အားနာတဲ့လူတွေမှာ ဘာတွေနစ်နာမှု ရှိလဲ။

blank

စာချစ်သူတို့ရေ….။

အားနာခြင်းဆိုတာ ကျွန်မတို့လူမှုအသိုင်းအဝိုင်းကြီးက ကျွန်မတို့ငယ်ငယ်ကတည်းက သင်ပေးလိုက်တဲ့ စိတ်ထားလေးတစ်ခုပါ။ လူကြားထဲမှာ အသံကျယ်ကျယ်စကားပြောဖို့ အားနာတာ၊ သူတစ်ပါးရဲ့ အခွင့်အရေးတွေကို စွက်ဖက်ဖို့အားနာတာ၊ သူတစ်ပါးရဲ့ ပစ္စည်းတွေကို လက်လွတ်စပယ်သုံးဖို့ အားနာတာ စတဲ့ အားနာခြင်းတွေဟာ ရှိသင့်တဲ့ အားနာခြင်းတွေဖြစ်ပေမယ့် အလွန်အမင်းအားနာတတ်ခြင်းဟာ မိမိကိုယ်တိုင်မှာ ဆုံးရှုံးနစ်နာမှုတွေ အများကြီး ကြုံရတတ်ပါတယ်။

အားနာလွန်းပြီး အခြားလူတွေရဲ့ ဆန္ဒကို ဦးစားပေးတတ်လာတဲ့အခါ မိမိရဲ့ အခွင့်အရေးတွေ အများကြီးဆုံးရှုံးလာတဲ့အပြင် အခြားလူတွေက မိမိကို အခွင့်အရေးယူစရာအဖြစ်မြင်တာကို ခံရတတ်ပါတယ်။ အားနာတတ်လွန်းတဲ့အခါ မိမိကို အပိုင်တွက်တာမျိုး၊ မိမိရဲ့ဆန္ဒကို ထည့်သွင်းမစဉ်းစားတာမျိုးတွေလည်း ကြုံတွေ့ရတတ်တယ်။ ကြာလာတဲ့အခါ အားနာလွန်းတာက အားနည်းချက်ကြီးတစ်ခု ဖြစ်မှန်းမသိဖြစ်လာပါတော့တယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

  • မိမိကို ဘယ်လိုဆက်ဆံဆက်ဆံ ရတယ်ဆိုတာမျိုး၊
  • မိမိရဲ့ ဆန္ဒနဲ့သဘောထားတွေကို မေးနေစရာမလိုဘူးဆိုတာမျိုး
  • မိမိကို ဘယ်အချိန်မျိုးမှာမဆို အကူအညီတောင်းလို့ရတယ်၊ ခိုင်းလို့ရတယ်ဆိုတာမျိုးတွေ သတ်မှတ်ပြီး ဆက်ဆံတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။

အဲဒီလို ဆက်ဆံခံရခြင်းဟာ အခြားလူတွေရဲ့ အပြစ်ချည်းဆိုလို့မရပါဘူး။ လူတိုင်းဟာ ကိုယ်ကိုယ်တိုင်ရဲ့ စည်းမျဉ်းဘောင်တွေကို ကိုယ်တိုင်က သတ်မှတ်ထားရတာဖြစ်တာကြောင့် မိမိက ဘာတွေကို လက်ခံမယ်၊ လက်မခံဘူးစတာတွေကို ပွင့်ပွင့်လင်းလင်းပြောပြထားမှသာ အခြားလူတွေအနေနဲ့လည်း မိမိကိုလျှော့မတွက်မှာဖြစ်ပါတယ်။

ဒါ့ကြောင့် သူတစ်ပါးတွေရဲ့ အခွင့်အရေးတွေကို တန်ဖိုးထားသလို မိမိကိုယ်ကိုယ်ရဲ့အခွင့်အရေးတွေကိုလည်း ကာကွယ်ပါ။

  • အားနာပါ။ ဒါပေမဲ့ လူတွေကို သင့်ခေါင်းပေါ်က တက်နင်းခွင့်မပြုပါနဲ့။
  • အားနာပါ။ ဒါပေမဲ့ အ တယ်လို့ အထင်ခံရလောက်အောင် မလိုက်လျောပါနဲ့။
  • အားနာပါ။ ဒါပေမဲ့ သင့်ကို အပိုင်တွက်လို့ရတဲ့ လူတစ်ယောက်ဖြစ်အောင် မနေပါနဲ့။
  • သူတစ်ပါးကို အားနာရင်း ကိုယ့်ကိုယ်ကို ထိခိုက်စေတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်လည်း အားနာရဲ့လားဆိုတာကို ကိုယ့်ကိုယ်ကိုမေးကြည့်လိုက်ပါဦး။

အရမ်းအားနာတတ်တဲ့ သင့်သူငယ်ချင်းကို mention ခေါ်လိုက်ပါဦး။