များများရယ်ပါ။ ရယ်မောခြင်းရဲ့နောက်မှာ ကောင်းကျိုးတွေရှိနေပါတယ်။

blank

ရယ်မောခြင်းဆိုတာ ဦးနှောက်ရဲ့လည်ပတ်မှုကြောင့် ဖြစ်လာတဲ့ လူတွေရဲ့လုပ်ဆောင်မှုတစ်ခုပါ။ ရယ်မောခြင်းဆိုတာ များသောအားဖြင့် အကောင်းဘက်ကိုဖော်ပြခြင်း ဖြစ်ပြီး တစ်ခါတလေမှာတော့ အဆိုးဘက်ကို သက်ရောက်နေတတ်ပါတယ်။ ရယ်မောခြင်းက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ရယ်မောတဲ့အချိန်မှာ ခန္ဓာကိုယ်က ကြွက်သားတွေကို လှုပ်ရှားစေပါတယ်။ ရယ်မောခြင်းဆိုတာ လူတွေအတွက်တော့ အကောင်းဆုံးဆေးဝါးပါ။ ဒါတင်ဘယ်ကမလဲ ရယ်မောခြင်းမှာ ကောင်းကျိုး (၁ဝ) ပါးရှိပါသေးတယ်။

၁။ သက်ရှည်ကျန်းမာစေတယ်။

၂။ ကိုယ်ခံအားကောင်းစေတယ်။

၃။ နာကျင်မှုတွေကို သက်သာစေတယ်။

၎။ စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်။

၅။ ဆက်ဆံရေးတွေကောင်းမွန်စေတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ လူချစ်လူခင်ပေါစေတယ်။

၇။ ပုခုံး၊ ကျောနဲ့ ဝမ်းဗိုက်ကကြွက်သားတွေကို ပြေလျော့စေတယ်။

၈။ ရယ်မောခြင်းက အဆုတ်အားကောင်းစေပြီး အသက်ရှူအဖွဲ့အစည်းကို ကောင်းမွန်စေတယ်။

၉။ ရယ်မောတဲ့အချိန်မှာ ဝမ်းဗိုက်ကအဆီတွေကို လောင်ကျွမ်းစေတာကြောင့် ကိုယ်အလေးချိန်လျော့ကျစေတယ်။

၁ဝ။ ရယ်မောနေချိန်မှာ ထွက်တဲ့ဟော်မုန်းတွေက သွေးလည်ပတ်မှုကောင်းမွန်စေတာကြောင့် နှလုံးနဲ့ သွေးတိုးရောဂါတွေကိုကာကွယ်ပေးပါတယ်။

ကဲ… ကျန်းမာစေဖို့အတွက် များများရယ်မောလိုက်ရအောင်နော်။