေဆုံးနေပါတယ်။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
ရင်သားကင်ဆာရောဂါရှိလာရင် ဘယ်လိုသိနိုင်မလဲ။
- ရင်သားထဲမှာ အကျိတ်ခဲလေးတွေရှိလာမယ်။
- အကျိတ်ခဲလေးတွေက ပျောက်မသွားဘဲ တစ်ချိန်လုံး ရှိနေမယ်။
- အကျိတ်ခဲလေးတွေက သေးမသွားဘဲ ရာသီသွေးကလည်း ပျောက်သွားမယ်။
- အကျိတ်လေးတွေက မရွေ့နိုင်ဘဲ ဖြစ်မယ်။
- အကျိတ်လေးတွေက မာလာပြီး ပုံစံမမှန် ဖြစ်လာမယ်။
- အကျိတ်ခဲလေးတွေက ပျော့ပျောင်းလာနိုင်ပေမယ့် နာကျင်မှုမရှိဘဲ ဖြစ်မယ်။
- ချိုင်းကြားမှာ အကျိတ်ခဲလေး တစ်ခုရှိလာမယ်။
- ရင်သားအရွယ်အစားနဲ့ ပုံသဏ္ဍာန် ပြောင်းလဲလာမယ်။
- အရေပြားမှာ ပြောင်းလဲမှုတွေ ဖြစ်လာမယ်။
- နို့သီးခေါင်းပုံစံလည်း ပြောင်းသွားမယ်။
ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။