အပတ်စဉ် ဂန္ထဝင်ဗေဒင် ( ဖေဖော်ဝါရီ ၁၈ ရက်မှ ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ )

blank
တနင်္လာသားသမီး

ဒီအပတ်မှာ အရာရာအဆင်ပြေပြေဖြစ်ဖို့ အစွမ်းကုန်ကြိုးစားရပါလိမ့်မယ်။ ချမှတ်ထားတဲ့ အစီအစဉ်တွေ နှောင့်နှေးနေတဲ့အခါ စိတ်အနှောက်အယှက်ဖြစ်စရာတွေကို သင့်ရဲ့စိတ်အားထက်သန်မှုနဲ့ ကျော်လွှားနိုင်ပါလိမ့်မယ်။ အနာဂတ်ခရီးလမ်းအတွက် လိုအပ်ချက်တွေကို လက်တွဲဖော်နဲ့ အချိန်အတော်ကြာ ညှိနှိုင်းဆွေးနွေးရတတ်ပါတယ်။

ယတြာ- ပိတ်ဆို့နေတဲ့ ရေမြောင်းတွေကို ဆယ်ပေးပါ။

အင်္ဂါသားသမီး

ဒီအပတ်ထဲမှာ အလုပ်ကိစ္စ၊ အိမ်ကိစ္စွနဲ့ ပတ်သက်ပြီး စိတ်အနှောက်အယှက်ဖြစ်စရာ၊ ဒေါသဖြစ်စရာတွေ ကြုံရတတ်ပါတယ်။ အခြားသူတွေရဲ့ဆန္ဒကို ဦးစားပေးခြင်းဖြင့် အဆင်ပြေသွားတတ်ပါတယ်။ မလိုသူတွေရဲ့သွေးထိုးစကားကြောင့် ချစ်သူနဲ့စိတ်ဝမ်းကွဲတတ်ပါတယ်။

ယတြာ- ဘုရားစင်ကို နံနက်တိုင်း သန့်ရှင်းပေးပါ။

ဗုဒ္ဓဟူးသားသမီး

ဒီအပတ်မှာ လုပ်ချင်တဲ့ ကိစ္စတွေကို ပြီးမြောက်အောင် မလုပ်နိုင်တာကြောင့် စိတ်မောနေရတတ်ပါတယ်။ တက်တက်ကြွကြွလုပ်ဆောင်မှသာ ကိစ္စအားလုံး အဆင်ပြေချောမွေ့ပါလိမ့်မယ်။ လက်တွဲဖော်နဲ့ အဆင်ပြေဖို့ သင့်ဘက်က ဘယ်အရာဖြစ်ဖြစ် အလိုက်တသိလုပ်ဆောင်ပေးရပါလိမ့်မယ်။

ယတြာ- မျောက်စာကျွေးပါ။

ကြာသပတေးသားသမီး

ဒီအပတ်မှာ သင့်အမြင်နဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေနဲ့ကြုံလာခဲ့ရင် သင့်ရဲ့ထူးခြားတဲ့ ကာကွယ်နိုင်စွမ်းကြောင့် အခက်အခဲတွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။ ဒါကြောင့် သင့်ကိုယ်သင် ချုပ်တည်းနိုင်အောင် ကြိုးစားပါ။ မကြာခဏပေါ်လာတတ်တဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတွေကို အကောင်းမြင်စိတ်နဲ့ ဖြတ်ကျော်နိုင်ပါလိမ့်မယ်။ မေတ္တာဆိုတာ အသွားနဲ့အပြန်ရှိကြောင်း ယုံကြည်ရင် အဲ့ဒီယုံကြည်မှုအတိုင်း ဖြစ်လာတတ်ပါတယ်။

ယတြာ- မွေးနေ့မှာ ထမနဲဆွမ်းကပ်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သောကြာသားသမီး

ဒီအပတ်မှာ သင့်အတွက် လုံခြုံမှုမပေးနိုင်တဲ့ အချစ်ရေး၊ ပေါင်းသင်းဆက်ဆံရေးတွေဟာ အခိုးအငွေ့တွေလို လွယ်လွယ်ပျောက်ကွယ်သွားတတ်ပါတယ်။ သင့်မှာ လူမှုရေးစွမ်းရည်နဲ့ စိတ်ပိုင်းဆိုင်ရာဆွဲဆောင်နိုင်တဲ့ စွမ်းရည်တွေရှိတာကြောင့် အရာအားလုံးကို အကောင်းဆုံးဖန်တီးနိုင်ပါလိမ့်မယ်။ ဒီအပတ်မှာ အပျော်အပါး၊ အချစ်ရေးနဲ့ ဖန်တီးနိုင်စွမ်းတွေ အမြင့်ဆုံးရောက်နေပါလိမ့်မယ်။

ယတြာ- မွေးနေ့တိုင်း ပဋ္ဌာန်းရွတ်ပါ။

စနေသားသမီး

ဒီအပတ်မှာ သင့်အမြင်အတိုင်း လုပ်ဆောင်နေသမျှကို လိုက်တားမြစ်နေတဲ့ လူတချို့ရှိနေတတ်ပါတယ်။ ဒါပေမဲ့ သင့်ခြေလှမ်းတိုင်းကို မကန့်သတ်နိုင်တာကြောင့် လုပ်စရာရှိတာ ဆက်လုပ်ပြီး ကျော်လွှားနိုင်ပါလိမ့်မယ်။ သင်လုပ်နေတဲ့ အရာတွေမှာ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရတတ်ပြီး အသေးစိတ်ဖန်တီးတတ်တဲ့စွမ်းရည်က သင့်ရဲ့ဆွဲဆောင်မှုရှိတဲ့အရာ ဖြစ်လာတတ်ပါတယ်။

ယတြာ- ညနေတိုင်း ဘုရားမှာ ဆီမီးပူဇော်ပါ။

တနင်္ဂနွေသားသမီး

ဒီအပတ်မှာ အလုပ်ကိစ္စ၊ အိမ်ကိစ္စတွေမှာ သင့်ပတ်ဝန်းကျင်ကလူတွေကို ထောက်ပံ့ပေးဖို့ လစ်ဟင်းနေတာကြောင့် မတည်ငြိမ်တဲ့အခြေအနေတစ်ခု ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါပေမဲ့ ဘေးလူတွေနဲ့ သဟဇာတဖြစ်အောင် ပျော်စရာအချိန်တွေကို တဖြည်းဖြည်း ဖန်တီးယူရပါလိမ့်မယ်။ သင့်မျှော်လင့်ချက်၊ အိမ်မက်တွေကို လက်တွေ့ဆုပ်ကိုင်နိုင်တာကြောင့် သင့်ကိုယ်သင် ယုံကြည်မှုပိုတိုးရပါလိမ့်မယ်။

ယတြာ-ဂုဏ်တော်ပုတီးစိပ်ပါ။

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။