ယောက်ျားတွေတန်ဖိုးထားတဲ့ ထက်မြက်တဲ့မိန်းမဆိုတာ

blank

အမျိုးသားအများစုရဲ့ အထင်ကြီးလေးစားခြင်း၊ လိုချင်တပ်မက်ခြင်းခံရတဲ့ အမျိုးသမီးတွေဟာ များသောအားဖြင့် လွတ်လပ်တဲ့၊ မှီခိုမှုကင်းတဲ့၊ ထက်မြက်တဲ့အမျိုးသမီးတွေပဲဖြစ်ပါတယ်။ ထက်မြက်တဲ့မိန်းကလေးတွေရဲ့ အများနဲ့မတူ တစ်မူထူးခြားတဲ့အကျင့်စရိုက်လေးတွေက ပုရိသတွေကို ဆွဲဆောင်နိုင်ရုံသာမက၊ အထင်ကြီးလေးစားမှုကိုပါ အရယူနိုင်ပါတယ်။ ဘယ်လိုအကျင့်စရိုက်လေးတွေလည်းဆိုတာ အောက်မှာ ဆက်လက်ဖော်ပြပေးထားပါတယ်။

၁။ ယောက်ျားတစ်ယောက်ကို လွယ်လွယ်နဲ့ ပြန်မချစ်တတ်ကြဘူး။

ထက်မြက်တဲ့မိန်းမတစ်ယောက်ရဲ့အချစ်ကို ဘယ်ယောက်ျားကမှ လွယ်လွယ်မရနိုင်ပါဘူး။ စကားလုံးလှလှလေးတွေနဲ့ ချဉ်းကပ်လာတဲ့ ကောင်လေးချောချောလေးတွေထက် သူတို့အပေါ်လေးနက်ပြီး တကယ့်ကိုဇွဲရှိတဲ့သူတွေကိုသာ ရွေးချယ်တတ်ကြပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ အချစ်စစ်ကို ယုံကြည်ကြတယ်။

ထက်မြက်တဲ့မိန်းမတွေဟာ အချစ်စစ်ကို တန်ဖိုးထားတတ်ကြသလို မျက်နှာမများတတ်ကြပါဘူး။

၃။ အချစ်ရေးမှာ ဘယ်တော့မှ မလှည့်စားတတ်ကြဘူး။

ထက်မြက်တဲ့မိန်းမသားတွေဟာ ကိုယ့်ကိုယ်ကို ဘယ်တော့မှ မလိမ်ညာကြဘူး။ မိမိရဲ့ခံစားချက်တွေကို အလေးထားတတ်ပြီး သူတစ်ပါးကိုလည်း မလှည့်စားကြပါဘူး။

၎။ ဂုဏ်သိက္ခာကို လုံးဝအထိခိုက်မခံကြဘူး။

ထက်မြက်တဲ့အမျိုးသမီးတွေဟာ သူမတို့ရဲ့ တန်ဖိုး၊ ဂုဏ်သိက္ခာ၊ တန်းတူညီမျှမှု၊ လုံခြုံမှုတွေအတွက် အမျိုးသားတွေနဲ့ သူတစ်ပြန်ကိုယ်တစ်ပြန် စကားနိုင်လုရလည်း အရှုံးမပေးတတ်ကြပါဘူး။ ကိုယ့်ကို အထင်သေးစေတဲ့ကိစ္စရပ်တွေကို အလျှော့မပေးတတ်တာ ထက်မြက်တဲ့မိန်းမတွေရဲ့ စရိုက်လက္ခဏာတစ်ခုပါ။

၅။ တစ်ယောက်တည်းဖြစ်နေမှာကို လုံးဝမကြောက်ကြဘူး။

သူတို့ကိုယ်တိုင်က ပြည့်စုံနေပြီဖြစ်တဲ့အတွက် သူတို့ကိုအဖော်ပြုပေးဖို့ ဘယ်သူ့ကိုမှ မလိုအပ်တော့ပါဘူး။ သူငယ်ချင်းတွေ၊ အလုပ်ကိစ္စတွေ၊ ဝါသနာတွေနဲ့တင် ဘဝရဲ့ပျော်ရွှင်မှုအနှစ်သာရကို ခံစားတတ်ကြပါတယ်။ ဒါ့ကြောင့်လည်း သူတို့နဲ့သင့်တော်မယ့် လက်တွဲဖော်ကောင်းကို အချိန်ပေးပြီး ရှာဖွေနိုင်ကြပါတယ်။

ထက်မြက်တဲ့မိန်းမသားတွေဟာ သူတို့ရဲ့အားနည်းချက်တွေထက် အားသာချက်တွေကို ပိုပြီးအာရုံစိုက်တတ်ကြပါတယ်။ သူတို့မှာလည်း သာမန်မိန်းမတွေလို စိတ်မလုံခြုံမှုအနည်းနဲ့အများရှိတတ်ပေမယ့် ဒီလိုကြောက်စိတ်ကြောင့် သူတို့ရဲ့အခွင့်အရေးတွေကို အဆုံးရှုံးမခံတတ်ကြပါဘူး။ ကျွန်မတို့မိန်းမသားတွေ ထက်မြက်ပြီး အမှီအခိုကင်းကင်းနဲ့ နေထိုင်လေလေ၊ ကျွန်မတို့ကို ယောက်ျားတွေက တန်ဖိုးထားလေးစားလေလေဖြစ်ပါတယ်။

ဂန္ထဝင်ပရိသတ်ကြီးရေ… သင်လည်းပဲ ထက်မြက်ပြီး စိတ်ဓာတ်ခိုင်မာတဲ့ မိန်းမသားတစ်ယောက်လား။ ဟုတ်တယ်ဆိုရင်တော့ ဒီစာစောင်လေးကို ဂုဏ်ယူစွာ SHARE လိုက်ပါလို့ အကြံပေးပါရစေရှင်။