၂ဝ၁၈ ၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (နိုဝင်ဘာ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပတ်သက်ပြီး အကျိုးကျေးဇူးကောင်းတွေ ရရှိမယ့် ကာလဖြစ်ပါ တယ်။ စီးပွားရေး၊ ပညာရေးနဲ့ပတ်သက်ပြီး အကူအညီကြီးကြီးမားမားတွေ ရရှိမယ်။ စောင့်မျှော်နေတဲ့ အခွင့်အလမ်းကောင်းတွေ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမယ်။ လက်လွှတ်မခံဘဲ ကြိုးစားလိုက်ပါ။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ ဒုက္ခရောက်နေသူတွေကိုရည်မှန်းပြီး မနက်တိုင်းမေတ္တာပို့ပေးပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

အခင်မင်ဆုံး မိတ်ဆွေသူငယ်ချင်းတစ်ယောက်အတွက် ပူပင်သောကဖြစ်ရတတ်တယ်။ ဓား ခုတ်ရာလက်ဝင်လျှိုသလိုဖြစ်တတ်တာကြောင့် သူများရဲ့အမှုကိစ္စတွေကြား ဝင်မပါပါနဲ့။ နေအိမ်သစ် ပိုင်ဆိုင်ရကိန်းရှိတယ်။ အချစ်ရေးမှာ ပျော်ရွှင်ရမယ်။

ယတြာ။         ။ မွေးရက်မှာ ပရဟိတတစ်ခုပြုလုပ်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

ကြိုးစားသလောက် အရာထင်မယ့် ပျော်စရာကာလဖြစ်ပါတယ်။ ဖြစ်ချင်တဲ့ဆန္ဒတွေကို ကြိုး စားလိုက်ပါ။ ငွေအား၊ လူအား ကူညီမယ့်သူတွေ တွေ့မယ်။ အနုပညာဝါသနာပါသူများအတွက် အ ကျိုးပေးဆုံးဖြစ်မယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ လမ်းဘေးခွေးလေးတွေကို ထမင်းဟင်းနယ်ကျွေးပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ရောက်လေရာမှာ လူချစ်လူခင်များပြီး စန်းပွင့်နေမယ့်ကာလ ဖြစ်ပါတယ်။ ခရီးတွေထွက်ဖြစ် နေမယ်။ စီးပွားရေးမှာ ဝင်ငွေထက် ထွက်ငွေပိုများနေမယ်။ ချွေတာမသုံးရင် စိတ်မောရတတ်ပါတယ်။ ကျန်းမာရေး ခါးနဲ့ပတ်သက်ပြီး သတိပြုပါ။

ယတြာ။         ။ ဒုက္ခရောက်နေသူတစ်ဦးကို အကူအညီပေးပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ပေါ့ပေါ့တန်တန်ပြောမိတဲ့စကားတစ်ခွန်းအတွက် ပြဿနာတက်ရတတ်တယ်။ အပြောအဆို ဆင်ခြင်သတိပြုရမယ့် ကာလဖြစ်ပါတယ်။ အလုပ်မှာ တိုးတက်အောင်မြင်မယ်။ လုပ်ငန်းသစ်တွေထပ် မံတိုးချဲ့ရမယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ နာမကျန်းသူတစ်ဦးကို ဆေးဝါးဒါနပြုပါ။

၆။ ကန်ရာသီဖွား (Virgo )  
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

နိုင်ငံရပ်ခြားအကျိုးပေးမယ့် ကာလဖြစ်ပါတယ်။ အဝေးရောက်မိတ်ဆွေတွေရဲ့ ကူညီစောင့် ရှောက်မှုတွေ လက်ခံရရှိမယ်။  ကြီးကြီးမားမားငွေဝင်ကိန်းရှိတယ်။ ထီထိုးပါ။ မိသားစုအကြီးအကဲရဲ့ ကျန်းမာရေးဂရုစိုက်ပါ။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့မယ်။

ယတြာ။         ။ မွေးနံထောင့်မှာ စံပယ်ပန်းကပ်လှူပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

