၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ
မျှော်လင့်မထားတဲ့ အပြောင်းအလဲကြီးကြီးမားမားတွေနဲ့ ရင်ဆိုင်ရမယ့်ကာလဖြစ်ပါတယ်။ အကောင်း အဆိုးဒွန်တွဲနေပေမယ့် ပျော်ရွှင်ကံကောင်းမယ့် နှစ်သစ်ဖြစ်ပါတယ်။ ဆက်တိုက်ရရှိနေမယ့် အခွင့်အရေးတွေကို လက်လွှတ်မခံပါနဲ့။ ထီထိုးပါ။ အချစ်ရေး သင့်ပါတယ်။
ယတြာ။ ။ လိုအပ်တဲ့နေရာတွေကို ငွေကြေးလှူဒါန်းပါ။
၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ
အိမ်ထောင်သည်ဖြစ်ပါက ဇနီး၊ ခင်ပွန်းဘက်မှ အမွေရရှိတတ်တယ်။ ပြည်ပခရီးတွေ ထွက်ရမယ်။ ဝန် ထမ်းဖြစ်ပါက အထက်အရာရှိကူညီစောင့်ရှောက်မှုကို လက်ခံရရှိမယ်။ ကျန်းမာရေးအနေနဲ့ မတော်တဆမှုသေး သေးလေးတွေ ကြုံရတတ်တယ်။ ယာဉ်စီးတဲ့အခါ သတိပြုပါ။ အချစ်ရေး ပျော်ရွှင်ရမှာပါ။
ယတြာ။ ။ မွေးနံထောင့်မှာ ရွှေပန်း၊ ငွေပန်း ကပ်လှူပါ။
၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ
စေတနာနဲ့ ကြားဝင်ဆောင်ရွက်ပေးမိတဲ့ ကိစ္စတစ်ခုအတွက် စိတ်ပူပန်ရတတ်တယ်။ ငွေကြေး ကံ ကောင်းပါတယ်။ အမွေရကိန်း၊ ထီပေါက်ကိန်းရှိတယ်။ ထီထိုးပါ။ ကျန်းမာရေး သင့်ပါတယ်။ အချစ်ရေးမှာ နေမြဲ အတိုင်းပါပဲ။
ယတြာ။ ။ မွေးရက်မှာ ကြာဆန်ကြော် ဆွမ်းလောင်းပါ။
၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ
အကောင်းအဆိုးဒွန်တွဲနေတဲ့ ကာလဖြစ်ပါတယ်။ ကြီးကြီးမားမားငွေဝင်ကိန်းရှိသလို ငွေထွက်ကိန်းတွေ လည်း ရှိနေတယ်။ သေချာမစိစစ်ရင် ငွေကြေးအတွက် စိတ်မောရတတ်ပါတယ်။ နေအိမ်သစ်ပြုပြင်ရမယ်။ အ ချစ်ရေးမှာ နားလည်မှုရှိသူနဲ့ဆုံစည်းရမယ်။
ယတြာ။ ။ နာမကျန်းသူတစ်ဦးကို ဆေးဝါးဒါနပြုပါ။
၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ
ကြန့်ကြာနေတဲ့အလုပ်ကိစ္စတွေ အောင်မြင်ပြီးမြောက်မယ်။ အဝေးရောက် မိတ်ဆွေသူငယ်ချင်းဟောင်း တွေဆီက ပံ့ပိုးကူညီမှုတွေ လက်ခံရရှိမယ်။ ပညာရေးဘက်လေ့လာလိုက်စားသူများ ထူးထူးခြားခြား အောင်မြင် မှု ရရှိမယ်။ အချစ်ရေး အနေဝေးလို့ သွေးအေးနေမယ်။
ယတြာ။ ။ ပရဟိတလုပ်ပါ။
ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၆။ ကန်ရာသီဖွား (Virgo )
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ
ရည်မှန်းချက်တွေ စတင်အကောင်အထည်ဖော်သင့်တဲ့ ကာလဖြစ်ပါတယ်။ စောင့်မျှော်နေတဲ့ အခွင့် အလမ်းကောင်းတွေ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမယ်။ ကျန်းမာရေးအနေနဲ့ အစာအိမ်နဲ့ပတ်သက်တာ ဒုက္ခပေးတတ်တယ်။ သတိပြုပါ။ အချစ်ရေး နေမြဲအတိုင်းပါပဲ။
ယတြာ။ ။ မွေးရက်မှာ အပြာရောင်အင်္ကျီဝတ်ဆင်ပါ။
၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ
