သင်ဘာလို့ မပျော်ရွှင်ရလဲဆိုတာ သင့်ကိုယ်သင်သိပါသလား။

blank

လောကမှာ ဘယ်သူမှ အမြဲတမ်းပျော်ရွှင်မနေကြပါဘူး။ ကျွန်မတို့၊ သင်တို့အပါအဝင် လူတော်တော်များများမှာ ထုတ်ဖော်ပြသည်ဖြစ်စေ၊ ဖုံးကွယ်ထားသည်ဖြစ်စေ မပျော်ရွှင်မှုတွေ ရှိနေကြပါတယ်။ တစ်ခါတလေ ဘာလို့မပျော်ရွှင်ရလဲဆိုတဲ့ အကြောင်းအရင်းကိုတောင် သေချာမသိဘဲ ပျော်ရွှင်မှုတွေ ပျောက်ဆုံးမှုတွေနေတတ်ကြပါတယ်။

တကယ်တော့ လူတွေ မပျော်ရွှင်ရတာဟာ-

၁။ မဖြစ်နိုင်လောက်အောင် မြင့်မားတဲ့ မျှော်မှန်းချက်တွေ ထားကြလို့

၂။ အကြောင်းပြချက်ခိုင်ခိုင်မာမာမရှိဘဲ ကိုယ့်ကိုယ်ကို အထူးအခွင့်အရေးခံလူတန်းစားလို့ ထင်နေကြလို့

၃။ ပျော်ရွှင်မှုကို ပေတံအမှားတွေနဲ့ တိုင်းတာနေကြလို့

၎။ ရှိနေတာ၊ ရနိုင်တာထက် ပိုပြီး လိုချင်နေကြလို့

၅။ “မဆိုးဘူး” ဆိုတဲ့စကားလုံးနဲ့ “ကောင်းတယ်” ဆိုတဲ့ စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ရောထွေးနေကြလို့

၆။ မပျော်ရွှင်မှုရဲ့ အဓိပ္ပာယ်ကို ရှာဖွေနေကြလို့

၇။ ကိုယ့်ရဲ့ပျော်ရွှင်မှုကို အခြားသူတစ်ယောက်က ဖန်တီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြလို့

၈။ ကြောက်စိတ်တွေကို အရင်မဖယ်ရှားဘဲ ပျော်ရွှင်မှုကို အတင်းလုပ်ယူနေကြလို့

၉။ ကိုယ့်ကို ဂရုဏာသက်လာမယ့် လူတွေကို စောင့်မျှော်ရှာဖွေနေကြလို့

၁ဝ။ ပျော်ရွှင်မှုဆိုတာ တစ်ကိုယ်ကောင်းဆန်တတ်မှ ရနိုင်မယ်လို့ ထင်နေကြလို့

၁၁။ စိတ်ဆင်းရဲမှုတွေ လွန်သွားရင် ပျော်ရွှင်မှုရှိနေနိုင်တယ်လို့ ထင်နေကြလို့

၁၂။ ကိုယ်လုပ်နေတဲ့အလုပ်ရဲ့ တန်ဖိုးကို မသိနားမလည်ကြလို့ ဖြစ်ပါတယ်။

သင်လည်း ပျော်ရွှင်စေချင်တယ်ဆိုရင် ဒီအကြောင်းရင်းတွေထဲက သင့်ဆီမှာရှိနေနိုင်တဲ့ အကြောင်းရင်းတွေကို စွန့်လွှတ်ဖယ်ရှားလိုက်ပါ။ ဘဝဆိုတာ တိုတိုလေးပါ။ လူဖြစ်ရကျိုးနပ်ဖို့ဆိုတာ နေ့ရက်တိုင်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှ မဟုတ်လား။

သဘောကျနှစ်သက်တယ်ဆိုရင် LIKE and SHARE လုပ်ဖို့ မမေ့နဲ့နော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။