ကိုယ်ခံအားကြံ့ခိုင်သန်မာစေမယ့်အကောင်းဆုံးဆေးတစ်ခွက်ဆိုတာ “ ပျော်ရွှင်ခြင်း” ပါ။

blank
A portrait of an Asian university student on campus

စာချစ်သူတို့ရေ…

လူအတော်များများဟာ မိမိတို့ရဲ့နေ့စဉ်ဘဝမှာ အခက်အခဲတွေနဲ့ လုံးချာလည်ရင်း ပင်ပန်းနွမ်းနယ်နေကြပါတယ်။           အဲ့ဒီပင်ပန်းနွမ်းနယ်မှုတွေများလာတဲ့အခါ စိတ်ဓာတ်ကျဆင်းခြင်း၊ အားအင်ကုန်ခမ်းခြင်းတွေဖြစ်လာပြီး လှုပ်ရှားမှုတွေနှေးကွေးလေးလံလာတာ၊ ဖျားနာတာတွေဖြစ်လာတတ်ပါတယ်။

ဒီလိုဖြစ်လာတာဟာ ကိုယ်ခံစားစနစ်ပြန်လည်အားပြည့်လာဖို့၊ လုပ်ငန်းဆောင်တာတွေကို ပြန်လုပ်ဆောင်နိုင်ဖို့ ခွန်အားဖြည့်ဖို့လိုနေပြီဆိုတာကို ဖော်ပြနေတာပါ။
ပုံမှန်အားဖြင့်တော့ ဒီအခြေအနေမှာ ခန္ဓာကိုယ်အတွက် ရေဓာတ်ဖြည့်တင်းပေးခြင်း၊ တစ်ရက်ကို ၂ ကြိမ် သစ်သီးဖျော်ရည်သောက်သုံးပေးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးခြင်း၊ ညဘက်လုံလောက်စွာ အိပ်စက်အနားယူခြင်းတို့ကို ပြုလုပ်ပေးရပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ အဲ့ဒီထက်ပိုကောင်းပြီး ထိရောက်တဲ့နည်းလမ်းတစ်ခုကို လေ့လာသူတွေက ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဲ့ဒီနည်းလမ်းကတော့ ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင်နေထိုင်ခြင်းပဲဖြစ်ပါတယ်။

ကိုယ်ခံအားစနစ်ကို လုံးဝအားနည်းစေတဲ့အချက်ကတော့ စိတ်ဖိစီးမှုပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှု များလာတဲ့ခါ ကိုယ်ခံအားစနစ်တွေလည်း ယိုယွင်းအားနည်းလာပြီး ရောဂါပေါင်းစုံလည်း ဖြစ်ပေါ်လာပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုက လူရဲ့အာရုံကြောစနစ်ကို ထိခိုက်အားနည်းစေပါတယ်။ ပညာရှင်တွေရဲ့လေ့လာတွေ့ရှိမှုတွေအရ လူတစ်ယောက်ဟာ ကိုယ်နှစ်သက်ရာကို ပြုလုပ်ခွင့်ရပြီး ပျော်ရွှင်နေတဲ့အခါ စွမ်းအင်ကောင်းတွေဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်ရဲ့ဧရိယာအနှံ့ကို စီးဝင်သွားပါတယ်။ အဲ့ဒီစွမ်းအင်တွေက ဖန်တီးမှုစွမ်းရည်ကို ပိုမိုအားကောင်းလာအောင်၊ ပိုပြီး အကောင်းမြင်လာအောင်၊ ပိုပြီး အာရုံစူးစိုက်မှုအားကောင်းလာအောင် ကူညီပေးပါတယ်။ တစ်နည်းအားဖြင့် ပျော်ရွှင်ခြင်းဟာ အရာတော်တော်များများကို သက်သာပျောက်ကင်းစေတဲ့ ဆေးစွမ်းကောင်းတစ်လက်ဆိုလည်း မမှားပါဘူး။ လူတစ်ယောက်ကို ပိုမို ပျော်ရွှင်စွာအသက်ရှင်သန်နိုင်အောင်၊ နေ့စဉ် ထကြွလုံ့လဝီရိယရှိအောင် ကူညီပေးပါတယ်။
ဒါကြောင့် ဘဝမှာ ပျော်ရွှင်ခြင်းကို တည်ဆောက်တတ်ဖို့က စိတ်ကောကိုယ်ပါ ကျန်းမာရေးအတွက် အရေးကြီးလှပါတယ်။ အောင်မြင်မှု၊ ချမ်းသာမှုတွေရှိတိုင်းလည်း ပျော်ရွှင်ခြင်းကို မရရှိနိုင်ပါဘူး။ ပျော်ရွှင်ခြင်းကို ရယူဖို့ဆိုရင်…

  • ရည်မှန်းချက်ပန်းတိုင်တွေထားရှိပါ။
  • အပြုံးတွေနဲ့ မေတ္တာတရားတွေကို မျှဝေပါ။
  • တစ်နေ့ချင်းစီတိုင်းကို တန်ဖိုးထားပြီး ဖြတ်သန်းပါ။
  • ကိုယ့်ကိုချစ်ပြီး ကိုယ်ကလည်း တန်ဖိုးထားရတဲ့သူတွေနဲ့ အချိန်ပေးပြီး နွေးနွေးထွေးထွေးနေပါ။
  • လောကကြီးကို အကောင်းမြင်စိတ်မွေးပါ။

ဒီလိုဆိုရင်တော့ ဘဝမှာ စိတ်ဖိစီးမှုတွေကို တွန်းလှန်ပြီး ပျော်ရွှင်ခြင်းတွေကို ဝေဝေဆာဆာ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ စိတ်ကျန်းမာရင် လူလည်းအလိုလိုကျန်းမာပျော်ရွှင်မှာမို့ အားလုံးလည်း ပျော်ရွှင်ခြင်းကို တန်ဖိုးထားရယူနိုင်ကြပါစေနော်။

စာစောင်လေးကို ပြန်လည်မျှဝေဖို့ SHARE လိုက်ပါဦးနော်။