မေထုန်ရာသီဖွားတွေ ၂ဝ၁၉ မှာကြုံတွေ့ရမယ့်အရာများ

blank

           မေထုန်ရာသီဖွားတို့ရေ အခုလက်ရှိလုပ်ကိုင်နေတဲ့အလုပ်အကိုင်က ရည်မှန်းချက်နဲ့ တခြားစီဖြစ်နေလို့ ငြီးငွေ့နေပြီလား။ ဒါဆိုရင်တော့ အပြောင်းအလဲတွေကို ရင်ဆိုင်ရဖို့ အသင့်ပြင်ထားလိုက်ပါတော့။ ၂ဝ၁၉ က ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ အလုပ်အကိုင်အသစ်ကို ယူဆောင်လာပေးမှာပါ။ အရာအားလုံးကို အကောင်းဆုံး ကိုင်တွယ်သွားနိုင်မှာမို့ အပြောင်းအလဲကို တွေးမကြောက်နေပါနဲ့။

           အချစ်ရေးနဲ့ပတ်သက်လာရင်တော့ ကိုယ့်ရဲ့သဘောထားခံယူချက်တွေ၊ ကြောက်ရွံ့မှုတွေ၊ ဆန္ဒတွေကို သေချာသိရှိဖို့ လိုအပ်ပါတယ်။ အတိတ်က ကြုံတွေ့ခဲ့ရတဲ့အချစ်ဇာတ်လမ်းတွေအားလုံးအကြောင်းကို သေချာပြန်သုံးသပ်ကြည့်ပါ။ သာယာတဲ့အချစ်ရေးတစ်ခုဖြစ်မလား၊ နာကျင်ရတဲ့အချစ်ရေးတစ်ခုဖြစ်မလားဆိုတာ ကိုယ့်ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တာပါ။ ကိုယ် ပိုင်ဆိုင်မယ့် အချစ်ရေးပုံစံကို ကိုယ့်လုပ်ရပ်တွေကပဲ ဆုံးဖြတ်ပေးသွားမှာပါ။ အတိတ်မှာ ပြုလုပ်ခဲ့မိတဲ့ အမှားတွေကို လက်ရှိအချစ်ရေးမှာ မကြုံပါစေနဲ့တော့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂ဝ၁၉ဟာ မေထုန်ရာသီဖွားတွေအတွက် အချစ်ရေးကံကောင်းမယ့်နှစ်တစ်နှစ်ဖြစ်တာကြောင့် သွားလေရာ၊ လာလေရာမှာ စန်းပွင့်ပါလိမ့်မယ်။ Single လေးတွေရေ…စိတ်ကြိုက်သာ ခေါင်းခေါက်ရွေးချယ်နိုင်ဖို့သာ ပြင်ဆင်ထားလိုက်ပါတော့။

ငွေကြေးနဲ့ ပတ်သက်ပြီးလည်း ဘယ်လိုစနစ်တကျစီမံခန့်ခွဲနိုင်မလဲဆိုတာ သိရှိလာနိုင်မယ့် နှစ်တစ်နှစ်ပါ။ အလုပ်အကိုင်နဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားမှုတွေ ဆက်တိုက်ကြုံရမယ့်အချိန်လည်း ဖြစ်ပါတယ်။ အလုပ်အကိုင် မကြာခဏပြောင်းရပါမယ်။ သင်လုပ်ချင်တဲ့အလုပ်ကို ရတဲ့အထိ ဆက်သာရှာဖွေနေလိုက်ပါ။ ကိုယ်ပိုင်လုပ်ငန်းနဲ့ ပိုအကျိုးပေးတာကြောင့် အခွင့်သာတာနဲ့ ကိုယ်ပိုင်လုပ်ငန်းထောင်ဖို့ ကြိုးစားပါ။

စာချစ်သူတို့သိတဲ့ မေထုန်ရာသီဖွားလေးတွေကို mention ခေါ်ခဲ့ပါဦးနော်။