မိဿရာသီဖွားတွေနဲ့ Date မလုပ်ခင် သိထားသင့်တဲ့ အချက်(၁ဝ)ချက်

blank

ဂန္ထဝင်စာချစ်သူတို့ရေ…

ချစ်သူဘဝဆိုတာ လက်တွဲဖော်တွေအဖြစ် သေတစ်ပန်သက်တစ်ဆုံး လျှောက်လှမ်းကြရမယ့်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ယောက်အကြောင်းတစ်ယောက်သိထားပြီး နားလည်မှုလေးတွေ အရင်တည် ဆောက်ထားဖို့ အရေးကြီးလှပါတယ်။ ကိုယ်နဲ့တွဲမယ့်ချစ်သူက ဘယ်လိုလူစားမျိုးလဲဆိုတာ သူ့ရဲ့ရာသီခွင်ကို ကြည့်ပြီးလည်း သိနိုင်ပါတယ်။ သင့်ချစ်သူဟာ မိဿရာသီဖွားဆိုရင် သူတို့တွေဟာ…

၁။ ရဲရင့်ကြတယ်။

ရာသီခွင်တွေအားလုံးထဲမှာ မိဿရာသီဖွားတွေက အရဲရင့်ဆုံးသူတွေ ဖြစ်ကြတယ်။ သူတို့ နှလုံးသားဟာ သတ္တိတွေနဲ့ပြည့်နေကြတယ်။ သူတို့လိုချင်တဲ့အရာတွေကို ရယူဖို့ ဝန်မလေးတတ်ကြ ဘူး။

၂။ ဒေါသထွက်လွယ်တယ်။

မိဿရာသီဖွားတွေက ဒေါသထွက်လွယ်ကြတယ်။ သူတို့က ပြင်းပြင်းထန်ထန် ခံစားတတ်ကြ တယ်။ သူတို့ဒေါသတွေက မီးလိုပဲ လောင်ကျွမ်းတောက်လောင်လွယ်ကြတယ်။

၃။ ခွင့်လွှတ်ပေးတတ်ကြတယ်။

အံ့သြစရာကောင်းအောင် ခွင့်လွှတ်တတ်ကြတယ်။ စိတ်ဆိုးနေရင်လည်း မကြာဘဲနဲ့ တစ်ဖက် သားကို အမှားပြင်ဆင်ခွင့် ပြန်ပေးတတ်ကြတယ်။

၎။ စွန့်စားတတ်ကြတယ်။

နေရာအသစ်အဆန်းတွေ သွားရတာကြိုက်တယ်။ မသိတာတွေကို စူးစမ်းရှာဖွေလိုစိတ်ရှိကြ တယ်။

၅။ ငြီးငွေ့လွယ်ကြတယ်။

အသစ်အဆန်းတွေကို သဘောကျတတ်တယ်။ ငြီးငွေ့တတ်ပြီး အမြဲ ပြောင်းလဲလိုစိတ်ရှိနေကြတယ်။ သူတို့အလုပ်အကိုင်တွေက အမြဲလိုလို ပြောင်းနေတတ်ကြတယ်။

၆။ ကာကွယ်ပေးတတ်ကြတယ်။

ဂရုစိုက်တတ်တဲ့ နှလုံးသားပိုင်ရှင်တွေ ဖြစ်ကြတယ်။ လူတိုင်းအပေါ် ဂရုတစိုက်ရှိကြတယ်။ ချစ်ခြင်းမေတ္တာအပြည့်နဲ့ စောင့်ရှောက်လိုစိတ်ရှိကြတယ်။

၇။ နာခံလိုစိတ်နည်းကြတယ်။

စည်းမျဉ်း၊ စည်းကမ်းတွေအတိုင်း လိုက်နာဖို့ စိတ်အားမသန်ကြဘူး။ ပြဿနာတွေကို ဖြေရှင်း ချက်ထုတ်ဖို့ မုန်းကြတယ်။ အများသဘောအတိုင်း လိုက်လျောညီထွေ လိုက်လုပ်ရတာကို မုန်းတတ် ကြတယ်။

၈။ လွတ်လပ်မှုကို မြတ်နိုးကြတယ်။

ကိုယ့်ကိုယ်ကိုယ် သိပ်ချစ်တတ်သူတွေပါ။ ချစ်သူနဲ့ တစ်ချိန်လုံးအတူရှိနေတာမျိုးထက် ကိုယ်ပိုင်အချိန်လေးတွေနဲ့ လွတ်လွတ်လပ်လပ်နေရတာကို ပိုကြိုက်ကြတယ်။

၉။ လေးလေးနက်နက် တွေးတောကြတယ်။

စကားပြောကောင်းသူတွေ ဖြစ်ကြတယ်။ နှုတ်ကထွက်တဲ့ စကားလုံးတိုင်းကို အများက အထင်ကြီးပြီး လေးစားနေလေ့ရှိကြတယ်။ အများနဲ့မတူတဲ့ ခံယူချက်နဲ့ အတွေးအမြင်တွေရှိကြတယ်။

၁ဝ။ နူးညံ့သိမ်မွေ့သလို လိုအပ်လာရင် ပြတ်သားကြတယ်။

ချစ်စရာကောင်းပြီး ရိုမန့်တစ်ဆန်တတ်သူတွေ ဖြစ်တယ်။ နှလုံးသားက နာကျင်ခံစား လွယ် သလို မာကြောပြတ်သားတတ်သူတွေ ဖြစ်တယ်။ လွယ်လွယ် အသည်းမကွဲတတ်သလို ဘဝကို လွယ်လွယ်အပျက်စီးမခံတတ်ကြသူတွေလည်း ဖြစ်တယ်။

သင့်လက်တွဲဖော်က မိဿရာသီဖွားဆိုရင် Comment Box မှာ Mentions ခေါ်ပေးလိုက်ပါဦး။