စိတ်ကျရောဂါဟာ ကြုံတွေ့နေရတဲ့ ကျရှုံးမှုတွေ၊ ပြဿနာတွေ၊ အခက်အခဲတွေကြောင့်တင် ဖြစ်နိုင်တာမဟုတ်ပါဘူး။ စားသောက်နေတဲ့ အစားအသောက်တွေကြောင့်လည်း စိတ်ကျရောဂါဖြစ်စေနိုင်ပါတယ်။
ဟမ်ဘာဂါ၊ ပီဇာနဲ့ စက်ရုံထုတ်ကိတ်မုန့်တွေလိုမျိုး fast food တွေကို စားသုံးသူတွေဟာ အခြားသူတွေထက်ပိုပြီး စိတ်ကျရောဂါဖြစ်နိုင်ခြေများတာကို မကြာသေးမီကမှ လေ့လာတွေ့ရှိခဲ့ရပါတယ်။
တိတိကျကျ ပြောရရင်တော့ fast food စားလေ့ရှိတဲ့သူတွေက fast food မစားတဲ့သူတွေထက် စိတ်ကျရောဂါဖြစ်ပွားနိုင်ခြေ ၅၁ % ပိုပြီး များတယ်လို့ သိရပါတယ်။
ဒီလိုမျိုး ကျန်းမာရေးနဲ့မညီတဲ့ အသင့်စားအစားအစာတွေ များများစားလေ စိတ်ကျရောဂါဖြစ်နိုင်ခြေ ပိုများလေလေပါပဲ။ တစ်ခါတလေ နည်းနည်းစားမိရင်တောင် စိတ်ကျရောဂါဖြစ်နိုင်ခြေကို မြှင့်တင်ပေးနိုင်ပါတယ်။
စိတ်ကျရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်မယ့် အာဟာရဓာတ်တွေလည်း ရှိနေပါသေးတယ်။ ဗီတာမင် ဘီအုပ်စု၊ omega-3 fatty အက်ဆစ်ဓာတ်နဲ့ သံလွင်ဆီတို့က စိတ်ကျရောဂါကို ကာကွယ်ကုစားပေးနိုင်တဲ့ အာဟာရအရင်းအမြစ်တွေပါပဲ။
ဒါကြောင့် စိတ်ကျရောဂါမဖြစ်အောင် စိတ်ကို ပေါ့ပါးပျော်ရွှင်စွာ နေရုံနဲ့ မရပါဘူး။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ fast food တွေကိုရှောင်ပြီး စိတ်ကျရောဂါကို ကာကွယ်ပေးတဲ့ အာဟာရဓာတ်တွေကို များများမှီဝဲဖို့ တိုက်တွန်းလိုက်ပါရစေရှင်။
မှတ်သားစရာတစ်ခုခုရလိုက်ရင် SHARE လိုက်ပါ။