ပျော်ပျော်နေတတ်တဲ့ကောင်လေးတွေကို ဘာကြောင့်ချစ်သူတော်သင့်တာလဲ

blank

၁။ ဆွဲဆောင်မှုရှိတယ်။

ဟာသဉာဏ်ဆိုတာ အခြေအနေအချိန်အခါပေါ်မူတည်ပြီး လျှပ်တစ်ပြက် အရွှန်းဖောက်နိုင်တဲ့ ပင်ကိုယ်ပါရမီတစ်မျိုးပါ။ သင့်ချစ်သူ ဘယ်အချိန်မှာ ဘယ်လိုအရွှန်းထဖောက်မယ်ဆိုတာ သင်မခန့် မှန်းနိုင်တာကိုက သင့်ချစ်သူရဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။

၂။ အမြဲတမ်းရယ်မောနေရတယ်။

သင်တို့နှစ်ဦးအတူရှိနေချိန်မှာ သင့်ချစ်သူရဲ့ ရယ်စရာဟာသတွေကြောင့်အမြဲရယ်မောနေရ တာကြောင့် သင့်မှာ ပျင်းချိန်တောင်မရှိပါဘူး။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၃။ စိတ်လှုပ်ရှားစရာကောင်းတယ်။

တစ်ခါတရံမှာ သင့်ကိုယ်သင်သတိမထားမိတဲ့ အပြုအမူတွေကို သင့်ချစ်သူက စစ်စစ်ပေါက် ပေါက်မြင်ပြီး ဟာသလေးတွေနဲ့ ရယ်စရာဖြစ်အောင်ပြုလုပ်တတ်တယ်။ ဒါဟာ သင့်အတွက်တော့ စိတ်လှုပ်ရှားပျော်ရွှင်စရာပါ။

၎။ သင့်ခက်ခဲချိန်တွေကို ပေါ့ပါးစေတယ်။

ဟာသဓာတ်ခံရှိသူတွေရဲ့ အားသာချက်က အခက်အခဲတွေကိုတောင် ပေါ့ပေါ့ပါးပါးရင်ဆိုင် ဖြေရှင်းတတ်ကြတာပါပဲ။ သင့်မှာ အခက်အခဲတွေကြုံလာရင်လည်း သင့်ချစ်သူက သင့်ပူပန်မှုတွေကို လျော့ပါးအောင် ကူညီဖြေရှင်းပေးနိုင်မယ့်သူပါ။

၅။ သင့်သူငယ်ချင်းတွေနဲ့လည်း အဆင်ပြေတယ်။

သူငယ်ချင်းတွေနဲ့အတူရှိနေချိန်မှာ သင့်ချစ်သူကြောင့်ရယ်မောပျော်ရွှင်ရတဲ့အတွက် သင့် သူငယ်ချင်းတွေကလည်း သင့်ချစ်သူအပေါ် ခင်မင်ကြတယ်။

၆။ ဘဝအမြင်သစ်တွေ တိုးလာတယ်။

ဘဝကို ပျော်ရွှင်အောင်တည်ဆောက်နေတဲ့သင့်ချစ်သူဆီကနေ ဘဝကို ဘယ်လိုပျော်ရွှင် အောင်တည်ဆောက်နည်းလေးတွေ သိမြင်လာတဲ့အတွက် သင့်နေ့ရက်တွေတိုင်းကို ပိုတန်ဖိုးထား တတ်လာတယ်။

၇။ ပျော်ရွှင်မှုတွေကို ဝေမျှတတ်လာတယ်။

စိတ်အကြည်ဓာတ်ဆိုတာ ကူးစက်တတ်ပါတယ်။ သင့်ကိုပျော်ရွှင်အောင်လုပ်ပေးတဲ့ သင့်ချစ် သူကြောင့် သင့်ပျော်ရွှင်မှုလေးတွေကိုလည်း အခြားသူတွေအပေါ် ပြန်မျှဝေပေးတတ်လာတယ်။

၈။ ရန်ဖြစ်ရချိန်နည်းတယ်။

ပြဿနာတစ်ရပ်ဆီဦးတည်နေတဲ့အခြေအနေမျိုးမှာတောင် သင့်ချစ်သူက ဟာသဉာဏ်နဲ့ ပေါ့ပေါ့ပါးပါးဖြစ်အောင် ဖြေရှင်းနိုင်ပါတယ်။ ဒါကြောင့် ရန်လည်းခဏခဏဖြစ်စရာမလိုတော့ပါဘူး။

၉။ စာနာတတ်ကြတယ်။

တကယ်တော့ သူတစ်ပါးကို ရယ်မောပျော်ရွှင်အောင်ပြုလုပ်ပေးတတ်တဲ့သူတွေဆိုတာ သူတစ် ပါးရဲ့ခံစားချက်ကို ဂရုစိုက်တတ်ကြသူတွေပါ။ ဒါကြောင့် သင်လည်း သင့်ခံစားချက်ကို စာနာတတ်တဲ့ ချစ်သူမျိုးကို ရရှိထားတာဖြစ်ပါတယ်။

၁ဝ။ သင်ငိုကြွေးနေချိန်မှာ ပြုံးရယ်အောင်လုပ်ပေးတယ်။

အခြားသူတွေကိုတောင် ပျော်ရွှင်အောင်လုပ်ပေးတဲ့သင့်ချစ်သူဟာ သင်ငိုကြွေးနေချိန်မှာ သင့် ကို ပျော်ရွှင်အောင်လုပ်ပေးလိမ့်မယ်ဆိုတာ သံသယဝင်စရာမလိုပါဘူး။ သင့်ချစ်သူဟာ သင်စိတ်ညစ် နေချိန်မှာ သင့်ကို ပျော်ရွှင်အောင်လုပ်ပေးနိုင်မယ့် အကောင်းဆုံးချစ်သူပါ။

ကဲ… သင့်မှာလည်း သင့်ကိုအမြဲပြုံးစေတဲ့၊ သင့်နေ့ရက်လေးတွေကို ပျော်ရွှင်အောင်ပြုလုပ် ပေးတတ်တဲ့ ချစ်သူတစ်ယောက် ရှိနေတယ်ဆိုရင် သင်ဟာ ကံကောင်းတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေပြီဆိုတာ ယုံကြည်လိုက်ပါနော်။ သင့်ချစ်သူရဲ့နာမည်ကို mention ခေါ်ရင်း သူ့ချစ်ခြင်းတွေကို အသိအမှတ်ပြုကြောင်း ပြသလိုက်ပါလားရှင်။

ဆောင်းပါးလေးကို နှစ်သက်သဘောကျတယ်ဆိုရင် SHARE လိုက်ပါဦး။