ယနေ့ခေတ် လူအများစုကျင့်သုံးကြတဲ့ တလွဲအမူအကျင့်လေးတွေ …

blank

ဒီနေ့ခေတ်လူအများစုက …

၁။ စာအုပ်တွေဖတ်မယ့်အစား ဖေ့စ်ဘုတ်က ပို့စ်တွေကို ဖတ်ပြီး အချိန်ကုန်နေတတ်ကြတယ်။

၂။ သူငယ်ချင်းတွေနဲ့အတူ ဂီတာတီး သီချင်းဆိုမယ့်အစား Mp3 နဲ့ သီချင်းနားထောင်ရင်း အချိန်ဖြုန်း နေတတ်ကြတယ်။

၃။ ပန်းခြံမှာ လမ်းလျှောက်မယ့်အစား gym က ပြေးစက်ပေါ်မှာပဲ အချိန်ကုန်နေတတ်ကြတယ်။

၎။ သူငယ်ချင်းတွေနဲ့ ဆော့ကစားမယ့်အစား ကွန်ပျူတာတစ်လုံးနဲ့ ဗွီဒီယိုကြည့်ပြီး အချိန်ဖြုန်း နေတတ်ကြတယ်။

၅။ ဟင်းချက်နည်းတွေ သင်ယူမယ့်အစား ရယ်ဒီမိတ်အစားအစာတွေကိုပဲ စားသောက်ကြတယ်။

၆။ နာမည်ကြီးဖို့ ဆန္ဒပြင်းပြရမယ့်အစား လူကြိုက်များဖို့ ပေါ်ပင်လိုက်လုပ်နေတတ်ကြတယ်။

၇။ မြင်နေကြားနေသမျှအရာအားလုံးကို ကိုယ့်ကိစ္စမဟုတ်ဘဲ လိုက်ခံစားနေတတ်ကြတယ်။

၈။ ကိုယ့်အပေါ်အရေးပေးဆက်ဆံတဲ့လူတွေကို အချိန်ပေးရမယ့်အစား အပေါ်ယံ ဆက်ဆံတတ်သူတွေကိုပဲ အချိန်ပေးနေကြတယ်။

၉။ မိမိစိတ်ကို အနားပေးရမယ့်အစား အတ္တစိတ်တွေနဲ့ပဲ ပြည့်နှက်နေကြတယ်။

၁ဝ။ သက်သောင့်သက်သာဖြစ်စေတဲ့အရာတွေနဲ့ပဲ အသားကျနေတတ်ကြတယ်။

၁၁။ ကမ္ဘာကြီးရဲ့ သဘာဝအလှတရားတွေကို ရှုစားရမယ့်အစား ကိုယ့်ပုံကိုယ်ပဲ Selfie ရိုက်နေတတ်ကြတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁၂။ တိုးတက်ဖို့ကြိုးစားရမယ့်အစား သက်သောင့်သက်သာ အခြေအနေတစ်ခုမှာ ရပ်တန့်ပြီး ကျေနပ်နေတတ်ကြတယ်။

ကဲ … စာချစ်သူတို့ရေ … ခေတ်ရေစီးကြောင်းအတိုင်း လွှဲမှားတဲ့ အမူအကျင့်လေးတွေကို ကျင့်သုံးနေကြတဲ့ လူအများစုထဲ သင်မပါဝင်ဖို့လိုပါတယ်။ အများလုပ်တိုင်း ရောယောင်ပြီး လိုက်လုပ် စရာမလိုပါဘူး။ ကောင်းတဲ့အမူအကျင့်တွေရှိတဲ့ လူနည်းစုထဲမှာ ပါဝင်နိုင်အောင် ကြိုးစားကြပါစို့။

စာစောင်လေးကို နှစ်သက်တယ်ဆိုရင် ပြန်လည်မျှဝေလိုက်ပါဦးနော်။