ပျိုမေတိုင်း တစ်သက်မှာ တစ်ခါတော့ လုပ်ကြည့်သင့်တဲ့ အလှအပရေးရာအဖြာဖြာ

blank

ဂန္ထဝင်ပရိသတ်ကြီးရေ

မိန်းကလေးတိုင်း အလှကြိုက်ကြတာ သဘာဝပဲမဟုတ်လား။ မိန်းကလေးတစ်ယောက် အတွက် ဆံဖျားကခြေဖျားအထိ အသုံးပြုစရာအလှကုန် ပစ္စည်းတွေများပြားလှတဲ့ ဒီခေတ်ကြီးမှာ မိန်းကလေးတိုင်း တစ်ယောက်တစ်မျိုးစီလှနေကြတာမဟုတ်လား။ တစ်နေ့တစ်မျိုးပြောင်းနေတဲ့ ဖက်ရှင်တွေကို အမြဲလိုက်လုပ်ဖို့ မလွယ်ကူပေမယ့် မိန်းကလေးတစ်ယောက်အနေနဲ့ မိမိရှိရင်းစွဲ အလှတွေကို ဆန်းသစ်ထူးခြားသွားအောင် ပြင်ဆင်နိုင်မယ့် နည်းလမ်းလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းမှ တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ ဆံပင်ကို တစ်ခါမှမဆိုးဖူးတဲ့ အရောင်တောက်တောက်တွေဆိုးကြည့်ပါ။

သင့်ဆံပင်ကို အရောင်တောက်တောက်ဆိုးကြည့်လိုက်ပါ။ အကြာကြီးခံတဲ့ ဆေးတွေ မဆိုးရဲဘူးဆိုရင်တောင် တစ်ပတ်လောက်ပဲခံတဲ့ ဆေးဖြစ်ဖြစ် ဆိုးကြည့်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ အမွှေးချွတ်ပါ။

လက်ပြတ်လေးတွေ၊ စကတ်တိုတိုလေးတွေဝတ်တဲ့အခါ  လှလှပပလေးဖြစ်နေစေဖို့  လက်မောင်းနဲ့ခြေသလုံးတွေကို အမွှေးချွတ်ပါ။ အနည်းငယ်နာကျင်ပေမယ့် မိန်းကလေးတွေဟာ အလှအပအတွက် အနာခံနိုင်ပြီးသားပါ။

၃။ နှုတ်ခမ်းနီ ရဲရဲဆိုးပါ။

တစ်ချို့သော မိန်းကလေးတွေဟာ နှုတ်ခမ်းနီအရောင်ရဲရဲတွေကို ဆိုးကြည့်ဖို့တွန့်ဆုတ်နေတတ်ကြပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာ နှုတ်ခမ်းနီ အနီရောင်လေးနဲ့ တစ်ခါလောက်တော့ လှပအောင်ပြင်ဖူးသင့်ပါတယ်။

၎။ သင့်ရဲ့ကိုယ်ပိုင်ရနံ့တစ်ခုကို ရှာဖွေပါ။

သင့်ရဲ့ရည်းစားဟောင်းက အဲဒီရေမွေးအနံ့ရလို့ သင့်ကိုသတိရသွားပါတယ်လို့ ဖြစ်သွားတဲ့ အထိ သင့်ကိုအမှတ်အသားပြုစေမယ့် သင့်စိတ်ကြိုက် ရေမွေးနံ့တစ်ခုကို ရွေးချယ်ထားပါ။

၅။ တစ်ခါမှမလုပ်ဖူးတဲ့ အသစ်အဆန်းတွေကို စမ်းကြည့်ပါ။

ဆံပင်တိုတိုညှပ်ကြည့်ပါ။ တစ်ခါမှမဆိုးဖူးတဲ့ လက်သည်းနီအရောင်တွေဆိုးကြည့်ပါ။ အသစ်အဆန်းတွေလုပ်ကြည့်ခြင်းဟာ စိတ်လက်ပေါ့ပါးစွာ လှပစေတတ်ပါတယ်။

၆။ သင်နဲ့လိုက်ဖက်တဲ့ အလှပြင်နည်းတွေကို သိရှိပါ။

သင်နဲ့လိုက်ဖက်တဲ့အလှပြင်နည်းတွေ၊ မလိုက်ဖက်တဲ့ အလှပြင်နည်းတွေကို မှတ်ထားပါ။ အရေးကြီးတဲ့ပွဲတွေတက်စရာရှိတဲ့အခါ တစ်ရက်လောက်ကြိုပြီး မိတ်ကပ်အစမ်းလိမ်းကြည့်ထားပါ။ ကိုယ်နဲ့မလိုက်ဖက်တဲ့ အရာတွေကို နောက်တစ်ခါ ဘယ်တော့မှ မစမ်းကြည့်ပါနဲ့။

၇။ သင့်ရဲ့ ကိုယ်ပိုင်ဒီဇိုင်းတစ်ခုဖန်တီးထားပါ။

သင့်ကိုဘယ်သူနဲ့မှ မတူတဲ့ မိန်းကလေးတစ်ယောက်အဖြစ်မြင်အောင် သင့်ရဲ့ ကိုယ်ပိုင် အလှပြင်တဲ့ ဒီဇိုင်းတစ်ခုရှိပြီးဖြစ်ပါစေ။ သင်နဲ့သင့်တော်အဆင်ပြေတဲ့ ဒီဇိုင်းပညာရှင်တွေ့ထား တယ်ဆိုရင်လည်းလက်မလွှတ်ပါနဲ့။

၈။ သင့်အသားအရေနဲ့ ဓာတ်တည့်တဲ့ အလှကုန်ပစ္စည်းတွေကိုပဲ သုံးပါ။

တစ်ခါတစ်ရံမှာ နာမည်ကြီးတံဆိပ်တွေကတောင်မှ ဓာတ်မတည့်မှုတွေကို ဖြစ်စေတတ်တာမို့ သင့်အသားအရေနဲ့ ဓာတ်တည့်တဲ့ တံဆိပ်တွေကိုပဲ ရွေးချယ်အသုံးပြုပါ။

၉။ ကျန်းမာရေးကို လိုက်စားပါ။

ကျန်းမာခြင်းဟာ အလှအပရေးရာအတွက် အရေးပါတဲ့ အရာဖြစ်တာကြောင့် ကျန်းမာရေးကို လည်းလေ့လာလိုက်စားပါ။

သင်လည်း တစ်သက်မှာ တစ်ခါလောက်တော့ လုပ်ဖူးချင်တဲ့ အလှအပရေးရာ အဖြာဖြာလေးတွေရှိရင်လည်း comment box မှာ မျှဝေပါဦး။