ချစ်ခွင့်ပန်ပြီးနောက် စိတ်လှုပ်ရှားလွန်ပြီး တောင်စွန်းမှ ပြုတ်ကျ သေဆုံးသူ မိန်းကလေး

blank
photo reference: http://elitedaily.com/

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ဟာ ဒီမီထရိုဗာ (Dimitrina Dimitrova) အတွက် ကြည်နူးစရာလေးတွေနဲ့ စတင်ခဲ့ပေမဲ့ ဝမ်းနည်းကြေကွဲဖွယ် အဆုံးသတ်သွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်ကမှ ရောက်ရှိလာခဲ့တဲ့ ကယ်လာ တာရီဒါ (Cala Tarida) တောင်စွန်းလေးမှာ သူမသိပ်ချစ်သူလေးရဲ့ ချစ်ခွင့်ပန်တာကို ခံခဲ့ရသူပါ။ ပျော်လွန်းလို့ ခုန်ပေါက်နေရာကနေ ဟန်ချက်ပျက်ပြီး ချောက်ထဲ ပြုတ်ကျသွားခဲ့ပါတယ်။ ချက်ချင်းသေဆုံးမသွားပေမဲ့ ကယ်ဆယ်ရေးအဖွဲ့ရောက်လာချိန်မှာ  ဒါဏ်ရာပြင်းထန်မှုနဲ့ နှလုံးဖောက်သွားမှုကြောင့် သေဆုံးသွားခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကံဆိုးရှာတဲ့ ဒီမီထရိုဗာရဲ့ ချစ်သူဟာ အဲဒီတောင်စွန်းပေါ်မှာ ချစ်ခွင့်ပန်ဖို့ ရွေးချယ်လိုက်တာဟာ သိပ်ကို သာယာလှပပြီး စိတ်ကူးယဉ်ဆန်တဲ့ နေရာလေးတစ်ခု ဖြစ်နေလို့ပါတဲ့။

စာနာထောက်ထားမိရင် SHARE