၂၀၂၀ မှာ အချစ်ရေးကံကောင်းမယ့် ရာသီခွင်များ

blank
မိဿရာသီဖွား

မိဿရာသီဖွားတွေအနေနဲ့တော့ အချစ်ရေးနဲ့ ပတ်သက်ပြီး စောင့်ဆိုင်းခဲ့ရသမျှအရာအားလုံးဟာ ကျော်လွန်သွားပါပြီ။ သင်တို့ရဲ့ အချစ်စစ်ကို ဒီနှစ်ပဲ တွေ့ရတော့မှာပါ။ သင့်ကို မဆုံးနိုင်တဲ့အချစ်တွေနဲ့ ချစ်မယ့်သူကိုတွေ့ရှိပြီး ရိုဆန်လွန်းတဲ့အချစ်ရေးမျိုးပိုင်ဆိုင်ရမှာပါနော်။

ပြိဿရာသီဖွား

ပြိဿရာသီဖွားတွေအတွက်ကတော့ ဘဝလက်တွဲဖော်ကို တွေ့ရမယ့်နှစ်တစ်နှစ်ဖြစ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီး မကောင်းတဲ့အရာတွေအတွက် နေရာတောင်ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် ချစ်သူမရှိသေးတဲ့ ပြိဿရာသီဖွားတွေအနေနဲ့ အကောင်းမြင်စိတ်ထားပြီး ချစ်သူတစ်ယောက်မြန်မြန်ရအောင် ရှာဖွေလိုက်ပါတော့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကန်ရာသီဖွား

အောင်မြင်မှုတွေကို မလိုချင်တော့ပါဘူးလို့တောင် ညည်းယူရမယ့် နှစ်တစ်နှစ်ပါ။ ချစ်သူရှိပြီးသားသူတွေအဖို့ အရာတိုင်းဟာ သာယာချောမွေ့နေမှာဖြစ်ပြီး သင်တို့နှစ်ယောက်ရဲ့ တူယှဉ်တွဲနိုင်မယ့် အနာဂတ်ဟာ လက်တစ်ကမ်းရောက်နေပါပြီ။ အိမ်ထောင်ကျပြီး သားသားမီးမီးလေးတွေတောင် ပွားစီးနိုင်မယ့် နှစ်တစ်နှစ်ဖြစ်တာကြောင့် FA လေးတွေလည်း ချစ်သူတစ်ယောက် အမြန်ဆုံးရအောင် ရှာထားလိုက်တော့နော်။

သိဟ်ရာသီဖွား

သင့်မှာ ချစ်သူမရှိသေးဘူးဆိုရင်တော့ အခုက အပြောင်းအလဲလေးတွေဖြစ်လာမယ့်နှစ်ပါ။ နှစ်ဝက်လောက်ကုန်ဆုံးပြီးသွားရင်တော့ သင် ကြာရှည်စွာမေ့လျော့နေပြီဖြစ်တဲ့ ကြည်နူးဖွယ်ရာ ခံစားချက်တွေကို ပေးစွမ်းနိုင်မယ့်သူတစ်ယောက်ကို တွေ့ရမှာပါ။

ကုံရာသီဖွား

ကုံရာသီဖွားတွေအတွက်ကတော့ ချစ်သူနဲ့အဆင်မပြေခဲ့သမျှအားလုံးဟာ ပျောက်ရှသွားပြီးတော့ ချစ်သူက သင့်အချစ်တွေကို နားလည်သဘောပေါက်လာမယ့်အချိန်ပါပဲ။ အချစ်ဆိုတာဟာ ရန်ပွဲတွေအားလုံးထက် သန်မာပါတယ်။ အချစ်ရေးကံကောင်းလွန်းလို့ အိပ်မက်မက်နေသလို ဖြစ်နေတဲ့အတွက် စိတ်ပျက်စရာဆိုတာ ဘာလဲလို့မေးရလောက်အောင်ပါပဲ။

ကရကဋ်ရာသီဖွား

ကရကဋ်ရာသီဖွားတွေအတွက်ကတော့ ၂ဝ၂၀ ဟာ နှလုံးသားဒဏ်ရာတွေကို ကုစားပေးမယ့် နှစ်တစ်နှစ်ပါ။ ပြတ်စဲသွားတဲ့ဆက်ဆံရေးတွေကို အတိတ်မှာထားခဲ့ပြီး ဘဝသစ်တစ်ခုစဖို့ပြင်ဆင်ထားလိုက်ပါတော့။ ချစ်သူရှိပြီးသားသူတွေအဖို့ သင်တို့ရဲ့ အချစ်ရေးဟာ ပျော်ရွှင်မှုတွေ လွန်ကဲနေပြီး နားလည်ကြင်နာမှုတွေနဲ့ ပြည့်နှက်နေမှာပါ။

မိန်ရာသီဖွား

မိန်ရာသီဖွားတွေကတော့ ဒီနှစ်အတွက် အချစ်ရေးမှာ ကံအကောင်းဆုံးရာသီဖွားလေးတွေပါပဲ။ သင်တို့နဲ့ အစစအရာရာမှာ စိတ်တူကိုယ်တူရှိမယ့် ချစ်သူကိုတွေ့ရမှာပါ။ သင်တို့လုပ်ရမှာတစ်ခုက ချစ်သူအတွက် မားမားမတ်မတ်ရပ်တည်ပေးဖို့ပါပဲ။ ချစ်သူရှိပြီးသားသူတွေအဖို့လည်း အချစ်ရေးဟာ ပိုမိုခိုင်မြဲလာပြီးတော့ နှစ်ကိုယ်တူ ပေါင်းဖက်ရတော့မယ့်အချိန်လေးပါပဲနော်။

စာချစ်သူတို့ရဲ့ အသည်းတစ်ခြမ်းလေးကို mention ခေါ်ပြီး အသိပေးလိုက်ကြရအောင်။