၂ဝ၁၈၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (သြဂုတ် ၆-ရက်နေ့မှ သြဂုတ် ၁၂ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

       ပျော်ရွှင်မှုနဲ့ စိတ်ညစ်စရာတွေ ဒွန်တွဲနေတဲ့ ကာလဖြစ်ပါတယ်။ စိတ်ညစ်စရာတွေ ကြုံတဲ့အခါ အားမလျှော့ပါနဲ့။ အလုပ်မှာ ပုံမှန်ထက် နှစ်ဆတိုးပြီး ကြိုးစားပါ။ မကြာခင်မှာ ပျော်ရွှင်မှုတွေ ပြန် ရောက်လာမှာပါ။ အခက်အခဲတွေကို ကျော်လွှားနိုင်မှာပါ။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ အနီရောင်ဝတ်ဆင်ပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

        အင်္ဂါနံနဲ့စတဲ့လုပ်ငန်းတွေ အကျိုးပေးမယ့်ကာလဖြစ်ပါတယ်။ ကြာသပတေးသားသမီးတွေနဲ့ တွဲဖက်လုပ်ကိုင်ရင် လုပ်ငန်းပိုအောင်မြင်မယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းဗိုက်ရောဂါဖြစ်တတ်တယ်။ အစားအသောက် ဆင်ခြင်သတိပြုပါ။ အချစ်ရေးမှာ သဝန်တိုရန်ဖြစ်နေရမယ်။

ယတြာ။         ။ မွေးရက်မှာ သစ်သီးကပ်လှူပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

အဝေးရောက်မိတ်ဆွေသူငယ်ချင်းများရဲ့အကူအညီအထောက်အပံ့ကောင်းတွေ ရရှိစေမယ့် ကာလဖြစ်ပါတယ်။ ကျရှုံးမှုတွေကြုံလာရင် မကြောက်ပါနဲ့။ ရှေ့ဆက်သွားပါ။ မကြာခင်မှာ အခက်အခဲ တွေပြေလည်သွားမှာပါ။ အဆင်မပြေတဲ့ သူငယ်ချင်းတွေကို ကူညီရမယ်။ အချစ်ရေးမှာ နားလည်မှုရှိ သူနဲ့တွေ့မယ်။

ယတြာ။         ။ မွေးရက်မှာ ပရဟိတတစ်ခုလုပ်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အနုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းလုပ်ကိုင်သူတွေ အောင်မြင်မှုရရှိမယ့် ကာလဖြစ်ပါတယ်။ ဆ ရာသမားကောင်းတွေနဲ့တွေ့မယ်။ အခွင့်အလမ်းကောင်းတွေ ရရှိမယ်။ ပညာရေးနဲ့ပတ်သက်သူများ ထိပ်ဆုံးအထိအောင်မြင်မယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ သူငယ်ချင်းတစ်ယောက်ကို ကူညီပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

        ကြန့်ကြာနေတဲ့ကြွေးဟောင်းတွေ ပြန်ရမယ့် ပျော်စရာကာလပါ။ အကြာကြီးစောင့်မျှော်နေရတဲ့ စီးပွားရေးအခွင့်အလမ်းကောင်းတွေ ရရှိမယ်။ အခွင့်အရေးတွေကို လက်လွှတ်မခံဘဲ အောင်မြင်မှုအ ထိ ချီတက်သွားလိုက်ပါ။ အချစ်ရေးမှာ ငယ်ရွယ်သူနဲ့ ဆုံစည်းရမယ်။

ယတြာ။         ။ မွေးရက်မှာ အဖြူရောင်ဝတ်ဆင်ပါ။

၆။ ကန်ရာသီဖွား (Virgo)   
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

လူမှုရေးကိစ္စတွေများနေလို့ စီးပွားရေး၊ အချစ်ရေး၊ မိသားစုအရေးတွေမှာ နှောင့်နှေးနေရမယ့် ကာလပါ။ ငွေကုန်ကြေးကျလည်း များနေတာကြောင့် အတန်ငယ်စိတ်မောနေရမယ်။ စုဆောင်းထား တာလေးတွေကို စီးပွားရေးတစ်ခုခုမှာ ရင်းနှီးမြှုပ်နှံထားရင် အကျိုးအမြတ်ကောင်းတွေ ရရှိမယ်။ အချစ် ရေးမှာ အနေဝေးလို့ သွေးအေးနေမယ်။

ယတြာ။         ။ မွေးရက်မှာ ငွေတစ်ထောင်ပံ့သကူပစ်ပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