အဆိုးမြင်အတွေးများတဲ့သူတွေနဲ့ ဝေးဝေးနေသင့်တဲ့ ကာလဖြစ်ပါတယ်။ တခြားသူတွေရဲ့ အမှုကိစ္စက လာအမှုပတ်တတ်ပါတယ်။ စကားအပြောဆို၊ အပြုအမူဆင်ခြင်သတိပြုပါ။ စီးပွားရေးအနေနဲ့ မျှော်မှန်းထား သ လောက် ပေါက်မြောက်အောင်မြင်မယ်။ ငွေကြေးစုဆောင်းနိုင်မယ်။ အချစ်ရေး သာယာပါတယ်။
ယတြာ။ ။ မွေးရက်မှာ ဘယာကြော်ဆွမ်းလောင်းပါ။
၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ
သင့်အတွက် အတောက်ပဆုံးအောင်မြင်မှုတွေဆောင်ကြဉ်းပေးလာမယ့် ကာလဖြစ်ပါတယ်။ အချစ် ရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ဘက်စုံအောင်မြင်မှုရရှိမယ်။ ဆရာသမားကောင်းတွေနဲ့ တွေ့ဆုံခွင့်ရရှိ မယ်။ ကျန်းမာရေးအနေနဲ့ အာရုံကြောပြဿနာဖြစ်တတ်တယ်။ သတိပြုပါ။
ယတြာ။ ။ ဆေးရုံမှာ ဆန်ပြုတ်အာဟာရဒါနပြုပါ။
၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ
မလိုသူတွေရဲ့ အတိုက်အခိုက်အနှောင့်အယှက်တွေကြောင့် အလုပ်ထဲမှာ စိတ်အနှောင့်အယှက်ဖြစ်ရ မယ့်ကာလပါ။ ရန်ကိုရန်ချင်းမတုံ့ပြန်ပါနဲ့။ ကြိုးစားမှုကို မရပ်တန့်ဘဲ လုပ်စရာရှိတာကို မှန်မှန်လုပ်သွားပါ။ မကြာ ခင်မှာ အခက်အခဲတွေ ပြေလည်သွားမှာပါ။ အချစ်ရေးမှာ အေးအတူပူအမျှရှိတဲ့ ခရီးဖော်ကြောင့် စိတ်ချမ်းသာ ရမယ်။
ယတြာ။ ။ မွေးနံထောင့်မှာ စံပယ်ပန်းကပ်လှူပါ။
၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ
ကြန့်ကြာနေတဲ့ ကြွေးဟောင်းတွေ ပြန်ရမယ်။ မိတ်ဆွေဟောင်းတွေနဲ့ ပြန်တွေ့မယ်။ ရည်မှန်းထားတဲ့ စိတ်ကူးတွေအကောင်အထည်ဖော်နိုင်မယ်။ မိသားစုအကြီးအကဲ ကျန်းမာရေးဂရုစိုက်ပါ။ နေအိမ်သစ် ပြုပြင်ရ မယ်။ စက်ပစ္စည်းအသစ်ဝင်မယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။
ယတြာ။ ။ လိုအပ်နေသူတစ်ဦးကို ငွေကြေး၊ ပစ္စည်းအကူအညီပေးပါ။
၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ
အသက်မွေးဝမ်းကျောင်းပညာရပ်အသစ်တွေ လေ့လာသင်ယူခွင့်ရရှိမယ်။ ဆရာသမားကောင်းနဲ့တွေ့ မယ်။ ပညာရေးဘက်လေ့လာလိုက်စားနေသူများ နိုင်ငံရပ်ခြားအထိ သွားရောက်ပညာသင်ယူခွင့်ရရှိမယ်။ အ ချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။
ယတြာ။ ။ မွေးရက်မှာ သူငယ်ချင်းကို ခေါက်ဆွဲကြော်ကျွေးပါ။
၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ
ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေ အတန်ငယ်လွဲချော်နေမယ့် ကာလဖြစ်ပါတယ်။ ဒါပေမဲ့ ကောင်းတဲ့ ပြောင်းလဲခြင်းတွေဖြစ်တာကြောင့် ပျော်စရာတွေ ကြုံရမှာပါ။ တနင်္လာနံနဲ့စတဲ့ လုပ်ငန်းတွေ အထူးအကျိုးပေး မယ်။ အချစ်ရေးမှာ ပျော်ရွှင်မှုတွေ ရရှိမယ်။
ယတြာ။ ။ မွေးနံထောင့်မှာ ရွှေပန်း၊ ငွေပန်းကပ်လှူပါ။
တိုက်ဆိုင်တာလေးတွေပါနေတယ်ဆိုရင် SHARE လိုက်ပါဦးနော်။