၂ဝ၁၉ ၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဇန်နဝါရီလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ)

blank
တနင်္ဂနွေသားသမီး

ဒီတစ်ပတ်အတွင်းမှာ ပညာရေးနဲ့ပတ်သက်ပြီး ကံကောင်းမယ်။ စီးပွားရှာသူတွေအတွက် ဝင်သလောက် ငွေမမြဲဖြစ်နေမယ်။ နိုင်ငံရပ်ခြားနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်နေသူတွေအတွက် ကံကောင်းမယ်။ အချစ်ရေးအဆင်မပြေသေးပါ။ လူကြီးမိဘတွေနဲ့ ကတောက်ကဆတွေဖြစ်တတ်တယ်။ မမျှော်လင့်ထားတဲ့ခရီးတစ်ခု ထွက်ရတတ်တယ်။

ယတြာ- မွေးနံထောင့်မှာ ရေချမ်းကပ်လှူပါ။

တနင်္လာသားသမီး

အရာရာကို စိတ်သစ်ကိုယ်သစ်နဲ့ ရင်ဆိုင်ဖို့အဆင်သင့်ဖြစ်နေတဲ့အချိန်ဖြစ်တယ်။ အနာဂတ်အတွက် အရေးပါတဲ့ခြေလှမ်းတွေစတင်နိုင်မယ်။ ရာထူးတိုးတတ်တယ်။ မိသားစုအတွက် အရေးပါတဲ့ ပြောင်းလဲမှုတွေကို ဖော်ဆောင်ပေးနိုင်မယ်။ ဆုံးပြီလို့သတ်မှတ်ထားတဲ့ ငွေကြေးတွေ ပြန်ရမယ်။ သွေးနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေ၊ ခေါင်းမူးခေါင်းကိုက်ဖြစ်တတ်တယ်။ အချစ်ရေးမှာ မိမိနဲ့ အသက်ကြီးသူနဲ့ ဖူးစာဆုံတတ်တယ်။

ယတြာ- ခွေးကလေးများကို အစာကျွေးပါ။

အင်္ဂါသားသမီး

တောင်တန်းတွေနဲ့ဆက်စပ်တဲ့ ခရီးတစ်ခုထွက်ရတတ်တယ်။ ငွေအစုလိုက် အပြုံလိုက်ဝင်တတ်တယ်။ လုပ်ငန်းအတွင်းမှာ ဦးစီးဦးဆောင်ပြုရတတ်တယ်။ မိသားစုနဲ့ ဝေးတဲ့အရပ်ဒေသကို ပြောင်းရွှေ့ရတတ်တယ်။ အာမခံတာတွေ၊ ကူညီပေးတာတွေကြောင့် ခေါင်းရှုပ်ရတတ်တယ်။ ရေချိုးမှားတာကြောင့် နေမကောင်းဖြစ်ရတတ်တယ်။ အချစ်ရေးကတော့ နေမြဲအတိုင်းပါပဲ။

ယတြာ- နွမ်းပါးလူနာများအတွက် ဆေးဖိုးလှူပါ။

ဗုဒ္ဓဟူးသားသမီး

အခုရက်ပိုင်းအတွင်းမှာ လက်အောက်ငယ်သားတွေကြောင့် စိတ်ရှုပ်ရတတ်တယ်။ သင်တန်းအသစ်တွေ၊ ပညာရပ်အသစ်တွေကို စပြီးလေ့လာရတတ်တယ်။ မမျှော်လင့်ထာတဲ့ ဧည့်သည်တစ်ယောက်ရောက်လာတတ်တယ်။ ငွေကံကောင်းမယ်။ အချစ်ရေးမှာ ကတောက်တဆတွေဖြစ်တတ်တယ်။

ယတြာ- မိဘမဲ့ကလေးတွေအတွက် မနက်စာလှူဒါန်းပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကြာသပတေးသားသမီး

လူကြီးတစ်ယောက်ယောက်ဆီက မုန့်ဖိုးရတတ်တယ်။ လုပ်ငန်းအတွင်းမှာ အောင်မြင်မှုရတတ်တယ်။ စကားအမှားတစ်ခုကြောင့် ချစ်ခင်ရသူတွေရဲ့ အထင်လွဲမှားခြင်းကို ခံရတတ်တယ်။ အယုံလွယ်တတ်တဲ့အကျင့်ကို စွန့်လွတ်ပါ။ ပန်းချီကားတစ်ချပ်လက်ဆောင်ရတယ်ဆိုရင် ထီထိုးပါ။ ကြာသပတေးသားသမီး လူပျိုကြီး၊ အပျိုကြီးတွေ ဖူးစာရှင်နဲ့ ဆုံဆည်းရတတ်ပါတယ်။

ယတြာ- ဘုရားမှာ ဆီမီးကပ်လှူပါ။

သောကြာသားသမီး

အချိန်အတော်ကြာအောင် ကွဲကွာနေတဲ့ ဆွေမျိုးတွေနဲ့ ပြန်လည်ဆုံဆည်းတတ်ပါတယ်။ ငွေလက်လွန်ထားတာတွေ ပြန်ရတတ်တယ်။ သားသမီးတွေရဲ့ မင်္ဂလာသတင်းကို ကြားရတတ်တယ်။ တောင်တန်းနဲ့နီးတဲ့နေရာတစ်ခုကို ခရီးထွက်ရတတ်တယ်။ ဒေါသကိုမထိန်းတတ်တဲ့ အကျင့်ကြောင့် ဆုံးရှုံးမှုတွေဖြစ်တတ်တယ်။ ရင်းနှီးမြှပ်နှံမှုသေးသေးလေးတွေကနေ အမြတ်များစွာရတတ်တယ်။

ယတြာ-နွမ်းပါးသူဘိုးဘွားများအတွက် စောင်လှူဒါန်းပါ။

စနေသားသမီး

မမျှော်လင့်ထားဘဲ လက်ဆောင်တစ်ခုရတတ်တယ်။ ရပ်ဝေးမြေကနေ ဧည့်သည်တွေရောက်လာတတ်တယ်။ ငွေဝင်သလောက် မမြဲဖြစ်နေတတ်တယ်။ အချစ်ရေးမှာလည်း နားလည်မှုလွဲတာကြောင့် ပြဿနာလေးတွေဖြစ်နေတတ်တယ်။ စေတနာထားသလောက် အရာမထင်ဖြစ်နေမယ့်ကာလပါ။ ပညာရေးအတွက် အရေးတကြီးဆုံးဖြတ်ချက်များကို ချမှတ်ရန်မသင့်သေးပါ။

ယတြာ- သံဃာတော်များကို နို့ဆွမ်းကပ်လှူပါ။

သင့်အတွက်မှန်တယ်ဆိုရင် သူငယ်ချင်းတွေအတွက်လည်း ဝေမျှပေးဖို့မမေ့ပါနဲ့နော်။ မျှဝေခြင်းဆိုတာ ဂရုစိုက်ခြင်းပဲမဟုတ်လား။