၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ
ဘဝထဲက အရှုပ်အထွေးတွေ ရပ်တန့်ပြီး အဆင်ပြေပျော်ရွှင်မှုတွေဆီ ချဉ်းကပ်နိုင်မယ့် ကာလ ဖြစ်ပါတယ်။ မျှော်လင့်မထားတဲ့နေရာတွေဆီကနေ ကြီးကြီးမားမားငွေဝင်မယ်။ ဘိုးဘွားအမွေအနှစ်ရ ရှိမယ်။ ထီပေါက်ကိန်းရှိတယ်။ ထီထိုးပါ။ အချစ်ရေးမှာ သဝန်တိုလွန်းတဲ့ချစ်သူကြောင့် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြစ်နေမယ်။
ယတြာ။ ။ တစ်ယောက်ယောက်ကို ပျော်ရွှင်အောင် ပြုလုပ်ပေးပါ။
၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ
ဘဝရဲ့ အရေးကြီးဆုံး ဆုံးဖြတ်ချက်တွေကို ချမှတ်ရမယ့်ကာလဖြစ်ပါတယ်။ ပညာရေး၊ စီးပွား ရေး၊ မိသားစုအရေးနဲ့ပတ်သက်ပြီး အပြောင်းအလဲကြီးကြီးမားမားတွေ ကြုံတွေ့ရတတ်တယ်။ အရာ ရာကို ကိုယ်တိုင်မဆုံးဖြတ်ဘဲ နားလည်သိတတ်တဲ့ လူကြီးသူမတွေနဲ့ တိုင်ပင်ဆုံးဖြတ်ပါ။ အချစ်ရေး မှာ နေမြဲအတိုင်းပါပဲ။
ယတြာ။ ။ မွေးရက်မှာ သက်ကြီးပုဂ္ဂိုလ် (၁) ဦးကို တတ်နိုင်သလောက် ငွေကြေးလှူပါ။
၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ
စာပေ၊ ဂီတ၊ အနုပညာဝါသနာပါသူတွေအတွက် အခွင့်အလမ်းကောင်းတွေ ရရှိနိုင်မယ့်ကာ လဖြစ်ပါတယ်။ ဆရာသမားကောင်းတွေနဲ့တွေ့မယ်။ ဝန်ထမ်းဖြစ်ပါက လုပ်ဖော်ကိုင်ဖက်တွေရဲ့ အ တိုက်အခိုက်ကြောင့် အတန်ငယ်စိတ်ညစ်ရမယ်။ စိတ်လိုက်မာန်ပါ မတုံ့ပြန်ဘဲ အေးအေးဆေးဆေးဖြေ ရှင်းပါ။ အချစ်ရေးမှာ စန်းပွင့်နေပါတယ်။
ယတြာ။ ။ သူငယ်ချင်းကို သံပရာရည်တိုက်ပါ။
၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ
ဘဝရဲ့အတောက်ပဆုံးအနာဂတ်ဆီ ချဉ်းကပ်နိုင်မယ့် ကာလဖြစ်ပါတယ်။ ကြိုးစားသမျှ အရာ ထင်ပြီး အဖက်ဖက်ကနေ ငွေကြေးတွေ ဝင်နေမယ်။ လူချစ်လူခင်များမယ်။ ကျန်းမာရေးအနေနဲ့ ဆီး လမ်းကြောင်းနဲ့ပတ်သက်ပြီး သတိထားပါ။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။
ယတြာ။ ။ လမ်းဘေးခွေးလေးတွေကို ထမင်းဟင်းကျွေးပါ။
၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ
အသွားမတော်တစ်လှမ်းဆိုသလို သူများပြဿနာတွေကြားမှာ ကြားညှပ်ရတတ်တယ်။ အသွား အလာ၊ အပေါင်းအသင်း ဆင်ခြင်သတိပြုပါ။ ငွေရေးကြေးရေး အဆင်ပြေနေမယ်။ မှန်းချက်နဲ့နှမ်းထွက် ကိုက်နေတာကြောင့် စိတ်ချမ်းသာနေရမယ်။ အချစ်ရေးမှာ နားလည်မှုတွေနဲ့ ပျော်ရွှင်နေရမယ်။
ယတြာ။ ။ ဆေးရုံမှာ ဆန်ပြုတ်ဒါနပြုပါ။
၆။ ကန်ရာသီဖွား (Virgo )
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ
တိတ်တခိုးချစ်နေသူဆီက အသိအမှတ်ပြုမှုလေးတွေရလို့ ပျော်ရွှင်နေမယ့် ကာလပါ။ ပညာ ရေး ဘက်လေ့လာလိုက်စားနေသူများ နိုင်ငံရပ်ခြားအထိ ပညာတော်သင်သွားရမယ်။ လူမျိုးခြား အ ကျိုးပေးမယ်။ မမျှော်လင့်ဘဲ အိမ်ထောင်ကျတတ်တယ်။
