သစ်တောအုပ်နားနေထိုင်သူတွေက ဦးနှောက်ကျန်းမာရေးပိုမိုကောင်းမွန်ကြောင်း လေ့လာတွေ့ရှိရ

blank

နေထိုင်တဲ့ ပတ်ဝန်းကျင်ဒေသအခြေအနေက ဦးနှောက်ဖွဲ့စည်းမှုနဲ့ လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်စေနိုင်တယ်ဆိုရင် ယုံပါသလား။ မှန်ပါတယ်။ တောအုပ်တွေ၊ သစ်ပင်အုပ်တွေနဲ့ နီးတဲ့နေရာမှာနေထိုင်သူတွေက ဦးနှောက်ကျန်းမာရေး ပိုမိုကောင်းမွန်တတ်တယ်ဆိုတာကို မကြာသေးခင်ကပဲ သိပ္ပံပညာရှင်တွေက သုတေသနပြုခဲ့ကြပါတယ်။

ကျေးလက်တင်မကပါဘူး၊ သစ်ပင်တောအုပ်တွေနဲ့ နီးတဲ့ မြို့တွေမှာ နေထိုင်သူတွေတောင် စိတ်ဖိစီးမှုဖြစ်ပေါ်စေတဲ့ ဦးနှောက်ရဲ့အစိတ်အပိုင်းတစ်ခု ပိုမိုကျန်းမာပြီး စိတ်ဖိစီးမှုနည်းပါးကြတာကို တွေ့ရှိရပါတယ်။
တစ်နည်းအားဖြင့်ပြောရရင် စိတ်ခံစားလွယ်သူတွေနဲ့ မကြာခဏ စိတ်ဖိစီးနေတတ်တဲ့သူတွေအနေနဲ့ သစ်ပင်အုပ်တွေနဲ့ နီးတဲ့နေရာမှာ နေထိုင်သင့်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါကြောင့် ဦးနှောက်ဆိုင်ရာ ကျန်းမာရေးကောင်းချင်ရင် ပတ်ဝန်းကျင်နေထိုင်မှုအပေါ်မှာ စိတ်ဝင်တစားရှိသင့်ပါတယ်။ ကျေးလက်ဒေသမှာ နေထိုင်သူတွေကို သုတေသနပြုရာမှာလည်း သဘာဝတရားကြီးနဲ့ နီးကပ်စွာနေထိုင်သူတွေက စိတ်လက်ပေါ့ပါးပျော်ရွှင်ကျန်းမာပြီး ကောင်းမွန်စွာနေထိုင်နိုင်တာကို တွေ့ရပါတယ်။

အလုပ်အကိုင်ကြောင့် သစ်ပင်တောအုပ်တွေနားမှာ မနေနိုင်ဘူးဆိုရင်လည်း အားလပ်ရက်တွေမှာ သစ်တောအုပ်တွေ၊ တောင်တန်းတွေရှိတဲ့နေရာကို အပန်းဖြေခရီး မကြာခဏထွက်ပေးနိုင်ပါတယ်။

သင်ကော…

သင်ကြိုက်တဲ့နေရာမှာ နေလို့ရတယ်ဆိုရင် ဘယ်လိုပတ်ဝန်းကျင်နေရာမျိုးမှာ နေချင်လဲ။

Comment box မှာ ဖြေခဲ့နော်။