အဝတ်အစား ရွေးချယ်ရင်း အချိန်ကုန်လို့ စိတ်ညစ်နေပါသလား

blank
Photo Reference: http://www.engadget.com/2015/01/13/neiman-marcus-memory-mirror/

ဝတ်စုံသစ်တစ်စုံ ဝယ်တော့မယ်ဆို ရွေးရတာ အချိန်အရမ်းကုန်ပြီး တစ်ထည်ပြီးတစ်ထည် ခဏခဏ လဲဝတ်ကြည့်ရတာ စိတ်ညစ်ဖို့ကောင်းလွန်းပါတယ်။ ယခု အမေရိကနိုင်ငံက ဖက်ရှင်စတိုး နီမွန်မားကပ်စ်(Neiman Marcus) တီထွင်လိုက်တဲ့ မှန်ဟာ ဝတ်စုံတစ်စုံ ဝတ်ကြည့်လိုက်တာနဲ့ လက်ရှိဝတ်စုံကိုပဲ အရောင်မျိုးစုံနဲ့ ဖော်ပြပေးသွားမှာပါ။ အရောင်ရွေးတဲ့အခါ လိုက်ဖက်မှုရှိမရှိ စိတ်ပူစရာ မလိုတော့ပါဘူး။ ဒါ့အပြင် သင့်ခန္ဓာကိုယ်အချိုးအစားနဲ့ ဝတ်စုံရဲ့လိုက်ဖက်မှုကို ရှုထောင့်မျိုးစုံက ကြည့်မြင်ရမှာပါ။

ဒီဒစ်ဂျစ်တယ်မှန်မှ တစ်ဆင့် Facebook ကဲ့သို့သော Social Media တွေမှာ သင့်ဓါတ်ပုံကို Share လုပ်ပြီး သူငယ်ချင်း တွေဆီလဲ သင်နဲ့အလိုက်ဖက်ဆုံး ဝတ်စုံလေးတွေကို အကြံညဏ်တောင်း လို့ရပါတယ်။ လက်ရှိတော့ ဒီမှန်ကို ကယ်လဖိုးနီးယားတစ်ဝိုက်မှာပဲ အသုံးပြု နိုင်ပါသေးတယ်။ ဒါပေမဲ့ မကြာခင်အချိန် အတွင်းမှာပဲ အခြားနေရာ တွေမှာပါ အသုံးပြု လာနိုင်တော့မှာပါ။ အမျိုးသားတွေအတွက်လဲ အသုံးဝင်မယ်လို့ မျှော်လင့်ရပါတယ်။

Photo Reference: http://www.luxurydaily.com/
Photo Reference: http://www.luxurydaily.com/
Photo Reference: http://www.luxurydaily.com/
Photo Reference: http://www.luxurydaily.com/

 

 

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။