ယတြာ။ ။ မွေးရက်မှာ တတ်နိုင်သလောက် ငွေပံ့သကူပစ်ပါ။
၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ
ကြိုးစားသလောက် အရာထင်မနေတာကြောင့် အတန်ငယ်စိတ်ပျက်နေရမယ့် ကာလပါ။ အ ခက်အခဲတွေကို အရှုံးမပေးပါနဲ့။ စေတနာနဲ့ ကူညီမယ့်မိတ်ဆွေ၊ ဆရာသမားကောင်းတွေနဲ့ တွေ့မှာ ပါ။ မကြာခင်မှာ အခက်အခဲတွေအားလုံး ပြေလည်သွားမှာပါ။ အချစ်ရေးမှာ အနေဝေးလို့ သွေးအေး နေမယ်။
ယတြာ။ ။ မွေးရက်မှာ အရိပ်ရပင် ၃ ပင်စိုက်ပါ။
၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ
ရောက်လေရာမှာ ချစ်ခင်သူတွေဝိုင်းဝိုင်းလည်နေလို့ ရွေးရခက်နေတတ်တယ်။ ကောင်းတာ တွေလုပ်ပေမဲ့ မကောင်းတာတွေကိုပဲ မြင်နေတဲ့ အထက်အရာရှိတွေကြောင့် အလုပ်မှာ စိတ်ညစ်နေရ တတ်တယ်။ လုပ်စရာရှိတာလုပ်ပြီး မေတ္တာစိတ်နဲ့သာ ဖြတ်ကျော်လိုက်ပါ။ မကြာခင်မှာ အားလုံးအဆင် ပြေသွားမှာပါ။
ယတြာ။ ။ မွေးရက်မှာ သူငယ်ချင်းကို ကြေးအိုးတိုက်ပါ။
၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ
ကွဲကွာနေတဲ့ ဆွေမျိုးဟောင်းတွေနဲ့ မမျှော်လင့်ဘဲ ပြန်ဆုံစည်းခွင့်ရမယ်။ အဖိုးတန်ပစ္စည်းတွေ ပျောက်ရှတတ်တယ်။ သတိပြုပါ။ သူတစ်ပါးကို ငွေရေးကြေးရေး မချေးငှားပါနဲ့။ ဆုံးရှုံးတတ်ပါတယ်။ အချစ်ရေးမှာ မျှော်လင့်မထားတဲ့အပြောင်းအလဲတွေဖြစ်ပေါ်တတ်တယ်။
ယတြာ။ ။ မွေးနံထောင့်မှာ နှင်းဆီပန်း ၉ ပွင့်လှူပါ။
၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ
ချစ်ခင်ရသူတစ်ဦးရဲ့ ကျန်းမာရေးပြဿနာကြောင့် စိတ်ပင်ပန်းနာကျင်ရတတ်တယ်။ လူမှုရေး ကိစ္စတွေနဲ့ လုံးချာလည်လိုက်နေတာကြောင့် စီးပွားရေးလုပ်ငန်းတွေဘက် မလှည့်နိုင်ဘဲ ရှိနေတတ် တယ်။ ငွေကို ချွေတာပါ။ စိတ်မောရတတ်တယ်။ အချစ်ရေး သာယာပါတယ်။
ယတြာ။ ။ ကြောင်လေးတွေကို ငါးကြော်ကျွေးပါ။
၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ
ချစ်သူနဲ့ မိသားစုကြားမှာ ဗျာများနေရမယ့် ကာလဖြစ်ပါတယ်။ အရာရာကို ချက်ချင်းလက်ငင်း အဖြေထွက်ဖို့ထက် စိတ်ရှည်ရှည်နဲ့ ကြိုးစားဖြေရှင်းသွားသင့်ပါတယ်။ တနင်္လာနံနဲ့စတဲ့ စီးပွားရေးလုပ် ငန်းတွေ အထူးအကျိုးပေးမယ်။ ထီပေါက်ကိန်းရှိတယ်။ ထီထိုးပါ။
ယတြာ။ ။ လူကြီးမိဘကို ငွေကြေးနဲ့ကန်တော့ပါ။
၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ
အရာရာကို အကောင်းဆုံးဖြစ်ချင်တဲ့ဆန္ဒရှိနေတာကြောင့် ပင်ပန်းရမယ့်ကာလ ဖြစ်ပါတယ်။ စုပေါင်းစပ်ပေါင်းလုပ်ငန်းတွေ အကျိုးပေးမယ်။ နေအိမ်သစ်ပြုပြင်ရကိန်း၊ စက်ပစ္စည်းအသစ်ဝင်ကိန်း ရှိတယ်။ ငွေဝင်ကြမ်းသလို ငွေထွက်လည်း ကြမ်းနေတာကြောင့် စိတ်မောနေရမယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။
ယတြာ။ ။ ပရဟိတအလှူတစ်ခုလုပ်ပါ။
တိုက်ဆိုင်တာလေးတွေပါနေတယ်ဆိုရင် SHARE လိုက်ပါဦးနော်။