၂ဝ၁၈ ၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (အောက်တိုဘာ၁ ရက်နေ့မှ ၇-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

စကားနည်းနည်းပြောပြီး အလုပ်များများလုပ်ရမယ့် ကာလဖြစ်ပါတယ်။ အခွင့်အလမ်းကောင်း တွေက ဆီးကြိုနေတာကြောင့် လက်မလွှတ်ရအောင် ကြိုးစားလိုက်ပါ။ ပညာရေးဘက် လေ့လာလိုက် စားသူများ နိုင်ငံရပ်ခြားအထိ ပညာတော်သင်သွားရကိန်းရှိတယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ နာမကျန်းသူတစ်ဦးကို ဆေးဝါးဒါနပြုပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

ကြုံတွေ့နေရတဲ့ အပြောင်းအလဲတွေက မြန်ဆန်လွန်းလို့ အံ့အားသင့်နေရမယ့် ကာလဖြစ် ပါ တယ်။ မိသားစုအရေး၊ စီးပွားရေး၊ လူမှုပေါင်းသင်းဆက်ဆံရေး၊ အချစ်ရေးတွေမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်မယ်။ ကောင်းတဲ့အပြောင်းအလဲတွေဖြစ်တာကြောင့် ပျော်ရွှင်ရမှာပါ။ ထီထိုးပါ။

ယတြာ။         ။ လမ်းဘေးခွေးကို ထမင်းနဲ့ဟင်းနယ်ကျွေးပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

အရင်းနှီးဆုံးသူတွေနဲ့ အထင်အမြင်လွဲမှားစရာကိစ္စဖြစ်ပေါ်တာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရမယ့် ကာလပါ။ ပြဿနာတွေကို စိတ်လိုက်မာန်ပါမဖြေရှင်းဘဲ အေးအေးဆေးဆေးဖြေရှင်းပါ။ မိ သားစုကိစ္စတစ်ခုနဲ့ ရပ်ဝေးခရီးထွက်ရမယ်။ အချစ်ရေးမှာ နားလည်မှုရှိတဲ့ချစ်သူကြောင့် စိတ်ချမ်းသာ ရမယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ရေသပ္ပာယ်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ
အရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းတွေရဲ့ကိစ္စတွေ လိုက်ကူညီပေးရင်း အလုပ်ရှုပ်နေမယ့် ကာလပါ။ လူမှုရေးကိစ္စတွေများနေသလို ငွေကုန်ကြေးကျလည်း များနေမယ်။ အချစ်ရေးမှာတော့ ရောက်လေရာမှာ စန်းပွင့်ပြီး ရွေးချယ်ရခက်နေမယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ခါးနာ၊ ဒူးနာဖြစ် တတ်တယ်။ သတိပြုပါ။
ယတြာ။         ။ မွေးနံထောင့်မှာ သပြေပန်းလှူပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ ကွာဟနေတာကြောင့် အတန်ငယ်စိတ်လေနေမိမယ့် ကာလဖြစ် ပါတယ်။ လူမှုရေးနဲ့ စီးပွားရေးကိစ္စတွေကို မရောထွေးမိအောင် သတိပြုပါ။ ခင်မင်သူတစ်ဦးရဲ့ အရှုပ် အရှင်းကိစ္စထဲ ပါဝင်ဖြေရှင်းရတတ်ပါတယ်။ အချစ်ရေး ကံကောင်းပါတယ်။

ယတြာ။         ။ မွေးရက်မှာ သူငယ်ချင်းကို ကြေးအိုးတိုက်ပါ။

၆။ ကန်ရာသီဖွား (Virgo )  
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

အနုပညာဝါသနာပါတဲ့သူတွေအတွက် အခွင့်အလမ်းကောင်းတွေ ရရှိမယ့်ကာလဖြစ်ပါတယ်။ လက်တွဲခေါ်ယူကူညီမယ့် ဆရာသမားကောင်းတွေတွေ့မယ်။ ပညာရပ်အသစ်တွေ လေ့လာသင်ယူ ခွင့်ရရှိမယ်။ အချစ်ရေးမှာ နားလည်မှုရှိသူကြောင့် စိတ်ချမ်းသာရမယ်။

ယတြာ။         ။ မွေးနံထောင့်မှာ စံပယ်ပန်းကပ်လှူပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

