အိမ်ထောင်ကျပြီးတဲ့နောက် ရည်းစားကိုတမ်းတနေမိတာ ကျွန်မမှားလား။

blank

ကျွန်မနဲ့မောင် အိမ်ထောင်ကျတာ ငါးနှစ်လောက်ရှိပြီ။

ကျွန်မမောင့်ကို ဝန်ခံစရာ တစ်ခုရှိတယ်။ ကျွန်မ မောင်နဲ့လက်ထပ်ပြီး လေးနှစ်လောက်ကတည်းက ကျွန်မရဲ့ ရည်းစားကို တမ်းတနေမိခဲ့တယ်။ အိမ်ထောင်ရှင်ဖြစ်ရက်နဲ့ တခြားယောက်ျားတစ်ယောက်အပေါ်မှာ စိတ်တိမ်းညွတ်ပြီး ချစ်မိနေတာ ကျွန်မအပြစ်ရှိမှန်းတော့ ကျွန်မသိပါတယ်။

ဒါပေမဲ့လေ အရင်တုန်းက ကျွန်မရည်းစားဟောင်း “သူ” ကျွန်မကို မကြာခဏပန်းစည်းလေးတွေ ပေးလေ့ရှိတယ်။ မောင်ကတော့ ကျွန်မတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ကိုတောင် မေ့နေတယ်လေ။

“သူ”က ကျွန်မကို မကြာခဏ “ချစ်တယ်” လို့ ပြောလေ့ရှိတယ်။ မောင်ကတော့ “ကလေးတစ်ယောက်တောင် ရပြီဒါတွေလိုသေးလို့လား” တဲ့။

“သူ”က ကျွန်မကြိုက်နှစ်သက်တဲ့စားစရာတွေကို ညစာလိုက်ကျွေးလေ့ရှိပြီး ကျွန်မသွားချင်တဲ့နေရာတွေကို လိုက်ပို့ပေးလေ့ရှိတယ်။ မောင်ကတော့ ကျွန်မလိုချင်တာတွေဝယ်ဖို့ ငွေရှာပေးရုံနဲ့ လုံလောက်ပြီလို့ ထင်နေတတ်တယ်။

“သူ”က ကျွန်မနဲ့တွေ့ပြီးနောက်မှာ သူနေထိုင်မကောင်းမှာ၊ တစ်ခုခုဖြစ်သွားမှာ စိုးရိမ်တယ်တဲ့။ ဒါ့ကြောင့် ကျွန်မကိုဂရုစိုက်ပေးသလို သူ့ကိုယ်သူလည်း ဂရုစိုက်တယ်တဲ့။ မောင်ကတော့ အလုပ်တွေလုပ်ချင်သလောက်လုပ်ပြီး သူ့ကျန်းမာရေးကို ဂရုမစိုက်ဘူး။

သူက ကျွန်မကို ကလေးလေးတွေရပြီးသွားရင် ကလေးကိုနှစ်ယောက်အတူ ပျိုးထောင်ကြမယ်တဲ့။ မောင်ကတော့ အလုပ်နဲ့လူ၊ လူနဲ့အလုပ် လုံးချာလိုက်နေတယ်လေ။

သူက သူနေထိုင်မကောင်းရင် ကျွန်မကိုပြောပြပြီး ကျွန်မဆီက ကြင်နာယုယမှုတွေ လိုချင်တယ်လို့ ပြောတယ်။ မောင်ကတော့ နေမကောင်းရင်တောင် ကျွန်မကိုမပြောဘဲ တိတ်တိတ်လေး ဆေးတွေသောက်တယ်။ သားလေးကို ဂရုစိုက်ရတဲ့ကြားထဲ ကျွန်မစိတ်ပူမှာစိုးလို့တဲ့လေ။

သူကပြောတယ်၊ ကျွန်မမနက်စာချက်နေတဲ့အခါမှာ သူကဘေးကနေ ငေးကြည့်နေမယ်တဲ့။ မောင်ကတော့ မနက်စာစားပွဲမှာတော့ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတတ်တယ်။

ကျွန်မအချိန်တိုင်း သတိရနေပြီး ချစ်နေမိတဲ့ ရည်းစားဆိုတာ ကျွန်မနဲ့ လက်မထပ်ခင်က ကျွန်မခင်ပွန်းပါပဲ။ ကျွန်မကိုအချိန်မပေးနိုင်ဘဲ အလုပ်တွေများနေတတ်တဲ့၊ မိသားစုအတွက် ငွေရှာဖို့ သူ့ကိုယ်သူ ဂရုမစိုက်တတ်တဲ့ ကျွန်မခင်ပွန်းကိုတွေ့ရင်ပြောပေးပါ။ မိန်းမတွေက အိမ်ထောင်ကျပြီးသွားရင်လည်း ရည်းစားဘဝတုန်းက ချစ်ခင်ကြင်နာမှုတွေကို အလိုရှိနေတတ်တယ်။ အိမ်ထောင်ဦးစီးအမျိုးသား ငွေတွေအများကြီးရှာပေးတာထက် ဘေးနားမှာအချိန်ပေးတာကိုလည်း အလိုရှိနေတတ်တယ်။ ရုပ်ဝတ္ထုပစ္စည်းတွေထက် ဂရုစိုက်မှုတွေကိုလည်း ငံ့လင့်နေတတ်တယ်။ အိမ်ထောင်ဦးစီးအမျိုးသား အလုပ်ကြိုးစားတာကို သဘောကျမိပေမယ့် ကိုယ့်ကိုယ်ကို ဂရုမစိုက်၊ ကျန်းမာရေးချို့တဲ့လာမှာကိုလည်း စိုးရိမ်နေတတ်တယ်။

ဒါ့ကြောင့် မောင့်ကိုပြောပေးပါ…။

ကျွန်မကိုချစ်ပါ။ ရည်းစားဘဝတုန်းကလို ဂရုစိုက်ပါ။

ကျွန်မနဲ့ သားလေးကို အချိန်ပေးပါ။ မောင့်ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။

ကျွန်မနဲ့ ညစာအတူစားပေးပါ။ ကျွန်မနဲ့ရှိနေတုန်း ဖုန်းကြည့်တာ လျှော့ပါ။

အထူးမှာချင်တာကတော့ အမျိုးသားတွေအတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အစုံအလင်ပါဝင်ပြီး သက်လုံကောင်းကျန်းမာစေတဲ့ Revicon အားဆေးကို တစ်နေ့တစ်လုံးမှန်မှန်သောက်ပါလို့။ ဒါဆိုရင်တော့ ကျွန်မရဲ့ရည်းစားကို သတိရနေတာကို ရပ်လိုက်ပြီး မောင့်အပေါ်မှာပဲ သစ္စာရှိရှိနဲ့ ချစ်ပေးပါ့မယ်လို့ ကျွန်မကိုလည်း ဂရုမစိုက်၊ သူ့ကိုယ်သူလည်း ဂရုမစိုက်တတ်တဲ့ မောင့်ကိုပြောပေးပါ။

စာချစ်သူတို့ရဲ့ ခံစားမှုရသအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Revicon တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်တဲ့ စာစောင်လေးကို နှစ်သက်တယ်ဆိုရင် ဝေမျှပေးလိုက်ပါဦး။