ချစ်သူများနေ့ဆိုတာ ချစ်သူတွေအတွက်ပဲလား။

blank
  • ချစ်သူများနေ့ဆိုတာ လက်ထပ်ပြီးသွားရင် မဆင်နွှဲရတော့ဘူးလို့ ဘယ်သူက ပြောခဲ့လို့လဲ။
  • အချစ်ဆိုတာ ချစ်သူတွေကြားထဲမှာပဲ ရှိတယ်လို့လဲ ဘယ်သူက သတ်မှတ်ခဲ့လို့လဲ။
  • အသက်ကြီးလာပြီ ချစ်ခြင်းတွေနဲ့ မသက်ဆိုင်တော့ဘူးလို့ကော ဘယ်သူကများ တစ်ချက်လွတ်ပြောခဲ့လို့လဲ။
  • ချစ်သူများနေ့မှာ သူငယ်ချင်းတစ်ယောက်ပျော်သွားအောင် surprise လုပ်လို့မရဘူးလား။
  • ချစ်သူများနေ့ဆိုတာ ကိုယ်သိပ်ချစ်ရတဲ့ ကိုယ့်ကိုယ်ကိုယ်နဲ့ကော ဆင်နွှဲလို့မရဘူးလား။

ချစ်ခြင်းမေတ္တာဆိုတာ…။

ချစ်သူအချင်းချင်းကြား၊ မောင်နှမကြား၊ သားသမိကြား၊ သူငယ်ချင်းမိတ်ဆွေတွေကြားမှာ ရှိနေတဲ့ အရာတစ်ခုပါ။ ချစ်ခြင်းမေတ္တာမှာ ကန့်သတ်ချက်နယ်နိမိတ်တွေမရှိဘူးဆိုရင် ချစ်ရသူတွေကြားမှာကော ကန့်သတ်ချက်တွေ ထားနေဦးမှာလား။ ချစ်သူများနေ့ဆိုတာ လူတိုင်းနဲ့သက်ဆိုင်တဲ့နေ့တစ်နေ့ဆိုတာကို လက်ခံတယ်ဆိုရင်…။

  • သင့်ရဲ့မိခင်အတွက် အမှတ်တရအချိန်တချို့ကိုဖန်တီးပေးပါ…။
  • ညီမလေးအတွက် မမေ့နိုင်စရာဖြစ်ရပ်တွေကို လုပ်ဆောင်ပေးပါ။
  • သင့်သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စရာအချိန်လေးတွေကို ရယူပါ။
  • ချစ်ရတဲ့သူအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေကို ဖန်တီးပေးပါနော်။

သင့်ချစ်ရတဲ့သူကို ပါးစပ်အဟောင်းသားနဲ့ ပျော်ရွှင်အံ့သြသွားအောင် လုပ်ပေးချင်တယ်ဆိုရင်တော့ စိန်ပွင့်လေးတွေဟာ အကောင်းဆုံးပဲပေါ့။ ခိုင်ခံ့မြဲမြံတဲ့ စိန်ပွင့်လေးတစ်ပွင့်ဟာ သင့်ရဲ့ချစ်ခြင်းမေတ္တာတွေရဲ့ ခိုင်မာမြဲမြံမှုကို ပြသနိုင်တဲ့ စိန်ပွင့်တစ်ပွင့်ဟာ သင့်ချစ်ရတဲ့သူတွေအတွက် တစ်သက်မမေ့နိုင်စရာ အမှတ်တရတွေကို ချန်ထားပေးနိုင်ပါတယ်နော်။

ဒီတစ်နှစ်ချစ်သူများနေ့မှာ ချစ်ခင်ရသူတွေအတွက် စိန်ထည်လေးတွေကို ရွေးချယ်ဝယ်ယူချင်တယ်ဆိုရင် တော်ဝင်စိန်တိုက်ကိုသာ ကြွလှမ်းခဲ့ပါ။ သင့်အတွက် အကောင်းဆုံးဝန်ဆောင်မှုတွေပေးပြီး စိတ်ရှည်ပျူငှာစွာ ဝန်ဆောင်မှုပေးမှာဖြစ်တာကြောင့် သင်ချစ်ရတဲ့သူတွေ မျက်ရည်လည်စေမယ့် လက်ဆောင်လေးကို တော်ဝန်စိန်တိုက်မှာ ရယူနိုင်ပြီပေါ့။ ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် ရွှေနှင်းဆီပွင့်လေးတွေ လက်ဆောင်ပေးသွားဦးမှာ ဆိုတော့ ဒီနှစ်ချစ်သူများနေ့မှာ ချစ်ရသူတွေကို စိန်ထည်လက်ဆောင်အပြင် ရွှေနှင်းဆီလေးလည်း ပေးလို့ရပြီပေါ့နော်။

blank

စာချစ်သူတို့လည်း ဒီနှစ်ချစ်သူများနေ့မှာ ချစ်ရတဲ့သူတွေကို မျက်ရည်ကျအောင် လုပ်ပါ။ ဒါပေမဲ့ ဝမ်းသာလို့ ကျတဲ့ မျက်ရည်ပဲဖြစ်ပါစေ။

ဒီစာစောင်လေးကို ဖတ်တဲ့ သင့်အနေနဲ့လည်း သင့်ကိုဝယ်ပေးစေချင်တဲ့ ကိုကို၊မမ၊ဦးဦး၊ ဒေါ်ဒေါ်၊ ဖေဖေ၊ မေမေတို့ကို mention ခေါ်ပြီး ပူဆာလိုက်ပါနော်။

စာချစ်သူတို့အတွက် ခံစားမှုရသလေးကို တော်ဝင်စိန်တိုက်နဲ့ ဂန္ထဝင်မဂ္ဂဇင်းတို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။