ခွေးတစ်ကောင်ရဲ့ ပြုစုယုယမှုအောက်မှာ ကြီးပြင်းခဲ့တဲ့ ကလေးငယ်လေး

blank
Photo Reference: http://www.oddee.com/item_99163.aspx

၂၀၀၄ခုနှစ်မှာ ၃လသား အရွယ် ကလေးတစ်ယောက်ကို မိဘတွေက ခွေးတစ်ကောင်နဲ့ အတူတူစွန့်ပစ်ခဲ့ပါတယ်။ ကလေးနာမည်က အန်ဒရီ တော်စတွိုင်း (Andrei Tolstyk) ပါ။ ကောင်လေးဟာ ဝေးကွာလွန်းလှတဲ့ ဆိုက်ဘေးရီးယားလို နေရာမျိုးမှာ အသက် ၇နှစ်အရွယ်အထိ ဘဝကို ခက်ခက်ခဲခဲ ခွေးတစ်ကောင်ကို အဖော်ပြုရင်း ရှင်သန်နေခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

လူတွေနဲ့ ဝေးဝေးနေခဲ့တာ ကြာလာတော့ ကောင်လေး စကားမပြောတတ်တော့ပါဘူး။ ခွေးလေခွေးလွင့်လေး တစ်ကောင်နဲ့ တူတူရပ်တကာ ရွာတကာ လှည့်ပြီးသွားလာနေခဲ့ပါတယ်။ လူတွေကို တွေ့ရင် ကိုက်တယ်၊ အစားအစာတွေကို မစားခင် အနံ့ခံတယ်၊ ပြီးတော့ ရိုင်းစိုင်းကြမ်းတမ်းတဲ့ အပြုအမူတွေနဲ့ပဲ ကောင်လေးဟာ ရှင်သန်နေရရှာပါတယ်။