အာရုံကြောနဲ့ပတ်သက်တဲ့ ကျန်းမာရေးအထူးဂရုစိုက်ပါ။ ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ကိစ္စ တွေမှာ စကားမကျွံမိပါစေနဲ့။ ကြားဝင်အာမမခံပေးပါနဲ့။ စိုက်လျော်ရတတ်ပါတယ်။ စီးပွားရေးလုပ်ငန်း တွေ မျှော်မှန်းထားတာထက် ဖြစ်ထွန်းမယ်။ အချစ်ရေး သာယာပါတယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ရွှေပန်းငွေပန်းကပ်လှူပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

ရည်မှန်းထားတဲ့ကိစ္စတွေ အကောင်အထည်ဖော်နိုင်မယ့် ကာလဖြစ်ပါတယ်။ ငွေရေးကြေးရေး ပံ့ပိုးကူညီမယ့်သူတွေတွေ့မယ်။ လုပ်ငန်းသစ်ချဲ့ထွင်ဖို့ အကူအညီပေးမယ့်သူတွေ တွေ့မယ်။ စုပေါင်း စပ်ပေါင်းလုပ်ငန်းတွေ အကျိုးမပေးသေးပါ။ အချစ်ရေးမှာ အနေဝေးလို့ လွမ်းနေရမယ်။

ယတြာ။         ။ မွေးနေ့မှာ ကြောင်လေးတွေကို ငါးကြော်ကျွေးပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

ဘဝအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ရမယ့်ကာလဖြစ်ပါတယ်။ တစ်ယောက် တည်း မဆုံးဖြတ်ဘဲ နားလည်သိတတ်တဲ့ လူကြီးသူမ၊ ဆရာသမားကောင်းတွေနဲ့ တိုင်ပင်ပါ။ ကြီး ကြီးမားမား ငွေဝင်ကိန်းရှိတယ်။ ထီထိုးပါ။
ယတြာ။         ။ မွေးနံထောင့်မှာ မြတ်လေးပန်းကပ်လှူပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

တန်ဖိုးကြီးပစ္စည်းတွေ အပျောက်အရှရှိတတ်တယ်။ ရွှေငွေ၊ အဖိုးတန်ပစ္စည်းတွေကို ဂရုတစိုက် သိမ်းဆည်းပါ။ ဆွေမျိုးထဲမှာ မင်္ဂလာကိစ္စပေါ်မယ်။ ခရီးတိုထွက်ရမယ်။ နေအိမ်ကို ညအိပ်ညနေဧည့် သည်လာမယ်။ ထီထိုးပါ။

ယတြာ။         ။ မွေးရက်မှာ သစ်ပင်စိုက်ပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

မိသားစုနဲ့ ချစ်သူကြားမှာ ဗျာများနေရမယ့် ကာလဖြစ်ပါတယ်။ ပြဿနာတွေကို စိတ်လိုက်မာန် ပါ ဖြေရှင်းရင် ပိုကြီးထွားလာတတ်ပါတယ်။ အေးအေးဆေးဆေးနဲ့ အချိန်ယူဖြေရှင်းပါ။ မကြာခင်မှာ အ ခက်အခဲတွေအားလုံး ပြေလည်သွားမှာပါ။

ယတြာ။         ။ မွေးရက်မှာ မိဘနှစ်ပါးကို ငွေကြေးနဲ့ကန်တော့ပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ကြန့်ကြာနေတဲ့ ကြွေးဟောင်းတွေပြန်ရမယ်။ အချစ်ဟောင်းနဲ့ ပြန်ဆုံစည်းရမယ်။ ကွဲကွာနေတဲ့ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ပြန်ဆုံမယ်။ နေအိမ်သစ်ပြုပြင်ရမယ်။ စက်ပစ္စည်းအသစ်ဝင်မယ်။ ငွေဝင်ကိန်းရှိတယ်။ ထီထိုးပါ။ အချစ်ရေးမှာ အသက်ငယ်တဲ့သူနဲ့ဆုံမယ်။

ယတြာ။         ။ မွေးရက်မှာ သူငယ်ချင်းကို ကြေးအိုးတိုက်ပါ။

တိုက်ဆိုင်တာလေးတွေပါနေတယ်ဆိုရင် SHARE လိုက်ပါဦးနော်။