၂ဝ၁၈၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဇူလိုင်လ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

အလုပ်တွေများနေတဲ့ ကာလဖြစ်ပါတယ်။ လုပ်ချင်တာတွေကော၊ လုပ်ဖြစ်တာလေးတွေကော များနေမယ်။ အလုပ်ရှုပ်သလောက် ငွေလည်းဝင်နေတာကြောင့် အမောပြေရမှာပါ။ မမျှော်လင့်ဘဲ ချစ် ခင်သူတွေနဲ့ အပျော်ခရီးထွက်ရမယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။
ယတြာ။         ။ မွေးနံထောင့်မှာ စံပယ်ပန်းကပ်လှူပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

ကူညီစောင့်ရှောက်မယ့် မိတ်ဆွေသစ်၊ မိတ်ဆွေကောင်းတွေနဲ့ ဆုံစည်းရမယ့် ကာလဖြစ်ပါ တယ်။ အနာဂတ်အတွက် စီမံကိန်းကောင်းတွေ ရေးဆွဲရမယ်။ အရင်းအနှီးကောင်းကောင်းနဲ့ လုပ်ငန်း သစ်တွေ ထူထောင်နိုင်မယ်။ အဆင်မပြေတာတွေနည်းတဲ့အတွက် ပျော်စရာဖြစ်နေပါတယ်။ အချစ် ရေးမှာ နေမြဲအတိုင်းပါပဲ။
ယတြာ။         ။ မွေးနံထောင့်မှာ နှင်းဆီပန်းကပ်လှူပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

အချိန်အကြာကြီး ရုန်းကန်လာရတဲ့ကိစ္စတွေရှိရင် အဆင်ပြေသွားမယ့်ကာလဖြစ်ပါတယ်။ ကြန့် ကြာနေတဲ့အကြွေးဟောင်းတွေရှိရင်လည်း ပြန်ရမယ်။ မိသားစုဝင်တစ်ဦးရဲ့ ကျန်းမာရေးအတွက် ပူပန် ရမယ်။ နေအိမ်ကို စက်ပစ္စည်းကြီးကြီးမားမားဝင်မယ်။ အချစ်ရေးမှာ ဝေးနေလို့ လွမ်းနေရမယ်။

ယတြာ။         ။ မွေးနံထောင့်မှာ သပြေညွှန့်ကပ်လှူပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ဒီတစ်ပတ်အတွင်း စကားအပြောအဆိုဆင်ခြင်ပါ။ ဘာမဟုတ်တဲ့ ပျော်စေပျက်စေ ဟာသ စကားလေးတွေနဲ့တင် အမုန်းပွားရတတ်ပါတယ်။ ငွေဝင်ကိန်းကြီးကြီးမားမားရှိတယ်။ မိဘဘိုးဘွား အမွေအနှစ်ရကိန်း၊ ထီပေါက်ကိန်းရှိတယ်။ ထီထိုးပါ။ အချစ်ရေးမှာ နားလည်မှုရှိသူနဲ့တွေ့မယ်။
ယတြာ။         ။ မွေးနံထောင့်မှာ ဂန္ဓမာပန်းကပ်လှူပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ပျော်စရာ၊ စိတ်ညစ်စရာတွေ ဒွန်တွဲနေတဲ့ကာလဖြစ်ပါတယ်။ အခက်အခဲတွေအတွက် စိတ် ဓာတ်ကျမနေဘဲ စိတ်ရှည်သည်းခံ၊ လမ်းကြောင်းမှန်ဆိုတဲ့ ထုံးကို နှလုံးမူဖို့ လိုပါတယ်။ သိပ်မကြာခင် အခက်အခဲတွေ ပြေလည်သွားမှာပါ။ အချစ်ရေးမှာ အသက်ကြီးသူနဲ့ဆုံစည်းရတတ်တယ်။
ယတြာ။         ။ မွေးနံထောင့်မှာ ရွှေပန်းငွေပန်းကပ်လှူပါ။

