၂ဝ၁၈ ၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (နိုဝင်ဘာ ၂၆ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

နာမည်ဂုဏ်သတင်းကျော်ဇောမယ့် ကာလဖြစ်ပါတယ်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ပတ် သက်ပြီး လူသိများမယ်။ ငွေကြေးကံအထူးကောင်းနေတယ်။ လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်ရမယ်။ အင်္ဂါနံနဲ့စတဲ့ လုပ်ငန်းတွေ ပိုအကျိုးပေးမယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။        ။ မွေးရက်မှာ သက်သတ်လွတ်စားပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁) မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

အရေးကိစ္စပေါင်းစုံနဲ့ ခရီးတွေ မကြာခဏထွက်ဖြစ်နေမယ့် ကာလဖြစ်ပါတယ်။ ခရီးများသလို ငွေကုန်ကြေးကျလည်း များနေမယ်။ မိတ်ဆွေသူငယ်ချင်းအသစ်တွေလည်း အများကြီးတွေ့မယ်။ ကြိုး စားရင် လုပ်ငန်းအတွက် အခွင့်အလမ်းကောင်းတွေ ထပ်ရပါမယ်။ အချစ်ရေး ကံကောင်းပါတယ်။

ယတြာ။         ။ မွေးရက်မှာ မေတ္တာသုတ်ရွတ်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

မရည်ရွယ်ဘဲ ပြောမိတဲ့စကားတစ်ခွန်းကြောင့် ချစ်ခင်သူတွေနဲ့ စိတ်ဝမ်းကွဲရတတ်တယ်။ စ ကားအပြောအဆို ဆင်ခြင်သတိပြုပါ။ ဝန်ထမ်းဖြစ်ပါက နေရာအပြောင်းအရွှေ့ရှိမယ်။ ရာထူးတိုးကိန်း ရှိတယ်။ အချစ်ရေးမှာ အနေဝေးလို့ သွေးအေးနေမယ်။
ယတြာ။         ။ မွေးရက်မှာ ခိုစာကျွေးပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ချစ်သူနဲ့ မိသားစုအကြား ဗျာများနေရတတ်တဲ့ကာလ ဖြစ်ပါတယ်။ အရာရာကို စိတ်လိုက်မာန် ပါ မဆုံးဖြတ်ပါနဲ့။ စိတ်အေးအေးနဲ့ဖြေရှင်းရင် အားလုံးပြေလည်သွားမှာပါ။ အလုပ်နဲ့ပတ်သက်ပြီး စိတ် ချမ်းသာစရာရလဒ်ကောင်းတွေ ရရှိမယ်။ ငွေကြေးအမြတ်အစွန်းတွေများမယ်။
ယတြာ။         ။ မွေးရက်မှာ ပန်း၊ ဆီမီး၊ ရေချမ်းကပ်လှူပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ဘဝအတွက် ဆုလာဘ်ကောင်းတွေနဲ့ ပြည့်နေတဲ့ကာလ ဖြစ်ပါတယ်။ အဘက်ဘက်က အ ဆင်ပြေချောမွေ့နေတာကြောင့် စိတ်ချမ်းသာရမယ်။ ရရှိတဲ့ ငွေကြေးတွေနဲ့ အလှူအတန်းတွေပြု လုပ်ရမယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။
ယတြာ။         ။ မွေးရက်မှာ ငါးစာကျွေးပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ ကန်ရာသီဖွား (Virgo )  
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ
          စုပေါင်းစပ်ပေါင်းလုပ်ငန်းတွေ အထူးအကျိုးပေးမယ့်ကာလ ဖြစ်ပါတယ်။ ကြာသပတေးနံနဲ့ စ တဲ့စီးပွားရေး လုပ်ငန်းတွေ အမြတ်အစွန်းပိုများမယ်။ ရပ်ဝေးအထိ ဈေးကွက်တွေ ဖြန့်ကျက်နိုင်မယ်။ အချစ်ရေးမှာ ချစ်သူနဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြစ်နေမယ်။
ယတြာ။         ။ မွေးရက်မှာ ငှက် ၁ဝ ကောင်လွှတ်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

