အပတ်စဉ် ဂန္ထဝင်ဗေဒင် ( မတ်လ ၁၁ ရက်မှ ၁၇ ရက်နေ့အထိ )

blank
 တနင်္လာသားသမီး

ဒီအပတ်မှာ ဘယ်ကိစ္စမဆို သင့်ဘက်က မှန်မှန်မှားမှားအရင် အလျှော့ပေးတတ်တာကြောင့် အဆင်ပြေပါလိမ့်မယ်။ သင့်အနီးနားက လူတွေအပေါ် မျှော်လင့်ထားတာနဲ့ တကယ်ဖြစ်လာတာတွေ လွဲနေတတ်ပါတယ်။ အချစ်ရေးမှာ ရှိနေမြဲအတိုင်းပါ။

ယတြာ- ဘုရား၊ ကျောင်းကန်အဟောင်းတွေကို တတ်နိုင်သလောက် ပြုပြင်ပါ။

အင်္ဂါသားသမီး

ဒီအပတ်မှာ အတိတ်ကိုပြန်ပြန်သွားနေတဲ့စိတ်ကနေ ရုန်းထွက်ပြီး အနာဂတ်အတွက် အာရုံစူးစိုက်နိုင်ပါလိမ့်မယ်။ အမှတ်တရဖြစ်စရာကိစ္စတွေပေါ်လာပြီး ကြည်နူးနေရတတ်ပါတယ်။ အချစ်ရေးမှာ အတိတ်ကလိုမျိုး နာကျင်စရာတွေကိုကြောက်ပြီး ရှေ့မတိုးရဲဖြစ်နေတတ်ပါတယ်။

ယတြာ- စာကြည့်တိုက်မှာ ခန်းဆီးလှူပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဗုဒ္ဓဟူးသားသမီး

ဒီအပတ်မှာ အများကြီးရင့်ကျက်လာပြီး ပြောင်းလဲလာတာကြောင့် လူသစ်တစ်ယောက်လို ဖြစ်နေပါလိမ့်မယ်။ စိတ်ဖိစီးစရာအချိန်တွေကို အမှန်တကယ်ကျော်လွှားနိုင်ပါလိမ့်မယ်။ ဆင်ခြေပေးနေတာတွေ ရပ်ပစ်မှ ချစ်သူနဲ့နီးစပ်ရပါလိမ့်မယ်။

ယတြာ- ညစဉ် ဘုရားသောက်တော်ရေ ကပ်ပါ။

ကြာသပတေးသားသမီး

ဒီအပတ်မှာ မိတ်ဆွေသစ်တွေပေးတဲ့ အကြံဉာဏ်တွေကြောင့် ပျော်ရွှင်မှုတွေ ရတတ်တယ်။ မိသားစုဝင်တစ်ယောက်ကြောင့် လိုအပ်ချက်တွေ ပြည့်စုံနေပါလိမ့်မယ်။ အချစ်ရေးမှာ အရှုပ်အထွေးတွေနဲ့ ဖြတ်သန်းနေရတတ်တယ်။

ယတြာ-  နာရေးပရဟိရအသင်းတစ်ခုမှာ အလှူငွေထည့်ဝင်ပါ။

သောကြာသားသမီး

ဒီအပတ်အတွင်း အလုပ်ကိစ္စမှာ မျှော်လင့်ထားသလောက် မဖြေရှင်းနိုင်ဖြစ်နေတတ်တယ်။ ခံစားချက်တွေလည်း ပျောက်ဆုံးနေတတ်တယ်။ ဒါပေမဲ့ သင့်ရဲ့အားသာချက်ကို လက်တွေ့အသုံးချဖြေရှင်းခြင်းဖြင့် ပြန်အဆင်ပြေသွားပါလိမ့်မယ်။ အချစ်ရေးမှာ သူငယ်ချင်းအဆင့်ကနေ တစ်ဆင့်တက်သွားပါလိမ့်မယ်။

ယတြာ- သံဃာတစ်ပါးကို သင်္ကန်းကပ်လှူပါ။

စနေသားသမီး

ဒီအပတ်မှာ သင့်ဘဝဟာ အကောင်းတစ်ဝက်အဆိုးတစ်ဝက် ဖြစ်နေပါလိမ့်မယ်။ အကောင်းမြင်စိတ်နဲ့ ဆောင်ရွက်ခြင်းဖြင့် အိပ်မက်တွေအကောင်အထည်ပေါ်လာပါလိမ့်မယ်။ အချစ်ရေးသာယာနေတာကြောင့် သင့်ကိုယ်သင် ယုံကြည်မှုတိုးနေတတ်ပါတယ်။

ယတြာ- အိမ်အနီးနားလာနားတတ်တဲ့ ငှက်လေးတွေကို အစာကျွေးပါ။

တနင်္ဂနွေသားသမီး

ဒီအပတ်မှာ အထက်လူကြီးတွေနဲ့ နားလည်မှုလွဲနေတာတွေ ရှိတတ်တာကြောင့် စိတ်ရှုပ်ထွေးနေရတတ်ပါတယ်။ ပြဿနာတွေကို လက်လျှော့မပစ်ဘဲ ကြိုးစားတတ်တဲ့သင့်အကျင့်ကြောင့် ဖြေရှင်းနိုင်ပါလိမ့်မယ်။ အချစ်ရေးမှာ ပြောင်းလဲမှုကြီးကြီးမားမားမရှိပါဘူး။

ယတြာ- ဘုရားမှာ မုန့်လုံးရေပေါ်ကပ်လှူပါ။

တိုက်ဆိုင်မှုလေးတွေပါရင် SHARE လိုက်ပါဦးနော်။