၆။ ကန်ရာသီဖွား (Virgo)  
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

အကြီးကြီးမျှော်လင့်ထားတာတွေက သေးသေးလေးပဲဖြစ်လာတာကြောင့် စိတ်ပျက်အား လျော့နေရတတ်တယ်။ ဒါပေမဲ့ မျှော်လင့်မထားတဲ့အလုပ်တွေကနေ အမြတ်ငွေများစွာ ရရှိမယ်။ ပညာရေးဘက်လေ့လာလိုက်စားသူများ နိုင်ငံရပ်ခြားအထိ သွားရမယ်။ အချစ်ရေးမှာ နေမြဲအတိုင်း ပါပဲ။
ယတြာ။         ။ မွေးနံထောင့်မှာ ခရေပန်းကပ်လှူပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ
          မိသားစုနဲ့ပတ်သက်ပြီး စိတ်ကသိကအောက်ဖြစ်ရတာလေးတွေ ရှိနေမယ်။ အတန်ငယ်စိတ် လေနေတာကြောင့် အလုပ်လုပ်ရတာလည်း မပျော်မရွှင်ဖြစ်နေတတ်တယ်။ ငွေကြေးကံ ကောင်းနေပါ တယ်။ ပဲကဝင်၊ နှမ်းကဝင်ဆိုသလို ငွေတွေတဖွဲဖွဲဝင်နေမယ်။ ခရီးထွက်ရမယ်။ အချစ်ရေးမှာ ရပ်ဝေး ကလူနဲ့တွေ့တတ်တယ်။
ယတြာ။         ။ မွေးနံထောင့်မှာ သစ္စာပန်းကပ်လှူပါ။
၈။ ဗြိစ္ဆာရာသီဖွား(Scorpio)        
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ 

ရည်ရွယ်ထားတဲ့အလုပ်လေးတွေကို ထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်မယ့် ပျော် စရာကာလဖြစ်ပါတယ်။ လုပ်ငန်းအရှိန်ယူနေတုံးမှာ ငွေကြေးကိစ္စအမှားအယွင်းဖြစ်တတ်တာကြောင့် ဂရုစိုက်ပါ။ အသေးအဖွဲကအစ လက်မလွန်မိပါစေနဲ့။ အချစ်ရေး အထူးသာယာနေပါတယ်။
ယတြာ။         ။ မွေးနံထောင့်မှာ ဇီဇဝါပန်းကပ်လှူပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

ဆွေမျိုးထဲမှာ မင်္ဂလာသတင်းကြားရမယ်။ ခရီးတိုလေးတွေ မကြာခဏထွက်ဖြစ်နေမယ်။ စီးပွားရေးလုပ်ငန်းသစ်တွေ ထပ်ချဲ့နိုင်ဖို့ ကူညီမယ့်သူတွေတွေ့မယ်။ ကျန်းမာရေးအတန်ငယ် ချူချာ နေပါတယ်။ အစားအသောက်နဲ့ပတ်သက်ပြီး ဆင်ခြင်ပါ။ အချစ်ရေး သင့်ပါတယ်။
ယတြာ။         ။ မွေးနံထောင့်မှာ ပန်းထိမ်ငိုပန်းကပ်လှူပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

         အိမ်နေရာအရွှေ့အပြောင်း၊ လုပ်ငန်းနေရာအရွှေ့အပြောင်း၊ ရာထူးအရွှေ့အပြောင်းတွေနဲ့ ကြုံ ရတတ်တဲ့ကာလဖြစ်ပါတယ်။ ဘဝအချိုးအကွေ့တွေများနေတာကြောင့် အလုပ်တွေလည်း ရှုပ်နေ မယ်။ ခံစားချက်တွေလည်း အမျိုးမျိုးဖြစ်နေပါမယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ချစ်သူတွေ့ မယ်။
ယတြာ။         ။ မွေးနံထောင့်မှာ ရွက်လှပန်းကပ်လှူပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

အရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းတစ်ယောက်အတွက် စိတ်ပူပေးရတာတွေ ကြုံရမယ်။ ငွေ ကုန်ကြေးကျများနေမယ်။ လုပ်ငန်းနဲ့ပတ်သက်ပြီး ရွေးချယ်စရာနှစ်ခု တစ်ပြိုင်နက်တည်းပေါ်နေတာ ကြောင့် ရွေးချယ်ရခက်နေတတ်တယ်။ အချစ်ရေးမှာ အသက်ငယ်သူနဲ့တွေ့တတ်တယ်။
ယတြာ။         ။ မွေးနံထောင့်မှာ စိန်လည်တုံပန်းကပ်လှူပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ချစ်သူနဲ့ မိသားစုကြားမှာ ဗျာများနေရမယ့်ကာလဖြစ်ပါတယ်။ အဝေးရောက် မိတ်ဆွေသူငယ် ချင်းတွေကောင်းမှုနဲ့ စီးပွားရေးနယ်ပယ်သစ်တွေ ချဲ့ထွင်နိုင်မယ်။ ရှယ်ယာလုပ်တဲ့ လုပ်ငန်းတွေမှာ အ ကျိုးမပေးသေးပါ။ တနင်္လာနံနဲ့စတဲ့လုပ်ငန်းတွေ အထူးအကျိုးပေးမယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ကံ့ကော်ပန်းလှူပါ။

တိုက်ဆိုင်မှုလေးတွေပါရင် SHARE လိုက်ပါဦးနော်။