သင်နဲ့ ထိုက်တန်တဲ့ ချစ်ခြင်းဆိုတာ

blank

ပရိသတ်ကြီးရေ…

သင်ဘယ်လိုမျိုးအချစ်နဲ့ ထိုက်တန်တယ်ဆိုတာ သိလား။ တကယ်တော့ သင်နဲ့ထိုက်တန်တဲ့အချစ်ဆိုတာ ….

  • မျှော်လင့်ချက်အတုတွေနဲ့ မောပန်းနေတဲ့အခါ စစ်မှန်တဲ့အိပ်မက်တွေနဲ့ ကုစားပေးမယ့်ဆေးတစ်လက်၊
  • အမည်ဆိုးတွေနဲ့မထင်ကျန်စေမယ့် ဂုဏ်ဒြပ်တစ်ခု၊
  • သေးနုပ်မှုတွေမခံစားစေမယ့် တန်ဖိုးတစ်ခု
  • အသေးအဖွဲတွေကြောင့် စိတ်မရှုပ်စေတဲ့ ရင့်ကျက်မှုတစ်ခ၊ု
  • သင့်ရဲ့စကားတွေတိုင်းကို အလေးအနက်ထားပြီး သင့်ရဲ့ခံစားချက်တွေတိုင်းကို အသိအမှတ်ပြုတဲ့ နားလည်မှုတစ်ခု၊
  • မရေရာမှုတွေနဲ့ စိတ်မောမနေရတဲ့ သေချာမှုတစ်ခု၊
  • သင်တို့နှစ်ယောက်နဲ့ပတ်သက်တဲ့ ခံစားမှုတိုင်း၊ ရင်ခုန်သံတိုင်းကို သေချာသိနေတဲ့ ပိုင်နိုင်မှုတစ်ခု
  • သင့်ရဲ့ ယုံကြည်မှုတွေ၊ အစီအစဉ်တွေ၊ စိတ်ကူးတွေအားလုံးကို လေးစားလိုက်နာတဲ့ သဘောထားပြည့်ဝမှုတစ်ခု
  • သင့်ရဲ့ ဆန္ဒတွေကိုရင်ဖွင့်ပြီး လက်ကမ်းကြိုတဲ့ နွေးထွေးမှုတစ်ခု
  • သင်နဲ့လမ်းခုလတ်မှာတွေ့ပေမယ့် ခရီးအဆုံးထိလျှောက်မယ့် ကတိကဝတ်တစ်ခု
  • သင့်ကိုစိတ်အားထက်သန်စွာ ဆက်သွယ်တတ်တဲ့ နှလုံးသားကွန်ယက်တစ်ခု
  • သင့်ကိုအရှိအတိုင်းလက်ခံမယ့် မြတ်နိုးမှုတစ်ခု
  • သင့်နဲ့ ဘဝအခြေအနေတိုင်းမှာ အတူရှိနေလိမ့်မယ့် ခြေလှမ်းတစ်ခု
  • သင့်ရဲ့ကြောက်ရွံ့မှုတွေတိုင်းကို လွင့်ပျောက်စေမယ့် သတ္တိတစ်ခု
  • သင့်ကိုအဖိုးတန်ဆုံးရတနာတစ်ခုလို မြတ်နိုးမယ့် လေးစားမှုတစ်ခု
  • သင်ရဲ့ အားနည်းချက်တွေကြောင့် သင့်အလှတွေလျော့တယ်လို့ မခံစားစေတဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုတစ်ခု ပဲဖြစ်ပါတယ်။

ဒါကြောင့်… ပရိသတ်ကြီးရေ….

အချစ်ကြောင့် ပူလောင်ပင်ပန်းနေရတယ်ဆိုရင် အဲဒီအချစ်က သင်နဲ့ မထိုက်တန်သေးလို့ပါ။ သင်ဟာကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံးလူသားတစ်ယောက်ဖြစ်တာကြောင့် သင်နဲ့ထိုက်တန်တဲ့အဖိုးတန်အချစ်တွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။