အခက်အခဲတွေ ပြေပျောက်ပြီး ပျော်ရွှင်စရာတွေနဲ့ ရှေ့ဆက်ရမယ့် ကာလဖြစ်ပါတယ်။ စီးပွား ရေး၊ လူမှုရေး အဆင်ပြေမယ်။ ပရဟိတနဲ့ပတ်သက်တာတွေ တောက်လျှောက်လုပ်ဖြစ်နေမယ်။ အချစ် ရေးမှာ အနေဝေးလို့ သွေးအေးနေမယ်။

ယတြာ။         ။ သက်ကြီးရွယ်အိုတစ်ဦးကို ငွေကြေးကန်တော့လိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

မနာလိုစကားတင်းဆိုတတ်သူတွေကြောင့် အလုပ်ထဲမှာ စိတ်အနှောင့်အယှက်ဖြစ်ရမယ့် ကာ လ ဖြစ်ပါတယ်။ ရန်ကိုရန်ချင်းမတုံ့နှင်းပါနဲ့။ ပြဿနာတွေ ပိုကြီးထွားကုန်တတ်ပါတယ်။ နေအိမ်သစ် ပြုပြင်ရမယ်။ စက်ပစ္စည်းကြီးကြီးမားမားဝင်မယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ ငွေ ၃ဝဝဝ ကျပ်ပံ့သကူပစ်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

မိသားစုအတွင်း မင်္ဂလာကိစ္စလေးတွေ ကြုံရမယ်။ အလှူ၊ မင်္ဂလာဆောင်ကိစ္စတွေအတွက် ရပ်ဝေးတွေ ခရီးထွက်ရမယ်။ မိတ်ဆွေသစ်တွေ တွေ့မယ်။ အလုပ်အတွက် အချိန်မပေးနိုင်တာ ကြောင့် ငွေကြေးကိစ္စပူပန်ရမယ်။ အချစ်ရေးမှာ နားလည်မှုရှိသူနဲ့ တွေ့မယ်။

ယတြာ။         ။ မွေးနံထောင့်မှာ သပြေပန်းလှူပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

အလုပ်ထဲမှာ အပြိုင်အဆိုင်တွေများနေတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရမယ်။ သင့် အရည်အသွေးကို ပြသဖို့အကောင်းဆုံးအချိန်ဖြစ်တာကြောင့် အားမလျှော့ဘဲ အကောင်းဆုံးကြိုး စားပြလိုက်ပါ။ အောင်မြင်မှုတွေက သင့်ကို စောင့်ကြိုနေပါတယ်။ အချစ်ရေး သာယာပါတယ်။

ယတြာ။         ။ မွေးရက်မှာ နေအိမ်ခြံဝင်းထဲ သစ်ပင်စိုက်ပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

ကြန့်ကြာနေတဲ့ အကြွေးကိစ္စတွေကြောင့် အာရုံနောက်နေရမယ့် ကာလဖြစ်ပါတယ်။ ငွေကြေး နဲ့ပတ်သက်ပြီး လွယ်လွယ်မချေးငှားပါနဲ့။ ဆုံးရှုံးရတတ်တယ်။ ခရီးတွေ ထွက်ရမယ်။ ပညာရေးဘက် လေ့လာလိုက်စားသူများ အောင်မြင်မှုရရှိမယ်။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့မယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ရွှေပန်း၊ ငွေပန်းကပ်လှူပါ။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

အဆင်မပြေမှုတွေကျော်လွှားပြီး အောင်မြင်မှုတွေ ဆွတ်ခူးနိုင်တော့မယ့် ကာလဖြစ်ပါတယ်။ စုပေါင်းစပ်ပေါင်းလုပ်ငန်းတွေ အထူးအကျိုးပေးမယ်။ အဖိုးတန်ပစ္စည်းတွေ အပျောက်အရှရှိတတ်တာ ကြောင့် သတိပြုပါ။ အချစ်ရေး ကံကောင်းနေပါတယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ရေသပ္ပာယ်ပါ။

တိုက်ဆိုင်တာလေးတွေပါနေတယ်ဆိုရင် SHARE လိုက်ပါဦးနော်။