အညောင်းထိုင်ရသူတိုင်းသိထားသင့်တဲ့ ကျန်းမာရေးအတွက် ဆိုးကျိုးများ

blank

စာချစ်သူတို့ရေ…

လူအများစုတွေးကြတာကတော့ အလုပ်တွေအားလုံးထဲမှာ အမိုးအကာအောက်မှာ ကွန်ပျူ တာ၊ ဖုန်းနဲ့ အေးအေးလူလူအလုပ်လုပ်နေရတဲ့ ရုံးဝန်ထမ်းအလုပ်က သက်တောင့်သက်သာနဲ့ ထိ ခိုက်မှုအနည်းဆုံးလို့ပါ။ တကယ်တော့ မမှန်ပါဘူး။ တစ်နေကုန်ညောင်းနေအောင်ထိုင်ပြီး အလုပ် လုပ်နေတဲ့ရုံးသမားတွေအတွက် ကျန်းမာရေးထိခိုက်လာစေမယ့်အန္တရာယ်တွေက အများကြီးရှိ နေတာပါ။

တင်ပါးဆုံကြွက်သားသေတဲ့ရောဂါလို့ အများသိကြတဲ့ တင်ပါးဆုံကြွက်သားဆိုင်ရာရောဂါတွေ ဟာ နာရီကြာမြင့်စွာထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေမှာ ဖြစ်ဖို့အခွင့်အလမ်းများပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ထိုင်နေစဉ်မှာ တင်ပါးဆုံကြွက်သားတွေဟာ ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေနဲ့ ကူးလူး ဆက်နွှယ်မှုမရှိတော့ဘဲ ရပ်ဆိုင်းထားလို့ ဖြစ်ပါတယ်။ ကြွက်သားဆိုင်ရာရောဂါတွေဟာ ခါးအလယ် ပိုင်း၊ ဒူးနှစ်ဖက်၊ တင်ပါးဆုံစတဲ့နေရာတွေဆီကနေ နာကျင်လာမှုကနေ စတင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

လူ့ခန္ဓာကိုယ်ဆိုတာ စနစ်တကျဖွဲ့စည်းထားတာဖြစ်တဲ့အတွက် အစိတ်အပိုင်းတစ်ခုခု ပျက်စီး ရင် ခန္ဓာကိုယ်တစ်ခုလုံး ဝေဒနာဖြစ်ရပါတယ်။ တင်ပါးဆုံကြွက်သားတွေဟာ လှုပ်ရှားနေချိန်အတွင်း မှာ သားရေပတ်လိုမျိုး အလုပ်လုပ်ပါတယ်။ အဲ့ဒီတင်ပါးဆုံကြွက်သားတွေ အားနည်းလာရင် လှုပ်ရှားရ တာဟန်ချက်မညီညာတော့တဲ့အပြင် ထိခိုက်ဒဏ်ရာရစေမှုအထိပါ ဦးတည်နိုင်ပါတယ်။ အဲ့ဒီရောဂါရှိ မ ရှိစမ်းသပ်ကြည့်ဖို့ နည်းလမ်းက လွယ်ကူပါတယ်။ မတ်တပ်ရပ်ပြီး ခြေထောက်တစ်ဖက်ကို မကြည့်ပါ။ အဲ့ဒီခြေထောက်ဘက်က တင်ပါးဆုံအောင့်မျက်နေမယ်။ ကြွက်သားတွေကလည်း အားနည်းနေမယ် ဆိုရင်တော့ တင်ပါးဆုံကြွက်သားတွေနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အညောင်း ထိုင်သမားများအနေနဲ့ ကြွက်သားရောဂါတွေမဖြစ်အောင် သတိပြုဆင်ခြင်ဖို့ဆိုရင်…

  • ထိုင်တဲ့အခါ အနည်းဆုံး ၂ နာရီခြားတစ်ခါ ၅ မိနစ်မှ ၁၅ မိနစ်ကြာအောင် မတ်တပ်ရပ်ပေးပါ။
  • လှေကားအတက်အဆင်းကို အနည်းဆုံးတစ်ရက် နှစ်ကြိမ်လုပ်ပေးပါ။
  • ထိုင်ထလုပ်တာ၊ ခြေထောက်ဆန့်တန်းတာလိုမျိုး တင်ပါးဆုံကြွက်သားတွေ သန်မာစေမယ့် လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။
  • တင်ပါးဆုံကြွက်သားတွေတောင့်တင်းစေဖို့ crab posture ပုံစံလေ့ကျင့်ခန်းလုပ်ပေးပါ။
  • စားပွဲအောက်မှာ ခြေထောက်တွေကို တစ်လှည့်စီ မလိုက်၊ ချလိုက်လုပ်ပါ။
  • အိမ်ပြန်ရောက်တဲ့အခါ ထိုင်ခုံအစား အားကစားဘောလုံး (gym ball) ပေါ်ထိုင်ပါ။

ကဲ… သင့်သူငယ်ချင်းတွေထဲမှာ တစ်နေကုန်အညောင်းထိုင်ရတဲ့သူတွေရှိရင်လည်း mention ခေါ်ပြီး မျှဝေပေးလိုက်ပါဦးနော်။