ပျိုမေတို့အတွက် အသုံးမဝင်သော်လည်း သုံးနေကြဆဲ အလှကုန်ပစ္စည်းများ

blank

အလှအပကို ဂရုတစိုက်ထိန်းသိမ်းတတ်ကြတဲ့ ပျိုမေတွေအများစုဟာ ကြော်ငြာတွေကညွှန်းတဲ့ အလှကုန်ပစ္စည်းမျိုးစုံကို ဝယ်ယူသုံးစွဲတတ်ကြပါတယ်။ ဒါပေမဲ့ အချို့အလှကုန်ပစ္စည်းတွေဟာ ကြော်ငြာတွေထဲမှာညွှန်းဆိုသလောက် တကယ်အသုံးမဝင်တာတွေ ရှိနေတတ်ပါတယ်။ ဘယ်လိုအလှကုန်ပစ္စည်းတွေလဲဆိုတာကို ဆက်လက်လေ့လာကြည့်ရအောင်။

၁။ ဆံပင်နှစ်ခွဖြစ်တာကို ပျောက်ကင်းနိုင်တယ်ဆိုတဲ့ hair product များ

        ဆံပင်နှစ်ခွဖြစ်တာကို ဘယ်ဆေးနဲ့မှ ပျောက်အောင်မကုနိုင်ပါဘူး။ ဆံပင်နှစ်ခွဖြစ်တာကို ပျောက်ကင်းစေတဲ့ ခေါင်းလိမ်းဆီတွေဆိုတာ ကွဲထွက်နေတဲ့ဆံပင်အဖျားတွေကို ယာယီကပ်ထားပေးတဲ့သဘောမျိုးပါပဲ။ ဆံပင်နှစ်ခွတွေကို ဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဆံပင်ညှပ်လိုက်တာပါပဲ။

၂။ Hand Cream နဲ့ Foot cream များ

မျက်နှာအတွက် skin care သီးသန့်သုံးပေးသင့်ပေမဲ့ ခန္ဓာကိုယ်နဲ့ တစ်သားတည်းဖြစ်နေတဲ့ လက်တွေ၊ ခြေထောက်တွေအတွက်တော့ body lotion ကိုပဲ သုံးပေးရင်အဆင်ပြေပါတယ်။ တကယ်တော့ hand cream နဲ့ foot cream တွေဆိုတာ body lotion ကို နာမည်ပြောင်းတပ်ထားတာနဲ့ အတူတူပါပဲ။

၃။ ဗောက်ပျောက်စေတဲ့ ခေါင်းလျှော်ရည်များ

မှိုရောဂါတစ်မျိုးဖြစ်တဲ့ ဗောက်ထခြင်းကို သာမန်ခေါင်းလျှော်ရည်တွေက သက်သာပျောက်ကင်းအောင် မစွမ်းဆောင်နိုင်တဲ့အပြင် အခန့်မသင့်ရင် ဦးရေပြားကိုပါ ခြောက်ကပ်စေပါတယ်။ ဗောက်ထတာကို ပျောက်ကင်းစေဖို့ ဆေးခေါင်းလျှော်ရည်ကို ဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ တိုနာ (toner)များ

မျက်နှာပေါ်က မိတ်ကပ်တွေဖျက်ဖို့ facial toner သုံးခြင်းဟာ မှားယွင်းတယ်လို့ ပြောနိုင်ပါတယ်။ အရည်အသွေးကောင်းပြီး အားပျော့တဲ့ cleansing ဆပ်ပြာတွေဟာ အယ်လ်ကိုဟော မပါဝင်ခြင်း၊ အသားအရေကို မွဲခြောက်မှုမဖြစ်စေခြင်းနဲ့ အရေပြားရဲ့ pH level ကို ထိန်းညှိပေးခြင်း စတဲ့အားသာချက်တွေကြောင့် toner ထက်ပိုကောင်းပါတယ်။

၅။ နှုတ်ခမ်းနီအဆီ (lip balm)များ

နှုတ်ခမ်းနီအဆီတွေဟာ နှုတ်ခမ်းသားတွေရဲ့ အစိုဓာတ်ကို ထိန်းပေးတာမှန်ပေမဲ့ alcohol ပါတယ်ဆိုရင် နှုတ်ခမ်းသားကို ပိုမိုခြောက်သွေ့သွားစေနိုင်ပါတယ်။ နှုတ်ခမ်းလေးတွေကို စိုပြေနေစေချင်တယ်ဆိုရင် Vaseline အလှဆီကို သံလွင်ဆီအနည်းငယ်ရောပြီး နှုတ်ခမ်းတွေကို မကြာခဏလိမ်းပေးပါ။

၆။ Shaving cream များ

အမွေးအမျှင်တွေကို ရိတ်တော့မယ်ဆိုရင် အသားအရေကို မထိခိုက်စေဖို့၊ ရိတ်ရလွယ်ကူစေဖို့ shaving cream သုံးသင့်ပေမဲ့ တကယ်တော့ ရေချိုးဆပ်ပြာရည်က shaving gel ထက် ပိုကောင်းပါတယ်။ ရေချိုးဆပ်ပြာရည်မှာ အစိုဓာတ်ထိန်းပေးတဲ့ ပါဝင်ပစ္စည်းများပြားတာကြောင့် ရေချိုးဆပ်ပြာရည်ရှိနေရင် shaving cream မလိုတော့ပါဘူး။

၇။ အဆီကျလိမ်းဆေးများ

ခန္ဓာကိုယ်က အဆီတွေကို ချေဖျက်နိုင်ဖို့ နည်းလမ်း(၂)ခုပဲ ရှိပါတယ်။ စနစ်ကျတဲ့ လေ့ကျင့်ခန်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံပဲ ဖြစ်ပါတယ်။ အဆီကျလိမ်းဆေးဆိုတာ ဘယ်လောက်ကောင်းကောင်း ထိရောက်တဲ့ရလဒ်မျိုး မပြနိုင်ပါဘူး။

၈။ လက်သည်းမှာ လိမ်းရတဲ့ cuticle oil များ

လက်သည်းလေးတွေ လှပပြီး လက်ချောင်းထိပ်လေးတွေ ချောမွေ့နေစေဖို့ ဖယောင်းဆီလို့ခေါ်တဲ့ cuticle oil ကို လိမ်းလေ့ရှိကြပါတယ်။ ဒါပေမဲ့ အဲဒီ cutiocle oil လည်း ခြောက်သွားရော၊ ချောမွေ့မှုတွေဘာမှမကျန်ခဲ့တာကြောင့် အသုံးမဝင်ဘူးလို့ ပြောနိုင်ပါတယ်။

၉။ တစ်ရှူးမျက်နှာပေါင်းတင်ကပ်ခွာ (tissue masks)များ

Tissue masks တွေကို လုံးလုံးမသုံးမဝင်ဘူးလို့တော့ ပြောလို့မရပါဘူး။ အရေးကြီးတဲ့အခမ်းအနားတွေ ဝင်ရမယ်ဆိုရင်တော့ မျက်နှာအစိုဓာတ်ထိန်းဖို့၊ အဆီမပြန်စေဖို့အတွက် အရေးပေါ်သုံးလို့ရပါတယ်။ အဲဒီလို tissue masks တွေ သုံးမယ့်အစား မျက်နှာလိမ်းခရင်မ်လေးတွေ သုံးလို့ရပါတယ်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။