စောင့်မျှော်နေတဲ့ အခွင့်အလမ်းကောင်းတွေ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာမယ့် ကာလ ဖြစ်ပါတယ်။ အခွင့်အရေးတွေကို လက်လွတ်မခံဘဲ နှစ်ဆတိုးကြိုးစားလိုက်ပါ။ လူမျိုးခြား အကျိုးပေး မယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

စိတ်ခံစားချက်တွေကို ဦးစားပေးတတ်တဲ့အကျင့်ကို လျှော့ရမယ့် ကာလဖြစ်ပါတယ်။ မိသားစု အရေး၊ အချစ်ရေးကြောင့် နာကျင်ခံစားရတတ်တယ်။ အကောင်းနဲ့အဆိုးဒွန်တွဲနေတာကြောင့် ငွေဝင် ကိန်းကြီးကြီးမားမားရှိတယ်။ ထီထိုးပါ။
ယတြာ။         ။ မွေးရက်မှာ ဘယာကြော်ဆွမ်းလောင်းပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

ရည်ရွယ်ချက်တွေ၊ အိပ်မက်တွေသွားရာလမ်းမှာ အနှောင့်အယှက်ပေးမယ့်သူတွေရှိနေတာ ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရတတ်တယ်။ စိတ်အားမလျှော့ဘဲ ကြိုးစားမှုတွေနဲ့ ကျော်ဖြတ် လိုက်ပါ။ အောင်မြင်မှုတွေက သင့်ကို ဆီးကြိုနေပါတယ်။ အချစ်ရေး ကံကောင်းနေပါတယ်။
ယတြာ။         ။ မွေးရက်မှာ ပရဟိတတစ်ခုပြုလုပ်ပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ
အကောင်းနဲ့အဆိုး ဒွန်တွဲနေတဲ့ ကာလဖြစ်ပါတယ်။ ငွေဝင်သလို ငွေထွက်လည်း ကြမ်းနေ မယ်။ အိတ်ပေါက်နဲ့ဖားကောက်ရသလို ဖြစ်နေတာကြောင့် အတန်ငယ်စိတ်ပျက်နေမိမယ်။ စုပေါင်း လုပ်ငန်းတွေ အကျိုးမပေးသေးပါ။ အချစ်ရေ သာယာပါတယ်။
ယတြာ။         ။ နာမကျန်းသူတစ်ဦးကို ဆေးဝါးဒါနပြုပါ။
၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

အချိန်အကြာကြီး စောင့်မျှော်နေခဲ့ရတဲ့ အောင်မြင်မှုတွေ ရရှိလာမယ့် ကာလဖြစ်ပါတယ်။ မိသားစုနဲ့အတူ အလှူအတန်းတွေပြုရမယ်။ ပျော်စရာခရီးတိုတွေ ထွက်ရမယ်။ မိတ်ဆွေသစ်တွေ ထပ်တိုးပါမယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ သူငယ်ချင်းတစ်ယောက်ကို အအေးတိုက်ပါ။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ဦးနှောက်ထက် နှလုံးသားဆန္ဒကို ဦးစားပေးနေမိမယ့် ကာလဖြစ်ပါတယ်။ မိသားစုနဲ့ တကျက် ကျက်ဖြစ်ရမယ်။ အရာရာကို စိတ်လိုက်မာန်ပါ မဆုံးဖြတ်မတုံ့ပြန်ပါနဲ့။ ပြဿနာတွေ ပိုကြီးထွားလာ တတ်ပါတယ်။ အလုပ်အကိုင် အဆင်ပြေမယ်။

ယတြာ။         ။ မွေးရက်မှာ သီလရှင်တစ်ပါးကို ဆွမ်းဆန်စိမ်းလှူပါ။

သင့်တစ်ပတ်တာ အဆိုးအကောင်းအကျိုးအကြောင်းလေးတွေ သိရဖို့ ဒီစာစောင်လေးကို LIKE & SHARE လေးလုပ်ထားပါဦးနော်။