ရာသီခွင်အလိုက် သင်ဘယ်လိုချစ်သူမျိုးလဲဆိုတာ သိလိုဘာသလား

blank

၁။ မိဿရာသီဖွား (Aries )

မတ်လ (၂၁)  မှ ဧပရယ်(၁၉) ရက်အတွင်းမွေးဖွားသူများ

မိဿရာသီဖွားတွေဟာ တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးပြီဆို တကယ့်ကို အသဲအသန်ပါပဲ။ အစားအသောက်ကိုတောင် သတိမရလောက်တဲ့အထိ စိတ်ကူးတွေနဲ့ ကျေနပ်နေတတ်သူတွေပါ။

၂။ ပြိဿရာသီဖွား (Taurus )

ဧပရယ် (၂၀ )မှ မေလ(၂၀) ရက်အတွင်း မွေးဖွားသူများ

ပြိဿ ရာသီဖွားတွေဟာ တစ်စုံတစ်ယောက်ကို ချစ်မိသွားပြီဆိုတာနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုတောင် မေ့ကုန်တတ်ကြတယ်။ သူတို့အတွေးတွေ၊ လုပ်ရပ်တွေဟာ ချစ်သူ့အတွက်ပဲ ဖြစ်နေပါတော့တယ်။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂၀) ရက်အတွင်းမွေးဖွားသူများ

မေထုန် ရာသီဖွားတွေဟာ တစ်စုံတစ်ယောက်ကို စွဲစွဲလန်းလန်းချစ်မိပြီဆိုရင် တစ်ကိုယ်တည်း အတွေးကမ္ဘာထဲမှာ နစ်မျောရင်း ပြုံးပျော်နေတတ်ကြတယ်။ ဒါက လူမျာတွေ သတိထားမိသွားရင်တော့ ချစ်စဖွယ် ဟာသလေးတစ်ခုပေါ့။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

ကရကဋ် ရာသီဖွားတွေဟာ တစ်စုံတစ်ယောက်ကို ချစ်မိသွားပြီဆိုတာနဲ့ အရာအားလုံး ပြီးပြည့်စုံ နေသလိုခံစားတတ်ကြပါတယ်။ ကိုယ့်ချစ်သူမှာ ရှိနေတဲ့ အပြစ်အနာဆာတွေကိုတောင် မျက်ကွယ်ပြုတတ်ကြတယ်။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

အရင်က ကပိုကရိုနေတတ်တဲ့ သိဟ် ဖွားတွေဟာ တစ်စုံတစ်ယောက်ကို ချစ်မိသွားပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကို ပိုပြီးဂရုစိုက်တတ်လာကြပါတယ်။ နောက် ကိုယ့်ချစ်သူအတွက် အသေးအဖွဲကိစ္စလေးတွေက အစ ဂရုတစိုက် ဖြည့်ဆည်းပေးလာကြပါတယ်။

၆။ ကံရာသီဖွား (Virgo )

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

ကံရာသီ ဖွားတွေကတော့ အချစ်ရေးနဲ့ပတ်သက်လာရင် သိပ်ကို စိတ်ကူးယဉ် တတ်ကြသူတွေပါ။ ချစ်သူနဲ့ ရင်ခုန်စိတ်လုပ်ရှားဖွယ် အချိန်လေးတွေကို တွေးတောရင်း ပျော်နေတတ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် ဖေးမကူညီနေရတာတွေကို သဘောကျနှစ်သက်သူတွေပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

Libra ဖွားတွေဟာ လူတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ မျက်စိစုံမှိတ်ပြီး ချစ်ခြင်းထဲ စီးမျောလိုက်ပါသွားကြသူတွေပါ။ တစ်ချိန်လုံး ဆက်သွယ်နေချင်တော့တာပါပဲ။ တစ်ဖက်က ပြန်မဆက်သွယ်ဘူးဆိုရင်လည်း စိတ်တွေပူတတ်ကြတယ်။ စကားပြောတဲ့အခါမှာ တစ်ဖက်လူရဲ့ စိတ်ပါဝင်စားမှုရဖို့လည်း အရမ်းဂရုစိုက်တတ်ကြတယ်။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်းမွေးဖွားသူများ

ဗြိစ္ဆာရာသီဖွားတွေဟာ အချစ်ရေးနဲ့ ပတ်သက်လာရင် လက်တွေ့ကျကျ တွေးခေါ်တတ်ကြသူတွေပါ။ သင့်တော်တဲ့သူနဲ့ လက်တွဲရတဲ့အချိန်မှာ ငယ်ငယ်ရွယ်ရွယ်ကတည်းက သူနဲ့ ဘာလို့ မဆုံစည်းခဲ့ပါလိမ့်ဆိုပြီး နှမြောတသစိတ်တွေနဲ့ တွေးတောတတ်ကြတယ်။ ချစ်သူဘေးမှာ ရှိနေရင် ဘယ်လောက်ဆိုးရွားတဲ့ လောကဓံပဲ ဖြစ်နေပါ့စေ ရင်ဆိုင်ဖို့ အသင့်ရှိနေတတ်ကြပါတယ်။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ဓနုရာသီဖွားတွေဟာ အချစ်ရေးမှာတော့ သိပ်ကိုသဝန်တိုတတ်ကြသူတွေပါ။ တခြားသူတွေနဲ့ စကားဖောင်ဖွဲ့နေတာမျိုးတွေကို မနှစ်သက်ကြပါဘူး။ ဘယ်လောက်ချစ်လဲဆိုရင်တော့… စိတ်ဆိုးနေတဲ့ အချိန်မှာတောင် သတိရလွမ်းဆွေးနေတတ်ပါတယ်။

၁၀။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

မကာရ ရာသီဖွား တွေဟာ အချစ်ရေးမှာ သိပ်ကိုချစ်တတ်ကြတဲ့ သူတွေပါ။ သူတို့စိတ်ဝင်စားတဲ့သူရဲ့ ချစ်စရာလေး ဟန်ပန်အမူအရာလေးတွေကိုပဲ တွေးတောနေတတ်ကြတယ်။ ချစ်သူရဲ့အကျင့်ဆိုးလေးတွေကိုတောင် ချစ်စရာလေးတွေလို့ ဖြေတွေးတတ်ကြသူတွေပါ။

၁၁။ ကုံရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ

ကုံရာသီဖွားသူတို့ဟာ သူတို့ချစ်သူနဲ့ပတ်သက်လာရင် အရမ်းကို ဂုဏ်ယူတတ်ကြပါတယ်။ သူငယ်ချင်းတွေ မိသားစုဝင်တွေကို သူ့အကြောင်း တဖွဖွ ပြောပြနေလေ့ရှိတယ်။ ပြီးတော့  ချစ်သူကို အခင်ရဆုံးမိတ်ဆွေတွေနဲ့ ပေးတွေ့ချင်တာဆို အလွန်ပါပဲ။

၁၂။ မိန်ရာသီဖွား (Pisces )

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ(၂၀) ရက်အတွင်းမွေးဖွားသူများ

မိန်ရာသီဖွားတွေဟာ ချစ်သူအတွက် ဘာမဆို ဖြည့်ဆည်းပေးနေချင်ကြသူတွေပါ။ အခြားသူတွေ ဘာပဲပြောပြော သူ့နားမှာ တစ်ချိန်လုံး ရပ်တည်ပေးဖို့ အသင့်ရှိနေတယ်။

Share ဖို့မမေ့နဲ့နော်။