စာချစ်သူတို့ ရေ…..
နေ့ စဉ်ရက်ဆက်စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာပင်ပန်းမှုတွေနဲ့ ဖိစီးလာတဲ့အခါခြေကုန်လက်ပန်းကျသည်အထိပင်ပန်းသွားတတ်ပါတယ်။အဲ့ဒီလိုအခြေအနေမျိုးနဲ့  ကြုံလာရတဲ့အခါသင့်ကိုယ်သင် ခွန်အားပြန်ပြည့်လာအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတချို့ ကိုတင်ဆက်ပေးလိုက်ပါတယ်။
၁။ အိပ်စက်ပါ။
အိပ်စက်ဖို့ က အရေးကြီးပါတယ်။ သင့်ခန္ဓာကိုယ်ကစက်တစ်ခုလိုပါပဲ။ အနားပေးဖို့ လိုသလိုဂရုတစိုက်နဲ့ ပြုပြင်ထိန်းသိမ်းပေးဖို့ လိုပါတယ်။ သင်ကောင်းကောင်းအနားယူမယ်ဆိုရင် သင် အလုပ်မှာလည်းပိုအောင်မြင်လာနိုင်ပါတယ်။
၂။ ကော်ဖီသောက်တာကိုလျော့ချပါ။
ကော်ဖီသောက်ခြင်းကစိတ်ကိုနှိုးကြားစေတာမှန်ပေမယ့် သင့်ရဲ့ ပြဿနာတွေကိုဖြေရှင်းမပေး နိုင်ပါဘူး။ ကော်ဖီသောက်လိုက်တာကသင့်ကိုလန်းဆန်းလာစေတယ်လို့  ခံစားရနိုင်ပေမယ့် ခဏတဖြုတ်လောက်ပါပဲ။ သင့်ကိုယ်သင် အားပြည့်လန်းဆန်းဖို့  ကော်ဖီသောက်တတ်တဲ့ အကျင့်ကိုလျှော့ချပါ။
ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၃။ အသစ်တစ်ခုခုကိုသင်ယူပါ။
အသစ်တစ်ခုခုကိုသင်ယူဖို့ ရှာဖွေခြင်းကသင့်ကိုပျော်ရွှင်စေပါလိမ့်မယ်။ သင့်ဘဝမှာစိတ်လှုပ်ရှားစေမယ့် အရာတွေကိုရှာဖွေပြီးအသစ်တွေကိုအမြဲသင်ယူပါ။
၎။ လမ်းသစ် ဖောက်ထွက်ပါ။
သင့်ကိုယ်သင် အရည်အသွေးနိမ့်ကျလာတယ်လို့ ခံစားလာရရင် ပြောင်းလဲဖို့ ကြိုးစားပါ။ သင်လုပ်နိုင်တယ်လို့ သင့်ကိုယ်သင် ယုံကြည်ထားတဲ့ အနာဂတ်တစ်ခုကိုလမ်းသစ် ဖောက်ထွက် လိုက်ပါ။
၅။ အာဟာရပြည့်ဝအောင် စားသုံးပါ။
သင်စားလိုက်တဲ့ အစားအစာကသင့်ခန္ဓာကိုယ်ရဲ့ စွမ်းအင်ပြည့်ဝမှုနဲ့ တိုက်ရိုက် အချိုးကျနေပါတယ်။ သင့်နေလည်စာကိုအချိန်ယူပြီးအေးအေးဆေးဆေးစားပါ။ သင်နှစ်သက်တဲ့ အစားအစာတွေကိုကျန်းမာရေးနဲ့ ညီညွတ်စွာစားသောက်ပါ။
၆။ တက်တက်ကြွကြွနေပါ။
လေ့ကျင့်ခန်းလုပ်တာကသင့်အလုပ်တွေကိုပိုပြီးအသက်ဝင်စေမယ့်အပြင် ကောင်းကောင်းအိပ်ပျော်စေပါတယ်။ ဒါ့ကြောင့် ကောင်းကောင်းအနားယူပါ။ မနက်ခင်းတိုင်းတက်ကြွစွာနိုးထစေဖို့ လေ့ကျင့်ခန်းလုပ်ပါ။
ဒီစာစောင်ကို နှစ်သက်တယ်ဆိုရင် LIKE & SHARE လုပ်ပေးပါဦး။