၂ဝ၁၈ ၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၄ ရက်နေ့အထိ)

blank

၁။ မိဿရာသီဖွား (Aries )

မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

အချစ်ရေးနဲ့ပတ်သက်ပြီး ကြားဝင်နှောင့်ယှက်မှုတွေ ကြုံရတတ်တဲ့ ကာလဖြစ်ပါတယ်။ အရာ ရာကို စိတ်လိုက်မာန်ပါ မဖြေရှင်းဘဲ အေးအေးဆေးဆေးဖြေရှင်းပါ။ လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေ ပါတယ်။ ကြာသပတေးသား ကူညီမယ်။ ကြီးကြီးမားမား ငွေဝင်ကိန်းရှိတယ်။ ထီထိုးပါ။

ယတြာ။         ။ စိတ်ညစ်နေသူတစ်ဦးကို ပျော်ရွှင်အောင် ကူညီပေးလိုက်ပါ။

ပြိဿရာသီဖွား (Taurus )

ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း

အကြောင်းအမျိုးမျိုးနဲ့ ခရီးတိုလေးတွေ ထွက်ဖြစ်နေမယ်။ မိတ်ဆွေသစ်တွေတွေ့မယ်။ လုပ် ငန်းသစ်ချဲ့ထွင်ရကိန်းရှိတယ်။ သောကြာနံနဲ့စတဲ့လုပ်ငန်းတွေ အထူးအကျိုးပေးမယ်။ ကျန်းမာရေးအ နေနဲ့ အစာအိမ်နဲ့ပတ်သက်ပြီး ဆေးရုံဆေးခန်းရောက်ရတတ်တယ်။ သတိပြုပါ။ အချစ်ရေးသာယာပါ တယ်။

ယတြာ။         ။ အနီးဆုံးလမ်းမပေါ်က အမှိုက်တွေ ကောက်လိုက်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

တခြားသူတွေရဲ့ပြဿနာတွေကြားထဲ ရောက်သွားတတ်တဲ့ ကာလဖြစ်ပါတယ်။ စကားအ ပြောအဆို၊ အသွားအလာဆင်ခြင်ပါ။ ငွေဝင်သလောက် ငွေကုန်ကြေးကျလည်း များနေမယ်။ စုပေါင်း စပ်ပေါင်းလုပ်ငန်းတွေ မလုပ်ပါနဲ့ဦး။ အလိမ်ခံရတတ်ပါတယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မကျန်းမာသူတစ်ဦးကို ဆေးဝါးဒါနပြုလိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ပျော်စရာလေးတွေ များနေတဲ့ကာလဖြစ်ပါတယ်။ အချစ်ရေး၊ လူမှုရေး၊ စီးပွားရေး အဖက်ဖက် က အဆင်ပြေနေပါတယ်။ ကတိတစ်လုံးကြောင့် ကျဉ်းကြပ်ထဲရောက်သွားတတ်တယ်။ ကတိတစ်လုံး ကို လွယ်လွယ်မပေးမိအောင် သတိပြုပါ။

ယတြာ။         ။ မွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

မိသားစုကိစ္စကြောင့် အတန်ငယ်စိတ်ညစ်နေရမယ့် ကာလဖြစ်ပါတယ်။ အကောင်းဆုံးကြိုးစား ပေမယ့် အကောင်းမထင်သူတွေကြောင့် အလုပ်လုပ်ချင်စိတ်တွေ ကုန်ခန်းနေမယ်။ အားမလျှော့ပါနဲ့။ မကြာခင်မှာ ပြန်အဆင်ပြေသွားမှာပါ။ အချစ်ရေး သာယာပါတယ်။

ယတြာ။         ။ သက်ကြီးရွယ်အိုတွေကို ငွေကြေးကန်တော့ပါ။

၆။ ကန်ရာသီဖွား (Virgo )  

သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

ဘဝအရေးအတွက် ကြိုးစားဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ အခွင့်အလမ်းကောင်းတွေ၊ ကူ ညီစောင့်ရှောက်မယ့် ဆရာသမားတွေအများကြီး တွေ့မယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမယ်။ လစာ တိုးမယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ နှစ်သက်ရာနေရာမှာ သစ်ပင်သုံးပင်စိုက်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

