ဂရုဏာသက်ဖွယ် မိန်းမသားတို့၏ ဘဝ

blank

“ယောက်ျားတွေ လူပျိုကြီး ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းများ “ဆိုတဲ့ ခေါင်းစဉ် နဲ့ ဟာသလေးတစ်ပုဒ် ကြားဖူးပါတယ်။

“မိန်းမတွေကို အရွယ်သုံးမျိုး ခွဲထားတယ်။

ပထမအရွယ်က မိဘကို ဒုက္ခပေးတဲ့အရွယ်။

ဒုတိယ အရွယ်က လင်ယောက်ျားကို ဒုက္ခပေးတယ်အရွယ်။

တတိယ အရွယ်ကတော့ သားသမီးတွေ၊ မြေးမြစ် တွေကို ဒုက္ခပေးတာမို့ ဘယ်အရွယ်မှာ ယူရမှန်းမသိလို့ လူပျိုကြီး ဖြစ်သွားရခြင်းပါ” တဲ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အထက်ပါ ဟာသလေးကနေ ဆက်စပ်တွေးမိတဲ့ မိန်းမသားတို့ရဲ့ ဘဝအစစ်အမှန်ကို ခံစားတင်ဆက်လိုက်ရပါတယ်။ လောကနိယာမအရ ဘယ်ကိစ္စမဆို အကြောင်းရှိမှ အကျိုးဖြစ်လာတာပါ။ ဒီလို မိန်းမတွေကို ပျက်ရည်ပြုထားတဲ့ စာရဲ့နောက်ကွယ်မှာ နားလည်ရခက်တဲ့မိန်းမသားတွေ ရဲ့ ဘဝအမှန်ရှိနေပါတယ်။

၁။ ပထမအရွယ်မိဘတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်းက

မိန်းကလေး အများစုဟာ အမြဲချုပ်ချယ် ကန့်သတ်ခံနေရတာမို့ အရာရာ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ဆုံးဖြတ်လုပ်ကိုင်ခွင့် မရှိပါဘူး။ ဒါကြောင့် သူတို့ဆန္ဒတွေ အကောင်အထည်ဖော်နိုင်ဖို့ မိဘမောင်ဖွားတွေကိုပဲ အပူကပ် ရပါတယ်။ ဒီလိုအသေးစိတ်လေးတွေက အစ လိုက်စီစဉ်ပေးနေရတဲ့ အတွက် မိဘတွေကို ဒုက္ခပေးသလို ဖြစ်သွားတာပါ။

၂။ ဒုတိယ အရွယ်မှာ လင်ယောက်ျားကို ဒုက္ခပေးတယ် ဆိုတယ်ဆိုတာကတော့

အိမ်ထောင်တစ်ခုမှာ မိန်းမတွေဟာ “စီးတဲ့ရေ ဆယ်တဲ့ ကန်သင်း” ဆိုသလို လင်ယောက်ျားရှာထားသမျှကို အလဟသတ် မဖြစ်ရအောင်   စီမံခန့်ခွဲရတာကတစ်ကြောင်း၊ များပြားလှတဲ့ အိမ်မှုကိစ္စတွေကို တာဝန်ယူရတာက တစ်ကြောင်း၊ သားသမီးတွေကို ဂရုစိုက်ရတာက တစ်ကြောင်းဖြစ်တာကြောင့် စိတ်တွေမအားလပ် ကြတော့ပါဘူး။ အဲဒီအချိန်မှာ လင်ယောက်ျားက အချိုးမပြေတာတွေဖြစ်လာခဲ့ရင် ပူညံပူညံ ပွစိပွစိ လုပ်တော့တာပါပဲ။ ဒါကို အကြောင်းမသိဘဲ အပြစ်တင်မယ်ဆိုရင်တော့ ဝမ်းနည်းစရာကောင်းလှပါတယ်။

(၃) တတိယ အရွယ်မှာ သားသမီးနဲ့ မြေးတွေကို ဒုက္ခပေးတယ်လို့ ဆိုကြပါတယ်။

ဒီလိုဖြစ်သွားစေတဲ့ အဓိက အကြောင်းအရင်းကတော့

မိန်းမတွေဟာ ဘဝရဲ့ သုံးပုံနှစ်ပုံလောက်ကို သူတို့ဆန္ဒတွေ အမြဲ ချုပ်တီးနေခဲ့ရတာမို့ ဘဝရဲ့နောက်ဆုံး အချိန်မှာတော့ သူတို့ရဲ့ ဖြစ်ချင်စိတ်လေးတွေ၊ သူတို့ဆန္ဒလေးတွေ ခေါင်းထောင်လာကြပါပြီ။ ဒီအချိန်မှာ သူတို့ စိတ်တွေခက်ထန်လာပြီး ဘဝ တစ်လျှောက်လုံး ဖြစ်ချင်ခဲ့တဲ့ဆန္ဒတွေကို ဇွတ်တောင်းဆို တော့တာပါပဲ။ ဒီအချိန် အနားမှာရှိတဲ့ သားသမီးတွေကလည်း သူတို့အလုပ်တာဝန်တွေက များတော့ ဒါကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို ခံစားရစေတာ ဖြစ်ပါတယ်။

အရာတိုင်းဟာ ကြောင်းကျိုး ဆက်စပ်မှုရှိတာကြောင့် ပြဿနာတစ်ခုဖြစ်လာရင် လက်ရှိအခြေအနေထက် ပြဿနာရဲ့ အရင်းအမြစ်ကို သေချာနားလည်ပြီး ဖြေရှင်းမယ်ဆို လောကကြီး ဒီထက်ပိုပြီး စိတ်ချမ်းမြေ့ဖို့ ကောင်းမှာမလွဲပါပဲ။

သဘောကျ နှစ်သက်ခဲ့ရင် Share။