၂ဝ၁၈၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဒီဇင်ဘာ ၂၄ ရက်နေ့မှ ၃ဝ-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

တာဝန်ယူမိတဲ့ ကိစ္စတစ်ခုအတွက် ကြားဝင်ရှင်းပေးရတတ်ပါတယ်။ ငွေအချေးအငှားကိစ္စ၊ စာ ချုပ်စာတမ်းကိစ္စတွေမှာ အာမခံပေးတာမျိုး၊ လက်မှတ်ထိုးပေးတာမျိုးတွေ ဆင်ခြင်ပါ။ အဝေးရောက် ဆွေမျိုးသားချင်းတွေရဲ့ ကောင်းကျိုးကို လက်ခံရရှိမယ်။ အချစ်ရေး သာယာမယ်။

ယတြာ။         ။ ခိုစာကျွေးပါ။

၂။ ပြိဿရာသီဖွား (Taurus )

ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

မလိုအပ်ဘဲ ငွေကြေးအကုန်အကျတွေ များနေပါတယ်။ ဝင်ငွေ၊ ထွက်ငွေကို စနစ်တကျမသုံးစွဲ ရင် အတန်ငယ်စိတ်မောရမယ်။ ခရီးကိစ္စတွေ များနေမယ်။ ပညာရေးနဲ့ပတ်သက်ပြီး အသစ်တွေ လေ့ လာသင်ယူခွင့်ရမယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ ငါးသက်စေ့လွှတ်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

မိသားစုအတွက် အချိန်များများပေးဖြစ်နေမယ့် ကာလဖြစ်ပါတယ်။ ချစ်သူရှိသူများ ချစ်သူနဲ့ မိသားစုကြားမှာ အထင်လွဲစရာလေးတွေတချို့ကြောင့် စိတ်ကသိကအောက်ဖြစ်နေရမယ်။ ငွေဝင် ကိန်းရှိတယ်။ ထီထိုးပါ။

ယတြာ။         ။ မွေးရက်မှာ ကြာဆန်ကြော်ဆွမ်းလောင်းပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

မိသားစုဝင်တစ်ဦးရဲ့ အောင်မြင်မှုကြောင့် ပျော်ရွှင်ရမယ့် ကာလဖြစ်ပါတယ်။ နေအိမ်သစ်၊ စက်ပစ္စည်းအသစ်တွေဝင်မယ်။ လုပ်ငန်းတူမိတ်ဆွေတွေနဲ့ စုပေါင်းစပ်ပေါင်းတွေ လုပ်ကိုင်ရမယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ နာမကျန်းသူတစ်ဦးကို ဆေးဝါးဒါနပြုပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

သတင်းကောင်းတွေ ကြားသိရမယ့် ကာလဖြစ်ပါတယ်။ မမျှော်လင့်ဘဲ ဘိုးဘွားမိဘရဲ့ အမွေ အနှစ်တွေ ရရှိတတ်တယ်။ ငွေဝင်ကိန်းကြီးကြီးမားမားရှိတယ်။ ထီထိုးပါ။  လုပ်ငန်းသစ်တွေထဲ ရှယ် ယာပါဝင်ပါ။ အောင်မြင်ပါလိမ့်မယ်။ အချစ်ရေး အနေဝေးလို့ သွေးအေးနေမယ်။

ယတြာ။         ။ မွေးရက်မှာ ကောက်ညင်းပေါင်းနဲ့အကြော် ဆွမ်းတော်ကပ်ပါ။

၆။ ကန်ရာသီဖွား (Virgo )  
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

ငြီးငွေ့စိတ်တွေဖယ်ရှားပြီး စိတ်ကူးသစ်တွေနဲ့ အနာဂတ်ကို ရှေ့ဆက်ရမယ့်ကာလဖြစ်ပါ တယ်။ လက်တွဲခေါ်ယူမယ့် မိတ်ဆွေကောင်းတွေနဲ့တွေ့မယ်။ မိဘဆွေမျိုးရဲ့ အထောက်အပံ့ကောင်း တွေ ရရှိမယ်။ အချစ်ရေးမှာ နားလည်မှုလေးတွေနဲ့ ပျော်စရာကောင်းနေမယ်။

ယတြာ။         ။ ငွေ ၅ ထောင်ပံ့သကူပစ်ပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

