တရားစထိုင်ဖို့ အလေ့အကျင့်ဖြစ်စေမယ့် နည်းလမ်း(၆)သွယ်
blank
ဂန္ထဝင်စာချစ်သူတို့ ရေ
၁။ ဆိတ်ငြိမ်တဲ့နေရာကိုရွေးပါ။
တရားထိုင်ဖို့ စတင်တော့မယ်ဆိုရင် ဆိတ်ငြိမ်မှုရှိတဲ့နေရာကိုရွေးချယ်ပါ။ အဲ့ဒီလိုနေရာကသင့်ကိုစိတ်အပန်းဖြေပြီးတရားထိုင်လို့ ပိုကောင်းစေမှာပါ။ ပထမဦးဆုံးသင့်အိမ်ခန်းထဲမှာတရားထိုင်ဖို့ စတင်ကြိုးစားကြည့်ပါ။ဒါမှမဟုတ် သစ်တောတစ်ခုလိုမျိုးသင့်စိတ်ကိုအမှန်တကယ် ငြိမ်းချမ်းမယ့်နေရာတစ်ခုကိုသွားလိုက်ပါ။ သဘာဝတရားကသင့်ကို မြန်မြန်ဆန်ဆန် စိတ်လက်ပေါ့ပါးလာစေဖို့ တောင် အကူအညီဖြစ်စေဦးမှာပါ။
၂။ အချိန်ကောင်းကိုရွေးချယ်ပါ။
တရားကောင်းကောင်းထိုင်နိုင်ဖို့ အဓိကသော့ချက်ကစိတ်အကြည်ဓာတ်ရမယ့် အချိန်ကောင်းကိုရွေးချယ်တတ်ဖို့ ပါ။ များသောအားဖြင့် တရားထိုင်ဖို့ အကောင်းဆုံးအချိန်ကမနက်အစောပိုင်းမိုးသောက်စအချိန်၊ နေထွက်ခါစမနက်ခင်းပိုင်းအချိန်နဲ့ ဆိတ်ငြိမ်တဲ့ ညပိုင်းအချိန်မျိုးပါ။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။
၃။ သက်သောင့်သက်သာရှိမယ့် ပုံစံမျိုးနဲ့ တရားထိုင်ပါ။
အချိန်တစ်ခုပေးပြီးတရားထိုင်ရမှာဖြစ်တဲ့အတွက် သင်သက်သောင့်သက်သာအနေအထားဖြစ်ဖို့  လိုအပ်ပါတယ်။ တင်ပျဉ်ခွေပုံစံထိုင်ဖို့ သင့်မှာအခက်အခဲရှိရင်လည်းအတင်းအကြပ်ထိုင်ဖို့ မလိုအပ်ပါဘူး။ အဓိကအချက်ကသင့်စိတ်ကိုပေါ့ပါးနေတဲ့ ခံစားချက်ရဖို့ ရယ်၊ သင့်ခန္ဓာကိုယ်က ကြွက်သားတွေ တင်းနေတာကိုလျော့ပါးစေဖို့ ပါ။ သင့်မျက်လုံးကိုမှိတ်ထားပြီးသင့်ရဲ့ ကျောရိုးကိုမတ်မတ်လေးဖြစ်ဖို့ပဲသတိထားပါ။
၎။ မိနစ်အနည်းငယ်နဲ့ သာစတင်ပါ။
အခုမှတရားစထိုင်ဖို့ လုပ်မယ့်သူတွေအတွက် ၃ မိနစ်ကနေ ၅ မိနစ်အတွင်းသာတရားထိုင်ကြည့်ပါ။အခုမှစပြီးတရားထိုင်မယ်ဆိုရင်မိနစ်အတော်ကြာတရားထိုင်ဖို့ မကြိုးစားပါနဲ့ ။သင့်မှာတရားထိုင်တဲ့ အတွေ့ အကြုံရလာပြီဆိုရင် တစ်ရက်ကို ၁၅ မိနစ်ကနေမိနစ် ၃ဝအတွင်း ထိုင်ကြည့်ပါ။ အဲ့ဒီလိုတစ်ဆင့်ချင်းသွားမယ်ဆိုရင် သင့်ကိုသက်သောင့်သက်သာ ဖြစ်စေမှာပါ။
၅။ အသက်ရှူခြင်းကိုအာရုံစိုက်လုပ်ဆောင်ပါ။
အလွယ်ကူဆုံးတရားထိုင်နည်းကတော့ ဝင်လေထွက်လေကိုမှတ်ပါ။ သင့်အသံရှူနှုန်းကိုဖြေးဖြေးမှန်မှန်ဖြစ်လာအောင်လုပ်ခြင်းကသင့်ကိုစိတ်ပေါ့ပါးစေမှာပါ။ သင့်ခေါင်းထဲကဟိုရောက်ဒီရောက် အတွေးတွေဝင်လာလေ့ရှိပါတယ်။ အဲ့ဒီအရာကို မြင်အောင်ကြည့်ပြီးဝင်လေထွက်လေကိုသာအာရုံစိုက် လုပ်ဆောင်ပါ။
၆။ သင့်မျက်လုံးကိုဖြေးဖြေးဖွင့်ပါ။
သင်တရားထိုင်လို့ ပြီးရင် သင့်နေ့ စဉ်လုပ်ငန်းတွေ ဆက်လုပ်ဖို့ လျင်လျင်မြန်မြန်ကြီးမျက်လုံးမဖွင့်လိုက်ပါနဲ့ ။ နောက်ထပ် အသက်ကိုရှူသွင်းပြီးမျက်လုံးကိုဖြေးဖြေးချင်းဖွင့်လိုက်ပါ။တရားထိုင်ခြင်းကကောင်းကျိုးများစွာရှိနေတယ်ဆိုတာကိုသတိထားမိပါလိမ့်မယ်။
ကဲစာချစ်သူတို့ ရေ … တရားထိုင်ကြည့်ဖို့ အသင့်ဖြစ်ပြီလား။ တရားထိုင်ဖြစ်ခဲ့ရင် သင့်ရဲ့ ပထမဆုံးအတွေ့ အကြုံအကြောင်းလေး ပြန်လည်မျှဝေပေးပါအုံးနော်။ အကယ်၍ ဒီစာစောင်ကို နှစ်သက်တယ်ဆိုရင် တရားစထိုင်ဖို့ စိတ်ဝင်စားနေကြတဲ့ သူငယ်ချင်းတွေအတွက်လည်းထပ်ဆင့်မျှဝေပေးလိုက်ပါ။