        စုပေါင်းစပ်ပေါင်းလုပ်ငန်းတွေနဲ့ အကျိုးပေးနေတဲ့ ကာလဖြစ်ပါတယ်။ ခရီးတိုလေးတွေ ဆက် တိုက်ထွက်နေရမယ်။ မနာလိုသူတချို့ရဲ့ အတိုက်အခိုက်တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရမယ်။ ရန်ကိုရန်ချင်းမတုံ့နှင်းဘဲ မေတ္တာနဲ့ပဲနေပါ။ ကောင်းကျိုးတွေ ပြန်ရရှိမှာပါ။ အချစ်ရေးမှာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြစ်နေမယ်။

ယတြာ။         ။ မွေးရက်မှာ သစ်ပင်စိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

ခရီးတို၊ ခရီးရှည်တွေနဲ့ အကျိုးပေးနေတဲ့ ကာလဖြစ်ပါတယ်။ ရေလမ်းခရီး ခဏရှောင်ပါ။ စီး ပွားရေးအနေနဲ့ စုပေါင်းစပ်ပေါင်းလုပ်ငန်းတွေ အကျိုးမပေးသေးပါ။ ငွေကြေးဆုံးရှုံးရတတ်တယ်။ ကိုယ်ပိုင်လုပ်ငန်းသစ်တွေ တိုးချဲ့ရမယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ လမ်းဘေးခွေးလေးတွေကို ထမင်းကျွေးပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

ကွဲကွာနေတဲ့ ရပ်ဆွေရပ်မျိုးတွေနဲ့ပြန်ဆုံမယ်။ နေအိမ်ကို ညအိပ်ညနေ ဧည့်သည်တွေ အလည်လာမယ်။ အလည်လာရင် ထီထိုးပါ။ ငွေဝင်ကိန်းကြီးကြီးမားမားရှိတယ်။ နေအိမ်သစ်ပြု ပြင်ရမယ်။ အချစ်ရေးမှာ အထင်လွဲစရာလေးတွေကြောင့် ရင်မောနေရမယ်။

ယတြာ။         ။ မွေးနံထောင့်မှာ သပြေပန်းကပ်လှူပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂) မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

        ကျန်းမာရေးအတန်ငယ်အညံ့ရှိနေတဲ့ ကာလဖြစ်ပါတယ်။ ဝမ်းဗိုက်ဒုက္ခပေးတာကြောင့် ဆေးရုံ ဆေးခန်းရောက်ရတတ်တယ်။ အစားအသောက်ဆင်ခြင်ပါ။ ငွေဝင်ကိန်းရှိတယ်။ မမျှော်လင့်ဘဲ ဘိုး ဘွားမိဘတွေရဲ့ အမွေအနှစ်တွေရရှိမယ်။ ချစ်သူမရှိသေးသူများ ချစ်သူတွေ့မယ်။

ယတြာ။         ။ မွေးရက်မှာ ငှက်လွှတ်ပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

        အဖိုးတန်ပစ္စည်းတွေ အပျောက်အရှရှိတတ်တယ်။ ရွှေ၊ ငွေ၊ လက်ဝတ်လက်စားတွေကို စနစ် တကျသိမ်းပါ။ ငွေချေးတဲ့အခါ စိတ်ချယုံကြည်ရသူတွေကိုသာ ချေးပါ။ ငွေကြေးကိစ္စအတွက် အမှုအ ခင်းဖြစ်တတ်တယ်။ သတိပြုပါ။ အချစ်ရေးမှာ ကလေးဆန်သူနဲ့တွေ့မယ်။

ယတြာ။         ။ မွေးရက်မှာ ငါးလွှတ်ပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ရောက်လေရာမှာ စန်းပွင့်လွန်ပြီး ချစ်ကြိုက်သူတွေ ဝိုင်းဝိုင်းလည်နေတဲ့ကာလဖြစ်ပါတယ်။ စီး ပွားရေးမှာ တနင်္လာနံနဲ့စတဲ့လုပ်ငန်းတွေ အကျိုးပေးမယ်။ လူမျိုးခြားကူညီစောင့်ရှောက်မယ်။ နေအိမ် ကို စက်ပစ္စည်းအသစ်ဝင်မယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ ငါးစာကျွေးပါ။

တိုက်ဆိုင်မှုလေးတွေပါနေရင် Like & Share လေးလုပ်လိုက်ပါ။