အသည်းကွဲတယ်ဆိုတာ တစ်ခါတရံမှာ နာကျင်စရာတွေအဆုံးသတ်သွားဖို့ပါ။

blank

တစ်ခါတရံမှာ အနာတရတွေ လုံးဝသက်သာပျောက်ကင်းဖို့အတွက် အသည်းကွဲဖို့လိုတယ်။

တစ်ခါတရံမှာ အသည်းကွဲတယ်ဆိုတာ နာကျင်မှုတွေအပြီးအပိုင်သက်သာပျောက်ကင်းဖို့ဖြစ်တယ်။

အသည်းကွဲနေလား။ အသည်းကွဲဝေဒနာကြောင့် မအိပ်မစားနိုင်အောင် ပူဆွေးမိနေလား။ ခေါင်းအုံးလေးရွှဲစိုသွားအောင် ညပေါင်းများစွာ ကြိတ်ငိုနေမိလား။ ရေချိုးခန်းထဲမှာ ဘယ်သူမှမသိ အောင် ရှိုက်ကြီးတငင်ငိုနေမိလား။

သင့်ဘက်ကအကောင်းဆုံးတွေပေးဆပ်ခဲ့ပါရက်နဲ့ ဘာကြောင့် အသည်းခွဲသွားရက်တာလဲ။

သင့်ဘဝကပဲ တစ်ခုခုမှားနေတာလားဆိုတာ နာနာကျည်းကျည်းတွေးနေမိလား။

တကယ်တမ်းတွေးကြည့်လိုက်ရင် သင့်ဘက်က မှန်ကန်ခဲ့တယ်။ အကြီးမားဆုံးအချစ်တွေ ပေးခဲ့တယ်။ အမြင့်မြတ်ဆုံးနှလုံးသားကိုပေးဖို့ အမြဲကြိုးစားခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအတွက် အမုန်းတွေ၊ သစ္စာမဲ့မှုတွေ၊ ထားရစ်ခံခဲ့ရလို့ နာကျင်မှုတွေကိုပဲ ပြန်ရခဲ့တယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တွေးကြည့်လိုက်ပါ။ သင့်ကို တန်ဖိုးမထားတဲ့ လူတစ်ယောက်အတွက်…

  • ဒီနေရာမှာထိုင်ပြီး ဘာကြောင့် ကျရှုံးနေတာလဲ။
  • သင့်နှလုံးသားကို ဆက်လက်နာကျင်ခံစားခွင့်ပြုနေတာလဲ။
  • သင့်နှလုံးသားနဲ့မထိုက်တန်သူကို ဒုတိယအကြိမ်အခွင့်အရေးပေးဖို့ တွေးနေတာလဲ။

တကယ်တော့ ဒါဟာ အချစ်ရေးတစ်ခုမှာ အမြဲခံစားနေခဲ့ရတဲ့ နာကျင်မှုတွေအဆုံးသတ်သွားဖို့ ဖြစ်ပေါ်လာတဲ့အခြေအနေတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ ပိုပြီးပျော်ရွှင်စရာကောင်းတဲ့ အနာဂတ် အသစ်ဆီ လျှောက်လှမ်းဖို့ အင်အားသစ်ဖြည့်ပေးလိုက်တာလည်း ဖြစ်တယ်။ ပိုမိုကြံ့ခိုင်တဲ့ဘဝဖြစ်ဖို့ ဝမ်းနည်းပူဆွေးမှုတွေ ရရှိလိုက်တာလည်း ဖြစ်တယ်။

ဘာကြောင့်လဲဆိုတော့ ပိုကောင်းတဲ့အနာဂတ်တိုင်းဟာ နာကျင်မှုတွေကို လှေကားထစ်လို ကျော်ဖြတ်တက်လှမ်းသွားကြရတာကြောင့်ပါ။

အရှုံးမပေးပါနဲ့။ နာကျင်နေတဲ့ နှလုံးသားကို နှစ်သိမ့်ပါ။ လဲပြိုနေတဲ့ စိတ်ဓာတ်ကို ပြန်လည်ထူ မတ်ပါ။

ဒီနေ့ သင် အသည်းကွဲနေတာဟာ မစစ်မှန်တဲ့အချစ်အတွက် သင်နာကျင်ခံစားလာရသမျှ အ ဆုံးသတ်ဖို့ပါ။ ဒါကြောင့် မျက်ရည်တွေသုတ်ပြီး သင့်လမ်းကြောင်းမှန်ပေါ် စတင် လျှောက်လှမ်းလိုက် ပါနော်။

စိတ်ဓာတ်ခွန်အားတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။