လူမှုဝန်းကျင်မှာ နာမည်ကောင်းနဲ့ကျော်ကြားမယ့် ကာလဖြစ်ပါတယ်။ လုပ်သမျှ အလုပ်အ ကိုင်တွေ ကောင်းမယ်။ နာမည်ရမယ်။ ပရဟိတလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင်ပါဝင်လုပ်ကိုင်ရမယ်။ ငွေကြေးကံကောင်းနေတယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။
ယတြာ။         ။ မွေးနံထောင့်မှာ ရွှေပန်း၊ ငွေပန်းကပ်လှူပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

ယုံကြည်မိသူတစ်ဦးရဲ့ အလွဲသုံးစားလုပ်မှုကြောင့် ငွေကြေးတွေ ဆုံးရှုံးရတတ်တယ်။ ဘယ်သူ့ ကိုမှ လွယ်လွယ်မချေးငှားပါနဲ့။ ယာယီခရီးတိုလေးတွေ များနေမယ်။ အဖော်ကောင်းလို့ နိုင်ငံရပ်ခြား အထိ အပျော်ခရီးထွက်ရတတ်တယ်။ ချစ်သူမရှိသူများ ချစ်သူတွေ့မယ်။

ယတြာ။         ။ မွေးရက်မှာ မိဘကို ငွေကြေးနဲ့ကန်တော့ပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

လုပ်ချင်တာတွေများပြီး စိတ်သွားတိုင်းကိုယ်မပါတာကြောင့် အတန်ငယ်စိတ်လေနေမိမယ့် ကာလဖြစ်ပါတယ်။ အဝေးရောက်မိတ်ဆွေသူငယ်ချင်းတွေဆီက လက်ဆောင်ကောင်းတွေ လက်ခံ ရရှိမယ်။ ကျန်းမာရေးအနေနဲ့ အဆစ်အမြစ်နဲ့ပတ်သက်တဲ့ဝေဒနာခံစားရတတ်တယ်။ အချစ်ရေးသာ ယာပါတယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ရေသပ္ပာယ်ပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

ပျော်စရာတစ်လှည့်၊ စိတ်ညစ်စရာတစ်လှည့်နဲ့ ဖြတ်သန်းနေရမယ့် ကာလဖြစ်ပါတယ်။ မိသား စုနဲ့ ဆက်ဆံရေးမှာ နားလည်မှုတွေထားဖို့ လိုအပ်နေပါတယ်။ ကြားဝင်သွေးထိုးသူတွေရှိနေတာ ကြောင့် သတိပြုပါ။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ ကြာဆန်ကြော် ဆွမ်းလောင်းပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

ဘဝအတွက် အရေးကြီးတဲ့ အပြောင်းအလဲအချိုးအကွေ့တွေ ကြုံတွေ့ရမယ့်ကာလဖြစ်ပါ တယ်။ ဆုံးဖြတ်ချက်တွေကို လူကြီးမိဘတွေနဲ့ တိုင်ပင်ပြီးမှ လုပ်ဆောင်ပါ။ ကြီးကြီးမားမားငွေဝင်ကိန်း ရှိတယ်။ ထီထိုးပါ။

ယတြာ။         ။ မွေးနံထောင့်မှာ စံပယ်ပန်းကပ်လှူပါ။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

အဆင်ပြေမယ်။ ကြွေးဟောင်းတွေ ပြန်ရမယ်။ အဟောင်းတွေနဲ့ အထူးအကျိုးပေးနေတဲ့ ကာလဖြစ်ပါတယ်။ ကွဲကွာနေတဲ့ အချစ်ဟောင်းနဲ့ ပြန်ဆုံရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ မတော်တဆထိခိုက်မှုဖြစ်တတ်တယ်။ သတိပြုပါ။

ယတြာ။         ။ စာသင်သံဃာတစ်ပါးကို စာရေးကိရိယာလှူပါ။

တိုက်ဆိုင်တာလေးတွေပါနေတယ်ဆိုရင် SHARE လိုက်ပါဦးနော်။