အားနာတတ်တဲ့စိတ်ကို လျှော့ပြီး ပုဂ္ဂိုလ်ရေးနဲ့ စီးပွားရေးကို ခွဲခြားနားလည်ရမယ့် ကာလဖြစ် ပါတယ်။ အခွင့်အလမ်းကောင်းတွေက စောင့်ကြိုနေတာကြောင့်  အခွင့်အရေးကို လက်လွှတ်မခံပါနဲ့။ အင်္ဂါနံနဲ့စတဲ့ လုပ်ငန်းတွေ အကျိုးပေးပါမယ်။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့မယ်။

ယတြာ။         ။ သီလရှင်တစ်ပါးကို ဆန်တစ်ပြည်လှူပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၈။ ဗြိစ္ဆာရာသီဖွား (Scorpio)       

အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

အလုပ်ထဲမှာ အခက်အခဲတွေ၊ အတားအဆီးတွေရှိနေလို့ အတန်ငယ်စိတ်အနှောင့်အယှက် ဖြစ်နေရမယ်။ အကောင်းအဆိုးဒွန်တွဲနေတာကြောင့် ကူညီတဲ့သူတွေလည်း တွေ့မယ်။ စိတ်ကူးအ သစ်အဆန်းတွေကြိုးစားရင် ပိုအောင်မြင်မှုရရှိပါမယ်။ အချစ်ရေး သာယာမယ်။

ယတြာ။         ။ မွေးရက်မှာ သက်သတ်လွတ်စားပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

ဘဝရဲ့ အပြောင်းအလဲ၊ အချိုးအကွေ့တွေနဲ့ ပြည့်နေတဲ့ ကာလဖြစ်ပါတယ်။ အရေးကြီးတဲ့အ ရေးကိစ္စတွေကို သေချာစဉ်းစားပြီး ဖြေရှင်းဖို့ လိုပါတယ်။ ပညာရေးဘက်လေ့လာလိုက်စားသူများ ထူး ထူးခြားခြား အောင်မြင်မှုရရှိမယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ ဆေးရုံတစ်ရုံမှာ ဆန်ပြုတ်ဒါနပြုပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

ကျန်းမာရေး အတန်ငယ်ချူချာနေတဲ့ ကာလဖြစ်ပါတယ်။ ကြီးကြီးမားမားမဟုတ်ဘဲ သေးသေး ဖွဲဖွဲလေးပေမဲ့ ငွေကုန်ကြေးကျလည်း များနေမယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမယ်။ နေရာဒေသ အပြောင်းအရွှေ့ရှိတယ်။ အချစ်ရေး သာယာပါတယ်။

ယတြာ။         ။ မွေးရက်မှာ မုန့်ဟင်းခါးဆွမ်းလောင်းပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

မတော်တဆပြောမိတဲ့ စကားတစ်ခွန်းကြောင့် ချစ်ခင်သူတွေနဲ့ အခင်မင်ပျက်ရတတ်တယ်။ စ ကားအပြောအဆို ဆင်ခြင်သတိပြုပါ။ ငွေဝင်ကိန်း ကြီးကြီးမားမားရှိတယ်။ ထီထိုးပါ။ လုပ်ငန်းသစ်တွေ ရင်းနှီးမြှုပ်နှံပါ။ အချစ်ရေးမှာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြစ်နေမယ်။

ယတြာ။         ။ မွေးရက်မှာ မိဘနှစ်ပါးကို ငွေကြေးနဲ့ ကန်တော့ပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာလေးတွေ လွဲနေတာကြောင့် စိတ်လေနေမိမယ့် ကာလပါ။ အခိုက် အတန့်အခြေအနေမို့ စိတ်အားမလျှော့ဘဲ လုပ်စရာရှိတာ ဆက်လုပ်ပါ။ မကြာခင်မှာ အဆင်ပြေသွား မှာပါ။ အချစ်ရေး သာယာပါတယ်။

ယတြာ။         ။ မွေးရက်မှာ နေအိမ်ခြံဝင်းအတွင်း အရိပ်ရပင်စိုက်ပါ။

တိုက်ဆိုင်တာလေးတွေပါနေတယ်ဆိုရင် SHARE လိုက်ပါဦးနော်။