ဘဝကို ရိုးရှင်းစွာ ပျော်ရွှင်စေဖို့

blank

၁။ အရွယ်ရောက်လာတာကြောင့် အိမ်ထောင်မပြုပါနဲ့။ အဆင်သင့်အချိန်မှာ အိမ်ထောင်ပြုပါ။

၂။ ငွေတွေအများကြီးရှာဖွေပြီးမှ အလုပ်နားဖို့ စိတ်မကူးပါနဲ့။ အမှတ်တရတွေကို ဖန်တီးပြီးမှ အိုမင်းပါ။

၃။ အလုပ်တစ်ခုကို စွန့်ဦးတီထွင်ဖို့ချည်း စိတ်မကူပါနဲ့။ အကောင်းမြင်စိတ်တွေနဲ့ လွှမ်းမိုးနိုင်ဖို့ ကြိုးစားပါ။

၎။ လှပတဲ့သူတစ်ယောက်ကို မချစ်ပါနဲ့။ စိတ်ထားလှတဲ့သူတစ်ယောက်ကို ချစ်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ငွေများများရှာပြီး မိဘတွေအတွက် ဖြည့်ဆည်းပေးဖို့ မကြိုးစားပါနဲ့။ မိဘတွေ အသက်ရှိစဉ်ပတ်လုံး စိတ်ချမ်းသာအောင် ထားပါ။

၆။ သူငယ်ချင်းအရေအတွက်များများရှိဖို့ပဲ အရေးမထားပါနဲ့။ စစ်မှန်တဲ့ သူငယ်ချင်းတွေကို အရေးထားပါ။

၇။ ဇိမ်ခံပစ္စည်းတွေမှာ ပျော်ရွှင်မှုကို မရှာပါနဲ့။ ရိုးရှင်းစွာ ပျော်ရွှင်အောင် နေပါ။

၈။ သင်အတူနေချင်တဲ့ သူတစ်ယောက်နဲ့ လက်မထပ်ပါနဲ့။ သင့်ဘဝထဲမှာ မရှိမဖြစ်လိုအပ်တဲ့ သူနဲ့လက်ထပ်ပါ။