အပတ်စဉ် ဂန္ထဝင်ဗေဒင် ( ဖေဖော်ဝါရီ ၂၅ ရက်မှ မတ်လ ၂ ရက်နေ့အထိ )

blank
တနင်္လာသားသမီး

ဒီအပတ်မှာ ရည်မှန်းချက်တွေပြည့်ဝပြီး ရာထူးတိုးတတ်ပါတယ်။  ခေါင်းထဲမှာ ရုတ်တရက် ပေါ်လာတတ်တဲ့ အကြံဉာဏ်တွေ ထလုပ်ပြီး အောင်မြင်မှုရတတ်ပါတယ်။ စိတ်ရှည်သည်းခံခြင်းဖြင့် ပိုကောင်းတဲ့အခွင့်အရေးတွေ ရလာလိမ့်မယ်။ အချစ်ရေးမှာ ခက်ခဲချိန်တွေက ဧည့်သည်လိုပဲ ဝင်လိုက်ထွက်လိုက်ဖြစ်နေပါလိမ့်မယ်။

ယတြာ- မွေးနေ့မှာ ဆွမ်းချိုင့်ပို့ပါ။

အင်္ဂါသားသမီး

ဒီအပတ်မှာ အချစ်ရေး၊ ပေါင်းသင်းဆက်ဆံရေး သာယာကောင်းမွန်ဖို့ ပိုမိုညှိနှိုင်းရတတ်ပါတယ်။ အခြားသူတွေလည်း သင့်ရဲ့အားထုတ်မှုကို လက်ခံပေးရမယ့် အချိန်တွေရောက်ရှိလာပါပြီ။ အသေးအဖွဲအရှုပ်အထွေးတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်တတ်ပါတယ်။  ဒေါသကြီးတတ်တဲ့ သင့်ကြောင့်  အချစ်ရေးမှာ အဖုအထစ်လေးတွေ ကြုံရတတ်ပါတယ်။

ယတြာ- လမ်း၊ တံတားခင်း ကုသိုလ်ပြုပါ။

ဗုဒ္ဓဟူးသားသမီး

သင့်ဘဝအတွက် အမှတ်ရစေမယ့်အရာတွေကို လုပ်နိုင်လိမ့်မယ်။ မမျှော်လင့်ဘဲ လုပ်လိုက်တဲ့အရာတစ်ခုက အခြားသူတွေအတွက် အထောက်အကူများစွာ ဖြစ်ပေါ်စေလိမ့်မယ်။  အချစ်ရေးသာယာဖို့ သင့်တစ်ဖက်တည်းကပဲ ကြိုးစားပေးဆပ်နေရတဲ့ ကာလဖြစ်တယ်။ ငွေလိမ်ခံရတတ်ပါတယ်။

ယတြာ- ဘုရားမှာ ခရေပန်းကပ်လှူပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

ဒီအပတ်မှာ သင်နဲ့အနီးဆုံးသူဆီက အကူအညီတစ်ခုရတတ်ပါတယ်။ အချစ်ရေးမှာ စိတ်အနှောက်အယှက်ဖြစ်စရာကိစ္စလေးတွေ များနေတတ်ပါတယ်။ ပညာရေးနဲ့ပတ်သက်တဲ့ ခရီးတစ်ခုထွက်ရတတ်တယ်။ မမျှော်လင့်ဘဲ ငွေအစုလိုက်အပြုံလိုက် ဝင်တတ်ပါတယ်။

ယတြာ- မွေးနံဘုရားမှာ ရေသပ္ပါယ်ပါ။

သောကြာသားသမီး

ဒီအပတ်မှာ ငွေကြေးနဲ့ပတ်သက်ပြီး အာမခံပေးတာ၊ လက်မှတ်ထိုးပေးတာတွေ မလုပ်သင့်ပါဘူး။ ဒီအပတ်အတွင်းမှာ မျှော်လင့်မထားတဲ့သတင်းကောင်းတွေ ကြားရတတ်ပါတယ်။ အချစ်ရေးအဆင်ပြေဖို့ အခြားသူတွေဆီက အကြံကောင်းတွေ ရတတ်ပါတယ်။ ရည်ရွယ်သူဆီက ချစ်စကားကြားရတတ်ပါတယ်။

ယတြာ- အသက်ကြီးအဘိုးအဘွားတွေအတွက် ဝေယျာဝစ္စကုသိုလ်ပြုပါ။

စနေသားသမီး

ဒီအပတ်မှာ အလိုလို စိတ်လက်မချမ်းသာဖြစ်နေပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ရမှာ တွန့်ဆုတ်နေတတ်ပါတယ်။ ငွေရေးကြေးရေးနဲ့ ပေါင်းသင်းဆက်ဆံရေးကြားမှာ ဗျာများနေတတ်တယ်။ ချစ်သူနဲ့ ကတောက်ကဆတွေဖြစ်နေတတ်တယ်။

ယတြာ- အိမ်ဘုရားမှာ သပြေပန်း ၉ ခက်ကပ်လှူပါ။

တနင်္ဂနွေသားသမီး

ရဲရဲရင့်ရင့်နဲ့ ရှေ့ဆက်လျှောက်လှမ်းခြင်းကြောင့် အခက်အခဲတွေ ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ အလုပ်ကိစ္စနဲ့ အချစ်ရေးတွေမှာ အဆင်ပြေနေသလို  ဘဝအတွက် သတ္တိတွေလည်း တဖွားဖွားဖြစ်ပေါ်နေတဲ့ ကာလပါ။

ယတြာ- ဘုန်းကြီးတစ်ပါးကို ထီးလှူပါ။

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။