လင်မယားချင်းရန်ဖြစ်တဲ့အခါ လိုက်နာသင့်တဲ့စည်းမျဉ်းများ

blank

၁။ သူများရှေ့မှာ ရန်မဖြစ်ပါနဲ့။

၂။ အိပ်ရာခွဲမအိပ်ပါနဲ့။

၃။ အိမ်ပေါ်ကနေ ဆင်းမသွားပါနဲ့။

၎။ ကွာရှင်းဖို့စကားမပြောပါနဲ့။

၅။ ပစ္စည်းတွေကို မဖျက်ဆီးပစ်ပါနဲ့။

၆။ လုံးဝအကြမ်းမဖက်ပါနဲ့။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၇။ မိသားစုဝင်တွေကို ရန်ပွဲထဲ ဆွဲမထည့်ပါနဲ့။

“ လင်နဲ့မယား၊ လျှာနဲ့သွား” ဆိုတဲ့မြန်မာစကားပုံလေးအတိုင်း လင်မယားဆိုတာ အမြဲအတူ ရှိနေကြတာမို့ အခန့်မသင့်ရင် စကားများရန်ဖြစ်တာတွေ ရှိကြစမြဲပါ။ ရန်ဖြစ်တာ မဆန်းပေမဲ့ စိတ်ဆိုး တုန်းခဏ စိတ်လိုက်မာန်ပါပြုလုပ်မိတဲ့ ကိစ္စတွေကတော့ နောက်ဆက်တွဲတွေပါလာပြီး ပြဿနာကို ပို ကြီးထွားလာစေတတ်ပါတယ်။ တချို့ဆိုရင် ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ပေမဲ့ နောက်ဆက်တွဲ အပြုအမူ တွေကြောင့် အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ပြီး ကွဲကွာတဲ့အထိ ဖြစ်ကြရတာတွေလည်းရှိပါတယ်။ ဒါကြောင့် အထက်ပါအချက်လေးတွေကို ရှောင်ကြဉ်နိုင်ရင်တော့ ရန်ဖြစ်ပေမဲ့ ပြန်ချစ်တဲ့စုံတွဲတွေ အဖြစ် သေတစ်ပန်သက်တစ်ဆုံး ပေါင်းဖက်သွားနိုင်မှာ ဖြစ်ပါတယ်။

ကဲ… သင့်အိမ်ထောင်ဖက်ကို mention လေး ခေါ်ပြီး စာစောင်လေးကို မျှဝေလိုက်ပါဦးနော်။