ချစ်သူနှစ်ဦးအတွက် အပန်းဖြေစရာ အသဲပုံ ကျွန်းလေး

blank
Photo Credit: allwomenstalk.com

အသဲနှလုံး ပုံသဏ္ဍန်ပေါ်နေတဲ့ အယ်ဒရီရဲတစ် (Adriatic) ပင်လယ်ထဲမှာရှိတဲ့ ဂယ်လက်စ်ဂျက်ခ် (Galesnjak) ကျွန်းဟာ ချစ်သူများနေ့မှာ အပန်းဖြေစရာ အကောင်းဆုံးထဲက တစ်ခုအပါအဝင် ဖြစ်လာခဲ့ပါတယ်။ အဆိုပါကျွန်းကို ခရီးသွားစိတ်ဝင်စားသူတွေ Google Search မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ပိုင်ရှင်ကိုယ်တိုင်ပင် မိမိကျွန်း အသဲနှလုံးပုံသဏ္ဍန် ပေါ်နေသည်ကို လာရောက်လည်ပတ် လိုသူများ ကမ်းလှမ်းမှ သိရှိရခြင်းဖြစ်သည်။ လူမနေထိုင်တဲ့ ကျွန်းတစ်ကျွန်း ဖြစ်တာကြောင့် အားလပ်ရက် ရိုမန်းတစ်ဆန်ဆန် အေးချမ်းတိတ်ဆိတ်စွာ အနားယူဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျရင် Share ပေးဖို့မမေ့နဲ့နော်။